စိုးမြိုင်၊ ဦး၊ စာရေးဆရာ

ဝီကီပီးဒီးယား မှ
ဦးစိုးမြိုင်
မွေးဖွား(၁၉၃၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၀"။-၁၄)ဇူလိုင် ၁၄၊ ၁၉၃၁
ပျဉ်းမနားမြို့
ကွယ်လွန်ဧပြီ ၁၅၊ ၂၀၀၆(၂၀၀၆-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၀"။-၁၅) (အသက် ၇၄)
နိုင်ငံလူမျိုး မြန်မာ
အခြား အမည်များတက္ကသိုလ် မီမီမြိုင်၊ တက္ကသိုလ် နေဦး
အလုပ်အကိုင်စာရေးဆရာ
မိဘ(များ)ဦးလှဘူး၊ ဒေါ်အေးရင်

စာရေးဆရာ ဦးစိုးမြိုင်ကို ၁၉၃၁ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် မန္တလေးတိုင်း ပျဉ်းမနားမြို့၌ အဖ ဝတ်လုံတော်ရ ဦးလှဘူး၊ အမိ ဒေါ်အေးရင်တို့က မွေးဖွားသည်။ အမည်ရင်းမှာ ဦးစိုးမြိုင် ပင်ဖြစ်သည်။

၁၉၅၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာပြ ဆရာ အဖြစ် သုံးနှစ်ခန့် လုပ်ကိုင်ခဲ့သည်။ ၁၉၅၅ ခုနှစ် Western Education Institue အမည်ဖြင့် ကိုယ်ပိုင်ကျောင်း တည်ထောင်သည်။ ရှေ့ဆောင် သတင်းစာတွင် ဘာသာပြန် အယ်ဒီတာ အဖြစ် ခေတ္တဆောင်ရွက်ခဲ့သည်။

ဆရာစိုးမြိုင်သည် ကလောင်ခွဲများစွာဖြင့် စာပေ ရေးသားခြင်း၊ အင်္ဂလိပ်စာ နည်းပြ ထူထောင်၍ စာပေသင်ကြားခြင်းတို့ကို လုပ်ကိုင်ခဲ့သည်။ ၁၉၅၁ ခုနှစ်က ရှုမဝ မဂ္ဂဇင်းတွင် တက္ကသိုလ် "နေဦး" ကလောင်အမည်ဖြင့် ကဗျာ အချို့ စတင် ရေးသား၍ စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ "စိုးမြိုင်" ကလောင်အမည်နှင့် ပထမဆုံး လုံးချင်း ဘာသာပြန် ဝတ္ထုမှာ "ညဉ့်လယ်ယံ" (၁၉၆၅) ဖြစ်သည်။ "တက္ကသိုလ် မီမီမြိုင်" ကလောင်ခွဲဖြင့်လည်း လုံးချင်းစာအုပ်များ ရေးခဲ့သည်။

ထင်ရှားသည့် စာအုပ် အချို့မှာ ညဉ့်လယ်ယံ (၁၉၆၅)၊ အရှည်ဆုံးနေ့၊ ကွေ့မြစ်တံတား၊ ဗီယက်နမ် လွတ်မြောက်ရေးစစ်၊ မိုင်းလေ၊ ဗိုလ်ချုပ်ကြီး ဗိုလ်ငုယင်ဇပ်၊ ဟီရိုရှီးမား၊ အင်ဒီရာဂန္ဒီ၊ ရာဂျစ်ဂန္ဒီ သို့မဟုတ် အဖေတူ အမေ့သား၊ အာရာဖတ်နှင့် ပါလက်စတိုင်း လွတ်မြောက်ရေး လှုပ်ရှားမှု၊ ဖူမန်ချူး ဝတ္ထုများနှင့် ရှာလော့ဟုမ်း လုံးချင်း ဝတ္ထုရှည် ပေါင်းချုပ် (၁၉၈၀) တို့ ဖြစ်ကြသည်။

ဆရာစိုးမြိုင်သည် အင်္ဂလိပ် စကားပြောနည်း (၉၀၀)၊ လက်တွေ့ အင်္ဂလိပ်သဒ္ဒါ၊ အနှစ်ချုပ် အင်္ဂလိပ်သဒ္ဒါ၊ ဝိဘတ်နှင့်တွဲသော အင်္ဂလိပ်စာ အသုံးအနှုန်းများ၊ အမြုတေ အင်္ဂလိပ် အီဒီယမ်များ၊ အမေရိကန် အီဒီယမ် မိတ်ဆက်၊ မိသားစု အယ်လ်ဘမ် စသည့် အင်္ဂလိပ်စာ ပညာပေး စာအုပ်များကိုလည်း ပြုစု ထုတ်ဝေခဲ့သည်။

ဆရာစိုးမြိုင်သည် ၁၅၊ ၄၊ ၂၀၀၆ တွင် ကွယ်လွန်ခဲ့ပြီး ဇနီး ဒေါ်ဋ္ဌေးမြင့်ထွန်း တစ်ဦးသာ ကျန်ရစ်ခဲ့သည်။

ပြုစုခဲ့ပြီးသော စာအုပ်များ[ပြင်ဆင်ရန်]

  1. ညဉ့်လယ်ယံ ၁၉၆၅
  2. မော်ကွန်း ၁၉၆၅
  3. မိုးနှမ သံသရာ ၁၉၆၅
  4. ဗီယက်နမ် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲ ၁၉၆၅
  5. ပြည်သူတို့နှင့်အတူ ၁၉၆၅
  6. လုပ်သားသူရဲကောင်း ၁၉၆၆
  7. အရှည်ဆုံးနေ့ ၁၉၆၆
  8. ကွေ့မြစ်တံတား ၁၉၆၆
  9. လူရွှန်း၏ လက်ရွေးစင်စာပေ ၁၉၆၇
  10. တသက်မှာ နှစ်ဘဝ ၁၉၆၇
  11. ဖူမန်ချူးနှင့် မရဏထိပ်ထား ၁၉၆၈
  12. မိုးကြိုး ထောက်လှမ်းစစ်ဆင်ရေး ၁၉၆၈
  13. သမီး ဖူးမန်ချူးနှင့် အီဂျစ် ပြည်စွန့်စားခန်း ၁၉၆၈
  14. ဤမြေသားနှင့် လကမ္ဘာ ၁၉၆၉
  15. စစ်အေးတိုက်ပွဲ ထောက်လှမ်းရေး ၁၉၆၉
  16. မိုက်ကြစတမ်းဆိုလျှင် ၁၉၇၀
  17. လေးပွင့်စာနှင့် သိုက်မာယာ ၁၉၇၀
  18. သွေးစက်ခြေရာဝင်္ကဘာ ၁၉၇၀
  19. ဂျင်းဒစ်ဆင်၏ ကမ္ဘာကျော် ဟောကိန်းများ ၁၉၇၀
  20. အင်ဒီယာဂန္ဒီ အတ္ထုပ္ပတ္တိ ၁၉၇၁
  21. ဂျိမ်းစ်ဘွန်းနှင့် ဂိုးဖင်းဂါး ၁၉၇၁
  22. ဒေါက်တာနိုး ၁၉၇၁
  23. မြဝတီဇော်မိုးလွင် ၁၉၇၂
  24. သုဉ်းဘဝ ၁၉၇၅
  25. ဟီရိုရှီးမား ၁၉၇၅
  26. အာရာဖတ်နှင့် ပါလက်စတိုင်း လွတ်မြောက်ရေး လှုပ်ရှားမှု ၁၉၇၆
  27. မောင်သော်ဆင်း ၁၉၇၆
  28. ဗီယက်နမ် လွတ်မြောက်ရေးစစ် ၁၉၇၆
  29. သို့သော် ဦးမညွတ် ၁၉၇၇
  30. ဗိုလ်ချုပ်ကြီး ဗိုငုယင်ဇပ် (သို့) သူ၏ မမေ့နိုင်သော တော်လှန်ရေး နေ့ရက်များ ၁၉၇၇
  31. မိုင်းလေ၊ တောင်ဗီယက်နမ်မှ ရွာလုံးကျွတ် အသတ်ခံရသည့် ဇာတ်လမ်းနှင့် ကယ်လီ စစ်ရုံးမှတ်တမ်း ၁၉၇၇
  32. ရှားလော့ဟုမ်း ၁၉၈၀
  33. အနှစ်ချုပ် အင်္ဂလိပ် သဒ္ဒါ ၁၉၈၁
  34. မိုးမြေသိမ့်သိမ့်တုန်စေသူ ၁၉၈၁
  35. ဖူမန်ချူးနှင့် နတ်ဘုရင်မကျွန်း ၁၉၈၄
  36. ဖူမန်ချူးနှင့် မရဏဗုံသံ ၁၉၈၄
  37. ဝိဘတ်နှင့် တွဲသော အင်္ဂလိပ်စာ အသုံးအနှုန်းများ ၁၉၈၅
  38. အမြုတေ အင်္ဂလိပ် အီဒီယမ်များ ၁၉၈၅
  39. ရာဂျစ်ဂန္ဒီ သို့မဟုတ် အမေတူ အမေ့သား ၁၉၈၆
  40. လက်တွေ့ အင်္ဂလိပ်သဒ္ဒါ ၁၉၉၁
  41. အမေရိကန် အီဒီယမ် မိတ်ဆက် ၁၉၉၃
  42. မိသားစု အယ်လ်ဘမ် (USA) ၁၉၉၃
  43. မိသားစု အယ်လ်ဘမ် ၁၉၉၄
  44. အင်္ဂလိပ် စကားပြောနည်း ၁၉၉၅
  45. မရဏတောင်ကြား ၂၀၀၂
  46. မရှိမဖြစ် အင်္ဂလိပ် အက္ခရာများ ၂၀၀၅

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)'