စိုးနိုင်၊ (မန္တလေး တက္ကသိုလ်)

ဝီကီပီးဒီးယား မှ
  1. ၁၉၅၅၊ မေလ - အဖ ဦးလှမောင်၊ အမိ ဒေါ်ခင်တင့် တို့က စစ်ကိုင်းမှာ မွေးပြီး မန္တလေးမြို့တွင် ကြီးပြင်းခဲ့သည်။ အမည်ရင်း စိုးနိုင် ဖြစ်သည်။ မန္တလေး တက္ကသိုလ် ရူပဗေဒ အသင်း အတွင်းရေးမှူးနှင့် အနုပညာ အသင်း ဗဟို ကော်မတီဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။
  2. ၁၉၈၃၊ ဩဂုတ်လ - “ယောရှိုင်းယား နယ်သား ပန်းချစ်သူ” ခေါင်းစဉ်ဖြင့် စာပေ လုပ်သား မဂ္ဂဇင်းတွင် ဆောင်းပါး စတင် ရေးသားသည်။
  3. ၁၉၈၇၊ ဧပြီလ - “ငွေရောင် တောင်တန်းများ ဆီသို့ တနေ့တလံ” ခရီးသွား ဆောင်းပါးကို ‘သောင်းပြောင်းထွေလာ’ မဂ္ဂဇင်းတွင် အခန်းဆက် ရေးသားခဲ့သည်။
  4. ၁၉၈၉၊ ၁၉၉၂ - “ဆရာကြီး ရွှေဥဒေါင်း၏ လောကုတ္တရာ စာပေ အချို့ အပေါ် လေ့လာချက်”၊ “သာဓု. . . .သုခ” စာတမ်းများ ဖတ်ကြားခဲ့သည်။


လက်ရှိ ဂျာနယ်၊ မဂ္ဂဇင်း အချို့တွင် ဂီတ၊ အတွေးအခေါ်၊ သမိုင်း၊ ယဉ်ကျေးမှု အနုပညာနှင့် ဘာသာရေး စာပေများ ရေးသား ဆဲဖြစ်သည်။


အဆင့်မြင့်ပညာဦးစီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့တွင် ဝန်ထမ်း အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် ပြန်တမ်းဝင် အရာရှိ အဖြစ်က နုတ်ထွက်ခဲ့သည်။ [၁]

စာညွှန်း[ပြင်ဆင်ရန်]

  1. ၁၃၅၂ ခုနှစ်၊ နတ်တော် လဆန်း ၁၃ ရက်၊ ၁၉၉ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၉ ရက်၊ ကြာသပတေး နေ့တွင် အမရပူရမြို့ တောင်လေးလုံး ကျောင်းတိုက်၌ ကျင်းပ ပြုလုပ်သော စာရေး ဆရာနှင့် သတင်းစာ ဆရာမကြီး လူထုဒေါ်အမာ၏ အသက် (၇၅) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ကို ဂါရဝ ပြု၍ တင်သွင်းသော စာတန်း