စိုးညွန့်ဝေ (လွိုင်ကော်)

ဝီကီပီးဒီးယား မှ

စိုးညွန့်ဝေ (လွိုင်ကော်) (၁၉ ဧပြီ ၁၉၈၈ မွေးဖွား) သည် မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။

အစောပိုင်းဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

စာရေးဆရာ စိုးညွန့်ဝေ (လွိုင်ကော်) ကို အဖ ဦးစိုးမြင့်အောင် နှင့် အမိ ဒေါ်ဝင်းဝင်းရီတို့မှ ၁၉၈၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် လွိုင်ကော်မြို့၌ ဖွားမြင်သည်။ အမည်ရင်းမှာ ဦးစိုးရာဇာဝင်းဖြစ်သည်။

အထက(၄)လွိုင်ကော်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၀၉ ခုနှစ်တွင် လွိုင်ကော်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(မြန်မာစာ)ရရှိခဲ့သည်။

စာပေရေးသားခြင်း[ပြင်ဆင်ရန်]

၂၀၀၂ ခုနှစ် (၈)တန်းကျောင်းသားဘဝမှစတင်ကာ ဆရာမင်းယုဝေ အယ်ဒီတာချုပ်လုပ်သော မြတ်မင်္ဂလာစာစောင်၊ မင်္ဂလာမောင်မယ်စာစောင်၌ ဆောင်းပါးများ၊ ကဗျာများ စတင်ရေးသားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ဗျည်းနွဲ့ကြားရင်ငိုသွားမယ်နှင့်သရော်ဆောင်းပါးများ စာအုပ်ကို ဆရာလေးကိုတင်၏ အမှာစာဖြင့် Pica Media Publishing House မှ ထုတ်ဝေဖြန့်ချိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ချောကလက် စာသင်ခန်းအတွေးရသစာအုပ်ကို ဆရာဦးဘုန်း(ဓာတု)၏ အမှာစာဖြင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် လက်ဝဲသုန္ဒရ၊ ဒဂုန်တာရာနှင့် စိမ်းလန်းသောမဲဇာများ စာအုပ်ကို ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)၏ အမှာစာဖြင့်လည်းကောင်း လင်းလွန်းခင်စာပေတိုက်က ထုတ်ဝေဖြန့်ချိခဲ့သည်။

ရုပ်ရှင်အောင်လံ၊ မဟေသီ၊ ကလျာ၊ ရွှေအမြုတေ၊ ရုပ်ရှင်တေးကဗျာ၊ ခေတ်ရနံ့၊ စုံနံ့သာ၊ ပန်းအလင်္ကာ၊ ကျေးရွှေတမာ၊ မြဝတီ၊ ငွေတာရီ၊ အပျိုစင်၊ 7 Day News၊ အလင်းတန်း စသည့်မဂ္ဂဇင်း၊ ဂျာနယ်များတွင် တစ်မျက်နှာဝတ္ထု၊ ဝတ္ထုတို၊ အက်ဆေး၊ ဆောင်းပါးများရေးသားခဲ့သည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်ထိ ကယားပြည်နယ်နှစ်လည်မဂ္ဂဇင်း အယ်ဒီတာချုပ်၊ ကယားပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ဝေသော ကယားတိုင်းမ်ဂျာနယ် အယ်ဒီတာချုပ် အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သည်။

စိတ်ကူးချိုချို စာပေတိုက်ထုတ် မြန်မာအက်ဆေး (၁၀၁)စာအုပ်(၂၀၁၅ ခုနှစ်)၊ စိတ်ကူးချိုချိုမြန်မာဝတ္ထုတိုများစာအုပ်(၂၀၁၇)ခုနှစ်၊ ဥတ္တရလမင်းခံစားသူအကြိုက်ဝတ္ထုတိုများစာအုပ်(၂၀၁၉ခုနှစ်)၊ လင်းလွန်းခင်စိတ်ကြိုက်မဂ္ဂဇင်းဝတ္ထုတိုများ(၂၀၁၇၊ ၂၀၁၈ ခုနှစ်)တို့တွင် အက်ဆေးနှင့် ဝတ္ထုတိုများရွေးချယ်ဖော်ပြခြင်းခံရသည်။

ရရှိခဲ့သော ဆုတံဆိပ်များ[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ် မြဝတီမဂ္ဂဇင်း နှစ်ပတ်လည်အကောင်းဆုံးဆောင်းပါးဆုကို ဆိုင်းသမားရွာစားစိန်တင်ဟန် ဆောင်းပါးဖြင့် ရရှိခဲ့သည်။ တေးသီချင်းများလည်းရေးသားခဲ့ရာ "ပြည်ထောင်စုယျာဉ်နန်း" သီချင်းကို ၂၀၁၇ ခုနှစ် ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ပြဋ္ဌာန်းတေးသီချင်းအဖြစ် ရွေးချယ်ခံရသည်။

ကိုးကား[ပြင်ဆင်ရန်]