စိန်နားကပ်ရောင်ကြောင့် ပါးပြောင်

ဝီကီပီးဒီးယား မှ

စိန်နားကပ်ရောင်ကြောင့် ပါးပြောင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

စိန်နားကပ်အရောင်ဟပ်မှုကြောင့် ပါးပြောင်ခြင်းဖြစ်သကဲ့သို့ သူတစ်ပါး၏ ဂုဏ်အချိန်အဝါကြောင့် လူလူသူသူ ဖြစ်နေသည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "စိန်နားကပ်အရောင်နဲ့ ပါးပြောင်ရဆိုသလိုပဲကွာ၊ ကိုယ်ပိုင်အရောင်အဝါ အခုနှယ်အခါ တစ်ပြားသားမျှ မရှိဖြစ်နေတော့..." [၁၂၁၄-ခန့်] ကိုယ်မှိုင်း။ ၁၅၉။
  • "ကိုယ်၌ ဝတ်ဆင်သော အဝတ်အထည်များမှလွဲ၍ ကိုယ်ပိုင်ပစ္စည်းမရှိ၊ စိန်နားကပ်ရောင်နှင့် ပါးပြောင် နေကြခြင်းသာ ဖြစ်လေသည်။" [၁၃၃၂] ထနောင်းရိပ်။ ၂၃၂။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၆၄။