စိန်ခြူးကြာညောင်

ဝီကီပီးဒီးယား မှ

"စိန်ခြူးကြာညောင်"ကို အစချီကာ လှိုင်ထိပ်ခေါင်တင် သည် သူ့၏မောင်တော် ကနောင်မင်းသားအား စောင့်မျှော်ရင်းရေးသားဖွဲ့နွဲ့ခဲ့သော သီချင်းအမျိုးအစားဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် "ဘောလယ်"ဟူသောတေးအမျိုးအစားဖြစ်ပါသည်။


စိန်ခြူးကြာညောင်၊ လရောင်လင်းပါလို့၊ မှန်ရွှေဖြူ ပြတင်းရယ်က၊ မယ်ခုမျှော်၊ သုံးချက်စည်တော်၊ ရိုက်ဆော်ညှင်း တယ်လေး၊ လင်းလုပေါ့နော်။ ။ သဇင်သင်းပါတဲ့ --- ခင်းပြန့်ပေါ်၊ လာနိုးငယ် မယ်မျှော်လို့၊ တစ်ကိုယ်တော်ထူး၊ ထွေရာစိတ်ကူးပါလို့၊ ဖူးရွှေလက်တင်၊ ဖြစ်ရှေးကုန်စဉ်၊ ဘဝင်တုန်ဆွေးတယ်လေး၊ တွေးကြံ လိုက်ရင်။ ။ သစ္စာတော် စူးပါစေ့၊ ဆိုဦးကပင်၊ ခင်လေးကို မောင်ကြင်ငဲ့၊ ရာသက် တွင် ဘဲ၊ ရှောင်သွေမလွဲ ပါဘု-ယုံတော့မေ၊ ပြဒုမတွေ --- သီဟာဆင့်တယ်လေး၊ စိုးညာမြင့်နေ။ ။ နတ်ဒေဝီ ဖြားသော်လဲ --- တစ်ပါးကိုမသွေ၊ ရှစ်ဗြဟ္မာချွေပါလို့၊ အောင်ဇေယျညွှန်း၊ မတ်ရံရွေဝန်းငယ်နှင့် ရေသွန်းတော်ခံ၊ မဟေသီမှန်၊ ဒေဝီတပ်တယ်လေး၊ ဦးဆယ်ထပ်ရံ။ ။

သည်မယ် ထင်စားပါလို့၊ ကြင်အားငယ်သန်၊ ခုများမှာ၊ သူတဉာဏ်နဲ့ မူဟန်တော်ခြား၊ ပြုတော်မူအားသူမို့၊ မျက်ထားတော်မှုန်၊ မသိပြင်ပြင် --- အရင်သူ စိမ်းတယ် လေး၊ ပိန်းပိတ်လို့ခြုံ။