စိတ်ခွဲခြားစိစစ်ရေးပညာ

ဝီကီပီးဒီးယား မှ

လူ့သဘာဝနှင့် လူ့ဘဝအတွေ့အကြုံမှ ပေါ်ပေါက်လာသော ကိုယ်တွင်းအင်္ဂါ များဖောက်ပြန်မှု စိတ်အနှောင့်အရှက်ဖြစ်မှု၊ အာရုံကြောများ ချောက်ချားမှုတို့၏ အကြောင်းအရင်းများကို ခွဲစိတ်ရှာဖွေစိစစ်၍ကုစားပေးသော ဆေးပညာနည်းကို စိတ်ခွဲ ခြားစိစစ်ရေးပညာဟုခေါ်လေသည်။ ယင်းကိုအင်္ဂလိပ်ဘာသာဖြင့် 'ဆိုင်ကိုအနာလစ်ဆစ်'ပညာဟု လည်းခေါ်သည်။ ထို့အမည်မှာ ဗီယင်းနား မြို့သား ဆရာဝန် ဇိဂမွန့် ဖရွိုက်သည် စိတ်ချောက် ချားရောဂါနှင့် အခြားစိတ်ရောဂါများကို ကုသရာတွင် ရရှိခဲ့ သော အတွေ့အကြုံ ဗဟုသုတများကိုမှီး၍ မှည့်ခေါ်ထားသော အမည်ဖြစ်လေသည်။


ဖရွိုက်သည် ဗရွိုင်ယာဆိုသူ ဆရာဝန်တစ်ဦးနှင့်အတူ စိတ် ရောဂါစွဲကပ်သူ လူနာ များကို စိတ်ညိ|ု့ကုသခဲ့ရာမှစ၍ လူတို့ ၏ 'အသိစိတ်'တွင် မမှတ်မိတော့သော အချို့အတွေ့အကြုံ အဖြစ်အပျက်များသည် 'မသိစိတ်'တွင် ဆက်လက်ကိန်းအောင်း နေသေးသည်ဟူသော အချက်ကို တစ်စတစ်စ ရိပ်စားမိ လာခဲ့ လေသည်။


ပထမတွင် ဤတိမ်မြုပ်ဖုံးကွယ် နေသော အချက်များကို အသိစိတ် မှတ်ဉာာဏ်ရှိရာသို့ ပြန်လည် ဝင်ရောက်လာအောင် စိတ်ည|ို့ခြင်း အကူအညီဖြင့် ဖန်တီးရလေသည်။ ယင်းသို့ နဂိုခံစားရသော အာရုံဟောင်းများကို နှိုးဆွ လိုက်ခြင်းကြောင့် အချိန်ကြာမြင့်စွာ အသိစိတ်တွင် မမှတ်မိ တော့သော ခံစားမှုများသည် ပြန်လည်ပေါ်ပေါက်ခံစားလာရ သဖြင့် ကိုယ်စိတ်နှစ်ဖြာကို အပန်းဖြေစေနိုင် လေသည်။ ဤ နည်းဖြင့် ဆရာဝန်ကြီးဖရွိုက်သည် ဝေဒနာရှင်များကို ဆက် လက်ကုသလာခဲ့ရာတွင် စိတ်ည|ို့ကုသနည်းသည် လုံးဝကျေနပ် ဖွယ်ကောင်းသော နည်းမဟုတ်သည်ကို ရိပ်စားမိလာပြန်လေ သည်။ အဘယ်ကြောင့်ဆိုသော် လူနာအများသည် စိတ်ညိ|ု့မရ သူများဖြစ်သည်ကို တွေ့ရသောကြောင့်ဖြစ်လေသည်။ ထို့ပြင် စိတ်ည|ို့လိုက် ပြီးနောက် အာရုံဟောင်းများ ပြန်လည်ပေါ်ပေါက် လာစဉ်တွင် ယင်းတို့ကို အသိစိတ်၌စွဲမြဲကျန်ရစ်အောင် ပြုလုပ်ရန် ခက်ခဲသည်ကို တွေ့ရလေသည်။ ဝေဒနာရှင်ကလည်း စုံးစမ်းခွဲစိတ်နေသော ပြဿနာနှင့်ဆိုင်သည့် အခက်အခဲ အချက် အလက်များကို မိမိဉာာဏ်ဖြင့် တတ်နိုင်သမျှ ကြိုးစားကာ 'အသိစိတ်'တွင် ပြန်လည်ပေါ်ပေါက်ခံစားမှတ်မိရလေအောင် ကူညီမှသာလျှင် ကုသရန် ပိုမို လွယ်ကူသည်ကို တွေ့ရသဖြင့် ဖရွိုက်သည် ဆရာဝန်နှင့် ဝေဒနာရှင်တို့ ရှေးကထက် ပိုမို ပူးပေါင်းဖြေရှင်းကုသရမည်ဟူသော စနစ်ကို လိုလားခဲ့ပြန်လေ သည်။ ယင်းသည့်စနစ်မှာ ပထမစနစ်ထက် နှေးကွေးသော် လည်း ပိုမိုအကျိုးသက်ရောက်စေ၍ လူမရွေးအသုံးပြုနိုင်လေ သည်။ များစွာသော အာရုံဟောင်းတို့ကို ပြန်လည်ဖော်ထုတ် ရန်မှာ စိတ်ရှည်လက်ရှည်နှင့် ဝေဒနာရှင်၏ အတွင်းသဘောကို နားလည်အောင် ကြိုးစားရန်လိုသည့်အပြင် ကြာမြင့်စွာက တိမ် မြုပ်သယောင်ယောင်ဖြစ်နေခဲ့သော အာရုံဟောင်းများသည် အလွန်ပြင်းထန်သဖြင့် ယင်းတို့ကိုဖော်ထုတ်ရာ၌ နိုင်နိုင်နင်းနင်း ရှိသင့်ရကား၊ ဆရာဝန်သည် လူနာကို အချိန်အမျိုးမျိုးပြောင်း၍၊ ပုစ္ဆာအမျိုးမျိုးမေးကာ မကြာခဏ တွေ့ဆုံရန် လိုလေသည်။

မသိစိတ်[ပြင်ဆင်ရန်]

စိတ်ကိုခွဲခြားစိစစ်ရာတွင် အရေးကြီးဆုံးမှာ လူတို့၌ဘဝ အတွေ့အကြုံ အဖြစ်အပျက်များနှင့်ဆိုင်သည့်များစွာသော အာရုံ များတည်ရှိကိန်းအောင်းရာ 'မသိစိတ်'ရှိသည်ဟူသော အချက်ကို လက်ခံယုံကြည်ရန် ဖြစ်ပေသည်။ 'မသိစိတ်'တွင် ကိန်းအောင်း နေသော အာရုံများသည် အတိတ်ကာလ အတွေ့အကြုံအဖြစ် အပျက်များမှ ပေါ်ပေါက်သိုမှီးထားသော အာရုံများဖြစ်၍ လူ တစ်ယောက်၏ အသိ၊ အတွေးအခေါ်၊ မျက်မှောက်ကာလရှိ အလေ့အကျင့်၊ အလုပ်အကိုင်များကို နောက်ဆွယ်မှ အဆက် မပြတ် ပုံသွန်းနေသည့် တန်ခိုးကြီးသော အာရုံများဖြစ်လေ သည်။ 'မသိစိတ်'မှ အာရုံဟောင်းများကို 'အသိစိတ်'သို့ လိုသ လို ရွေးချယ်စေလွှတ်နိုင်ရန် ကောင်းမွန်စွာ လမ်းဖွင့်ထားဖို့လို ပေသည်။ တစ်ဖက်မှလည်း အာရုံဆိုးများ မဝင်လာအောင် ထိန်းသိမ်းထားရမည်။ ထို့ကြောင့်ပင် မသင့်လျော်သော အာရုံ ဆိုးများမဝင်လာနိုင်အောင် စိတ်ကို ချုပ်တည်း ထိန်းသိမ်း မှုလိုအပ်၏။


လူတို့၏ 'မသိစိတ်'တွင် ကိန်းအောင်းနေသော အတိတ် ကာလ အဖြစ်အပျက် အတွေ့အကြုံများမှ ပေါက်ဖွားလာသည့် အယူအဆများ၊ အာရုံများသည် အများအားဖြင့် အချိုးအစား မကျ၊ တစ်ခုနှင့်တစ်ခု အဆက်အသွယ်မရှိဘဲ တည်နေတတ်၏။ အနည်းကို အများထင်ခြင်း၊ အမှားကို အမှန်ထင်ခြင်းစသည်ဖြင့် ဖောက်လှဲဖောက်ပြန်ဖြစ်နေတတ်၏။ စိတ်ခွဲခြားစိစစ်ခြင်း ပညာ အလိုအရဆိုသော်၊ ဤကဲ့သို့ရာရုံတစ်ခုခု လွန်ကဲနေခြင်းသည် စိတ်နှင့်ဆိုင်သော ဝေဒနာစွဲကပ်နေခြင်းပင်ဖြစ်ပေသည်။ လူ တစ်ယောက်သည် ငယ်ရွယ် စဉ်က အာရုံတစ်ခုခုကို ခံစားခဲ့ရ ၏။ မိမိကိုယ်တိုင် ဂရုမမူမိသော်လည်း၊ 'မသိစိတ်'ကမူ ထို အာရုံကို အလွန်အမင်းစွဲလမ်းနေ၏။ ကြီးပြင်းလာသောအခါ တွင်လည်း ပေါင်းသင်းဆက်ဆံရေးအခြေ့အနေ၊ အမှားအမှန် ဝေဖန်သိမြင်တတ်သောဉာာဏ် စသည်တို့ကြောင့် မိမိအာရုံသည် လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်နှင့် ဆန့်ကျင်သည့် မသင့်လျော် သော အာရုံဖြစ်မှန်းသိလာ၏။ ထို့ကြောင့် ယင်းအာရုံကို ဆက် လက်၍ ချုပ်တည်း ထား၏။ အလွန်အမင်းချုပ်တည်းထားရ သဖြင့် စိတ်အနှောင့်အယှက်ဖြစ်၏။ ချုပ်တည်းထားရသော အာရုံများကို ပြန်လည်ဖော်ထုတ်ခွင့်၊ သက်သာခွင့်မပေးဘဲ၊ ဆက်လက်ချုပ်တည်းထားလျှင် တစ်နေ့တစ်ခြား ဆိုးရွားလာ၍ စိတ်ကိုဒုက္ခပေးလေသည်။ ထို့ကြောင့်ပင် စိတ်ခွဲခြားစိစစ်ရေး၌ တတ်ကျွမ်းသူဆရာသည် ဝေဒနာရှင်၏'မသိစိတ်'တွင် လျှို့ဝှက် ကိန်းအောင်းနေသော အာရုံဟောင်းများကို နားလည်အောင် အဓိပ္ပာယ် ခွဲခြား ရှာဖွေထုတ်ဖော်၍၊ ကလေး၊ လူကြီးအလိုက် ဆိုင်ရာဆိုင်ရာ ကြီးပြင်းခြင်း၊ တိုးတက်ခြင်း အခြေအနေ၊ ဘဝ နောက်ကြောင်းအဖြစ်အပျက်များနှင့် ဟပ်ကာလေ့လာရလေ သည်။ အာရုံဟောင်းများကို ရှာဖွေ ထုတ်ဖော်ခြင်း၊ မှန်ကန်စွာ အမျိုးအစားခွဲခြင်း၊ ပြန်လည်နေထားတကျဖြစ်အောင်စီစဉ်၍ ပေါင်းသင်း ဆက်ဆံရေး ပတ်ဝန်းကျင်၏ အမြင်မှန်နှင့် ပနာရ အောင် လူနာသည် စိတ်ခွဲခြားစိစစ်သူ ဆရာဝန်၏ လမ်းညွှန်မှု အကူအညီဖြင့် ကြိုးစားပြုလုပ်ရပေသည်။

အိပ်မက်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အိပ်မက်

ညအခါမက်သော အိပ်မက်များကို ကြားနာ၍ 'မသိစိတ်' ကို အများအားဖြင့် လေ့လာတတ်ကြလေသည်။ 'အသိစိတ်' မရှိသော ညအိပ်ပျော်နေသည့်အခါတွင် 'မသိစိတ်'သည် လွတ် လပ်စွာ လှုပ်ရှားပေါ်ပေါက် နေသည်ဟု စိတ်ခွဲခြားစိစစ်သူ ဆရာတို့က ယုံကြည်ကြလေသည်။ နိုးလာသောအခါ 'အသိ စိတ်'သည် ပြန်လည်နိုးကြားလာ၍ အိပ်မက်ကို အမှတ်ရသော် လည်း၊ ထင်ယောင် ထင်မှားဖြစ်နေတတ်သဖြင့် 'မသိစိတ်'၌ ပေါ်ပေါက်သောဆန္ဒကို အသေအချာ မမှတ်မိလိုက်ဘဲ ရှိနေ တတ်သည်။ ထိုကြောင့်ပင်လျှင် အိပ်မက်များကို ဆက်စပ်လေ့ လာရာ၌၊ လူနာနှင့် ဆရာဝန် လွတ်လပ်စွာ ဆွေးနွေးမှုသည် စိတ်ခွဲခြားစိစစ်ခြင်း အတတ်တွင် တစိတ်တစ်ဒေသမျှသာဖြစ်၍ မပြည့်စုံသေးပေ။ အကြောင်းမူကား အိပ်မက်များကို ဖြစ်ပေါ် လာစေသော ဝေဒနာရှင်၏ နောက်ခံစိတ် အခြေအနေကို အကဲ ခတ်မိရန်မှာ ကွင်းဆက်ပမာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသော စိတ်၏ ဆက်စပ်ပုံကို နားလည်ရန်လိုသောကြောင့်ဖြစ်ပေသည်။ စိတ်ခွဲခြား စိစစ်သူ၏ အဓိက ကြိုးပမ်းရန်အချက်မှာ အာရုံများ ကို သေချာစွာ သည်းခံစောင့်ကြည့်နေ၍ ပေါ်ပေါက်လာစဉ်တွင် အတွင်းသဏ္ဌာန်ကို အကဲခတ်မိ၍ အဓိပ္ပာယ်ကွဲပြားစွာ သိရှိ အောင် လုပ်ရန်ဖြစ်လေသည်။ စိတ်ကူးယဉ်ခြင်းများသည်လည်း 'အသိစိတ်'၏ အုပ်ချုပ်မှု အနည်းငယ်ပါဝင်သည်မှတစ်ပါး၊ အိပ်မက်များနှင့် အတူတူပင် ဖြစ်လေသည်။ မျက်နှာအမူအရာ အပြောင်းအလဲ၊ နေထိုင်ပုံ အပြောင်းအလဲ စကားပြောမှားခြင်း၊ ရုတ်တစ်ရက် မေ့လျော့ခြင်းစသည့် အဆက်မပြတ် ပြောင်းလဲ နေသော စိတ်အာရုံများသည်လည်း အိပ်မက်အာရုံများနှင့် အတူ တူပင်ဖြစ်၏။ ဤအာရုံအားလုံးသည် နက်လှစွာသော'မသိစိတ်' အတွင်းမှ 'အသိစိတ်' အပေါ်ယံသို့ အမှတ်မထင်ပေါ်ထွက်လာ သော အာရုံများဖြစ်ကြ၍ တိမ်မြုပ်နေသော အာရုံဟောင်းများကို နားလည်နိုင်ရန်နှင့် ဖော်ထုတ်နိုင်ရန် ယင်းတို့ကို သေချာစွာလေ့လာမှတ်သားထားရပေသည်။

စိတ်ရောဂါကုနည်း[ပြင်ဆင်ရန်]

စိတ်ခွဲခြားစိစစ်ခြင်းဖြင့် လူတို့၏ စိတ်သောကဝေဒနာ များကို ပျောက်ကင်းအောင် ကုသနိုင်ခြင်းသည် အမှန်စင်စစ် အံ့ဩဖွယ်မဟုတ်ချေ။ လူတစ်ဦးစီ၏ ငယ်ရွယ်စဉ်က အတွေ့ အကြုံ အဖြစ်အပျက်များကြောင့်သော်လည်းကောင်း၊ မျိုးရိုးအလိုက်သော် ၎င်း၊ ဖြစ်ပေါ်လာတတ်သည့်လူသူနှင့် မဆက်ဆံလိုသော အလေ့ အထဆန်း၊ အယူအဆဆန်း၊ တိမ်မြုပ်ဖုံးကွယ်နေသော အာရုံ ဆိုး စသည်များကို ရှာဖွေထုတ်ဖော်၍ နားလည်အောင် ရှင်းပြ လိုက်ရုံမျှဖြင့် အလွယ်တကူ ပျောက်ကင်းနိုင်လေသည်။ အတွင်း သဏ္ဌာန် 'မသိစိတ်'တွင် ကိန်းအောင်းနေသော အာရုံများ၏ သဘာဝကို အသေအချာ သိရှိသောအခါ၊ တစ်နည်းဆိုရသော် တန်ခိုးပြင်းထန်သည့် အတွင်းခံအာရုံများ၏ သဘောကို ရိပ်စား မိသောအခါတွင် ဝေဒနာရှင်၏ ဖောက်လှဲဖောက်ပြန်ဖြစ်နေသော ဘဝကို ကောင်းမွန်သောလမ်းစဉ်ဖြင့် တစ်နည်းတစ်ဖုံပြည်လည် တည်ဆောက်ပေးရန်မှာ လွယ်ကူနိုင်ပေသည်။ သို့ပင်ဖြစ်လင့် ကစား၊ အတွင်းခံ 'မသိစိတ်'၏ ရှုပ်ထွေးနက်နဲမှုကြောင့် အလွယ်တကူလျင်မြန်စွာ နားလည်ပြင်ဆင်ရန် မဖြစ်နိုင်အောင် ရှိရသည်။ ထို့ကြောင့်ပင် စိတ်ခွဲခြားစိစစ်သူ ဆရာဝန်၏ကြီး လေးသောတာဝန်မှာ နက်နဲသော စိတ်ပညာ၊ ယခုခေတ်လူအမျိုး မျိုးတို့၏ လက်ရှိဘဝနှင့်ဆိုင်သော ကျယ်ပြန့်သည့်ဗဟုသုတ၊ နောက်ကြောင်းအဖြစ်အပျက်နှင့် လူမျိုးများတစ်ဖြည်းဖြည်း ပြောင်းလဲ တိုးတက်လာပုံတို့ကို နားလည်ထားရန်ဖြစ်ပေသည်။ စိတ်တန်ခိုးအာရုံများဖြင့် ကာလတစ်လျှောက် ပြောင်းလဲတိုး တက်အောင် ကြိုးပမ်းလာသော လူ့သမိုင်းနှင့် လူ၏ ထူးခြား ချက်များ၊ ပြောင်းလဲချက်များကို လေ့လာထားရပေသည်။ အကြောင်းမှာမူ၊ အာရုံအားလုံးတို့၏ အစအနကို လူတစ်ဦးစီ၏ စိတ်တွင်တွေ့ရတတ်၍၊ ထိုတွေ့ရသော အာရုံတစ်ခုခုသည်လည်း စိတ်ရောဂါအကြောင်းအရင်းကို နားလည်အောင်ရှာဖွေရာတွင် တစ်နည်းနည်းနှင့် တစ်စုံ တစ်ခုသော အကူအညီဖြစ်စေတတ် သောကြောင့်တည်း။

စိတ်ခွဲခြားစိစစ်ခြင်းစနစ်ကို စိတ်အာရုံများ ချွတ်ယွင်း သည့်အခါတွင်သာ အသုံးပြုကြ၏။ ကိုယ်ခန္ဓာချွတ်ယွင်းမှု များတွင် ဤပညာကို အသုံးမပြုကြပေ။ သာမန်ဆေးပညာစနစ် များဖြင့် အတွင်းစိတ် ဖောက်ပြန် ခြင်းကို မကုစားနိုင်ချေ။ ဆင်ခြင်တုံတရားနှင့် အတွင်းအာရုံများ ပူးပေါင်းပါင်သည့် စိတ်ခွဲခြား စိစစ်ခြင်း ကဲ့သို့သော နည်းဖြင့်သာ ကုစားရန် သင့်လျော်သည်။ စိတ်ခွဲခြား စိစစ်ခြင်းနည်းမှာ လူတစ်ဦးစီ၏ အခက် အခဲကို အသေးစိတ် စုံစမ်းခြင်း၊ အခက်အခဲဖောက် လှဲဖောက်ပြန် ဖြစ်နေသော အချက်များကို တစ်ခုပြီးတစ်ခု ဆင်ခြင်တုံတရားဖြင့် ကုစားခြင်းစသည်ဖြင့် ကုသသူဆရာဝန် နှင့် ဝေဒနာရှင်တို့ကိုယ်တိုင် သည်းခံကာ စစ်ဆေး၍ နှစ်ဦး နှစ်ဖက် ပူးပေါင်းဖြေရှင်းပေးရသည်။

အကယ်ပင် ဆိုးရွားဖောက်ပြန်သော စိတ်ရောဂါကြီးများကို ခွဲခြားစိစစ်ခြင်းဖြင့် ထာဝစဉ်မကုစားနိုင်သော်လည်း အများ အပြားကုသနိုင်သည်ကို တွေ့ရ၏။ အထူးသဖြင့် လူနာ၌ ဆင်ခြင်တုံတရား အနည်း ငယ်ကျန်ရှိသေးသဖြင့် ဆရာဝန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်သောအခါများတွင် ကုစားနိုင်ခဲ့သည် သာဖြစ်ပေသည်။ ဝေဒနာရှင်၏ အဓိပ္ပာယ်မရှိသော အယူအဆ၊ အပြုအမူများကို အဓိပ္ပာယ်ရှာဖွေခြင်း၊ စိတ်လှုပ်ရှားမှုများကို လေ့လာခြင်း၊ ချွတ်ယွင်းချက်များကို နားလည်အောင် ဆင်ခြင် ခြင်းတို့ဖြင့် စိတ်ခွဲခြားစိစစ်နည်းသည် အဖိုးမဖြတ်နိုင်သော နည်းစနစ်တစ်ခုဖြစ်ကြောင်း သာဓကများစွာ ရှိလေသည်။ စိတ္တဗေဒ၊ အနာတမီပညာရပ်များတွင် ကိုယ်နှင့် စိတ်တစ်ခုနှင့် တစ်ခုအလွန်နီးစပ်ဆက်သွယ်နေသော အချက်အလက်များကို အဆက် မပြတ်ရှာဖွေ တွေ့ရှိ၍၊ ယခုအခါပညာရှင်တို့ မှတ်တမ်းတင်နေကြပြီဖြစ်သောကြောင့်၊ နောင်တစ်ခေတ်တွင် စိတ်ခွဲခြားစိစစ်နည်းကို ကိုယ်ကာယနှင့်ဆိုင်သော ရောဂါ များတွင် အသုံးပြုရန် နည်းလမ်းများ ပေါ်ပေါက်လာပြီဖြစ် သည်။ ကလေးသူငယ်များ၏ ကျမ်းမာရေး၊ ကြီးပွားရေး၊ မိမိ၏ တိမ်မြုပ်ဖုံးကွယ်နေသော တန်ခိုးကြီးသည့် စိတ်အာရုံ များကို ရှင်းလင်းစွာနားလည်ရေး စသည်တို့၏ အရေးကြီးပုံကို စိတ်ခွဲခြားစိစစ်ရေး ပညာသည် ပြသခဲ့လေပြီ။ ကလေးများသည် မိမိတို့အသက်ရှင်နေထိုင်ရမည့် လူ့လောကကြီးနှင့် သင့်လျော် သော အချက်အလက်များကို ပိုမိုနားလည်၍ လျောက်ပတ်စွာ နေထိုင်တတ်ရန်လိုအပ်သည့် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရေး ညွှန်ကြားချက်များကို စိတ်ခွဲခြားစိစစ်ရေးပညာ၏ အကူအညီ ဖြင့် ပေးဝေဖြန့်ဖြူးနိုင်၏။ ထိုကြောင့်ပင် ဤစနစ်သည် ဆေး ပညာမှ ပေါက်ဖွားလာသော်လည်း၊ အခြားပညာရပ်များသို့ ပျံ့နှံ့သွားရန် အလားအလာရှိသည်ဟု ဆိုရပေမည်။ ဆေးပညာ နှင့် အခြားပညာရပ်အသီးသီးတို့ မည်ကဲ့သို့ ဆက်စပ်လျက် ရှိသည်ကို စိတ်ခွဲခြားစိစစ်ရေးပညာသည် ပထမဦးစွာ ဖော်ပြခဲ့၏။

ဆေးပညာ နည်းတစ်နည်းအနေဖြင့် အသုံးပြုသောအခါတွင်လည်း ဝေဒနာ ရှင်သည် လူတစ်ဦးအနေနှင့် မည်ကဲ့သို့သော ပြဿနာများကို ရင်ဆိုင်၍ မည်ကဲ့သို့ စိတ်အာရုံများ ခံစားရပုံ၊ ဆရာဝန်သည် လူ့ဘဝပြဿနာများကို လုံးဝဥဿုံ မည်သို့ နားလည်ရန် လိုအပ်ပုံ၊ 'မသိစိတ်'တွင် မည်ကဲ့သို့ ကိန်းအောင်းနေပုံ၊ 'မသိစိတ်' တန်ခိုးကြီးပုံ၊ အနုပညာဖန်တီးမှု၊ ကိုးကွယ်မှု၊ ဘာသာစကား သမိုင်း အမျိုးမျိုးတို့ကို ထိုးထွင်းတီထွင်တတ်သော ဉာာဏ်သည် လုူတို့၏ 'မသိစိတ်'မှပင် ပေါ်ပေါက်လာပုံစသည်များကို အံ့မခန်းဖော်ပြခဲ့လေသည်။ အချုပ်အားဖြင့်ဆိုသော် လူတို့၏ ပြဿနာမှန်သမျှသည် စိတ်ခွဲ ခြားစိစစ်ခြင်းဖြင့်သာလျှင် အဓိပ္ပာယ်ပေါ်လာနိုင်ပုံ ကို တန်ဖိုးမဖြတ်နိုင်အောင် ဖော်ပြခဲ့ပေသည်။

စိတ်ခွဲခြားစိစစ်ရေးပညာရပ်[ပြင်ဆင်ရန်]

စိတ်ခွဲခြား စိစစ်ရေးပညာသမိုင်းသည် ၁၈၉၃ ခုနှစ် (ဝါ) ၁၉ ရာစုကုန်လောက်တွင် ဆရာဝန်ကြီး ဖရွိုက်လက်ထက်မှ စတင်ခဲ့ပေသည်။ ဗရွိုင်ယာဆိုသူဆရာဝန်ကြီးတစ်ဦး၏ ယခင် က စိတ်ချောက်ချား ရောဂါကုထုံးကို မိမိကိုယ်ပိုင် ကုသနည်း များနှင့်ပေါင်းကာ ဖရွိုက်သည် စိတ်ခွဲခြားစိစစ်ရေး ပညာရပ်ကို အစဖော်ခဲ့၏။ စိတ်ရောဂါများကို စိတ်ခွဲခြားခြင်း အကူအညီဖြင့် ကုသနိုင်သည်ဟု ယုတ္တိတန်သော ယုံကြည်ချက်ဖြင့် သူသည် ဤပညာကို တိတ်တဆိတ်စတင် စမ်းသပ်ခဲ့၏။ သူ၏အယူ အဆများ၊ မျှော်မှန်း ချက်များသည် ခေတ်ရှေ့ပြေးနေသဖြင့် သူ့စနစ်ကို အတိုက်အခံလုပ်သူများ ပေါ်ပေါက်ခဲ့၏။ သို့ရာတွင် သူသည် တစ်ဦးတည်းကျေနပ်စွာ ကြိုးစားနေလျက်၊ မိမိစနစ် မှန်ကန် အသုံးဝင်ကြောင်း ပြရမည့်အချိန်ကိုသာ စောင့်စားနေခဲ့ လေသည်။ များမကြာမီပင်လျှင် ဆရာဝန်များသည် ဖရွိုက်၏ စမ်းသပ်ချက်များကို စိတ်ဝင်စားလာကြ၍၊ စိတ်ခွဲခြားစိစစ်ခြင်း ကို ဆေးပညာလောကပြင်ပ၌ ကျယ်ပြန့်စွာ အသုံးပြုရန် စိတ် စောလာကြ၏။ ဗလွိုင်လာနှင့် ယွန်းတို့မှာ ဆရာဝန်ကြီးဖရွိုက် ၏ ပထမဆုံး တပည့်များဖြစ်ကြ၏။ သူတို့ နှစ်ဦးကတစ်ဖန် ဇူးရစ်ဆိုသူအား သင်ပေးကြပြန်သဖြင့် ကမ္ဘာတဝှန်းသို့ ပျံ့နှံ့ခဲ့ လေသည်။ သို့သော်လည်း သူတို့နှစ်ဦး၏နည်းသည် ဆရာကြီး ဖရွိုက်၏ နည်းနှင့် အတော်အတန် ကွဲလွဲလေသည်။

အခြားပညာသည်များမှတစ်ဆင့် ဂျာမနီ၊ ရုရှ၊ ဟော်လန်၊ ပြင်သစ်၊ အီတလီနှင့် ဥရောပရှိ အခြားနိုင်ငံများသို့ ပျံ့နှံ့ခဲ့လေ သည်။ အင်္ဂလန်ပြည်ကမူ တစ်ဖြည်းဖြည်းမှသာ လက်ခံယုံ ကြည်လာခဲ့၏။ စိတ်ခွဲခြားစိစစ်ခြင်းကို အမေရိကန်ပြည်ထောင် စုနိုင်ငံသည် အမြန်ဆုံးလက်ခံသော နိုင်ငံဖြစ်၏။ ဒေါက်တာ ဗရီးဆိုသူက ဤပညာကို အမေရိကန်ပြည်သို့ ပထမဆုံး ယူ ဆောင်လာခဲ့လေသည်။

၁၉ဝ၈-၁၉ဝ၉ ခုနှစ်လောက်တွင် ဆရာဝန်ကြီး ဖရွိုက် ကိုယ်တိုင် အမေရိကန်ပြည်ထောင်စုရှိ ကလတ်တက္ကသိုလ်၌ ဤပညာနှင့် စပ်လျဉ်းသော ဟောပြောပွဲများကိုကျင်းပ၍ ပညာ ဖြန့်ဖြူးခဲ့၏။ ထို့နောက် ဆရာဝန်ကြီး စတန်လေဟောက ဤပညာကို ပိုမိုပျံ့နှံ့စေခဲ့ပြန်၏။ ဤသို့လျှင် စိတ်ခွဲခြားစိစစ် ခြင်းသည် ဆေးပညာလောကတွင် အစပျိုးခဲ့၍၊ ဆေးပညာ လောကတစ်ခုလုံး တစ်ဖြည်းဖြည်း အသိအမှတ်ပြုကာ လက်ခံ လာကြလေသည်။ အမေရိကန်နိုင်ငံလုံးဆိုင်ရာ စိတ်ခွဲခြားစိစစ် ရေးပညာအသင်း၊ စိတ်ခွဲခြားစိစစ်ရေး ပညာဂျာနယ်၊ ၃ လ တစ်ကြိမ်ထုတ် စိတ်ခွဲခြားစိစစ်ရေးပညာဆိုင်ရာ မဂ္ဂဇင်းစသည် တို့ ပေါ်ပေါက်လာ၍၊ ယင်းပညာနှင့်ဆိုင်သော စာပေများ ကျယ်ပြန့်စွာထွန်းကားလာလေသည်။ ဆရာကြီး ဖရွိုက်ရေးသော စာအုပ် များကို ဘာသာပြန်ဆိုကြ၏။ စိတ်ခွဲခြားစိစစ်ခြင်းကို အချို့သော ဆရာဝန်တို့သည် ဆေးပညာရပ်၌သာ အသုံးပြုကြ ၍၊ အချို့ကား အခြားပညာရပ်များတွင်သုံးရန် ကြိုးစားလျက်ရှိ ကြလေသည်။[၁]


ဆက်စပ်ကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)