စာ​ပေဗိမာန် စာ​ပေနှီး​နှောဖလှယ်ပွဲနှင့်​ စာတမ်း​ဖတ်ပွဲများ​

ဝီကီပီးဒီးယား မှ

စာပေဗိမာန် စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲများ[ပြင်ဆင်ရန်]

ပြည်ထောင်စု မြန်မာနိုင်ငံတော် စာပေဗိမာန် အဖွဲ့ ဥပဒေတွင် စာပေတိုးတက်ပြန့်ပွားစေရန် အလို့ငှာ စာပေကို လူတိုင်းစိတ်ဝင်စားလာအောင် လှုံ့ဆော်ခြင်း၊ စာပေနှီးနှောဖလှယ်ပွဲများ၊ စာပေသဘင်များ၊ စာပေညီလာခံများနှင့် စာပေပြပွဲကြီးများ ကြီးမှူးကျင်းပခြင်း ဟူ၍ ပြဋ္ဌာန်းထားလေသည်။


စာပေဗိမာန် အဖွဲ့သည် ၁၉၆၅ ခုနှစ်မှ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ အထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၃)ခုကို ရန်ကုန်မြို့၌ ကျင်းပပေးခဲ့ပြီး ဖြစ်သည်။ စာပေနှီးနှောဖလှယ်ပွဲများတွင် သက်ဆိုင်ရာစာတမ်းရှင်က စာတမ်းတင်သွင်းဖတ်ကြားပြီးနောက် တက်ရောက်လာသော စာပေပညာရှင်များ၊ စာပေလုပ်သားများသည် စာတမ်းရှင်တင်သွင်းသွားသော စာတမ်းအပေါ် ဝေဖန်အကြံပြုချက်များကို လူကိုယ်တိုင် စင်မြင့်ပေါ်သို့ တက်၍ ဆွေးနွေးခွင့်ရသည်။ ယင်းသို့ ဝေဖန်ဆွေးနွေးပြီးသော အခါတွင် သက်ဆိုင်ရာစာတမ်းရှင်က ပြန်လည်ဖြေကြား ဆွေးနွေးသည်။ စာတမ်းဖတ်ပွဲများတွင်မူ တက်ရောက်လာသည့် ပုဂ္ဂိုလ်များကိုယ်တိုင် စင်မြင့်ပေါ်သို့တက်၍ ဆွေးနွေးခြင်းကို ခွင့်မပြုပေ။ စာတမ်းတွင် တင်သွင်းသွားသော စာတမ်းနှင့်ပတ်သက်၍ ဝေဖန်ဆွေးနွေး မေးမြန်လိုလျင် စာတမ်းဖတ်ပွဲအဖွဲ့က သတ်မှတ်ထားသော ပုံစံစာရွက်ပေါ်တွင် စာဖြင့်ရေးသားကာ ဆွေးနွေးမေးမြန်းနိုင်ကြလေသည်။


စာပေ နှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲများတွင် ဖတ်ကြားတင်သွင်းသော စာတမ်းများကို သက်ဆိုင်ရာ ဘာသာရပ် အလိုက် စုစည်း၍ စာပေဗိမာန် အဖွဲ့က စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေသည်။ ကလေးစာပေနှီးနှောဖလှယ်ပွဲ ၁၉၆၅ မှ စာတမ်းများကို မူ အကြောင်းအမျိုးမျိုးကြောင့် စာအုပ်အဖြစ် ထုတ်ဝေနိုင်ခြင်း မရှိခဲ့ပေ။ စာပေနှီးနှော ဖလှယ်ပွဲများနှင့် စာတမ်းဖတ်ပွဲများမှ စာတမ်းများကိုမူ စာအုပ်အဖြစ် စာတမ်းအတိုင်း ပုံနှိပ် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

ကျင်းပပြီးစီးခဲ့သော စာပေဗိမာန် စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်းဖတ်ပွဲများ[ပြင်ဆင်ရန်]

စဉ် ခုနှစ် အမည်
ကျင်းပပြီးစီးခဲ့သော စာပေဗိမာန် စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်းဖတ်ပွဲများ
၁၉၆၅ - လေးစာပေနှီးနှောဖလှယ်ပွဲ
၁၉၆၇ - သိပ္ပံစာပေ နှီးနှောဖလှယ်ပွဲ
၁၉၆၈ - စာကြည့်တိုက် လုပ်ငန်းနှင့် နှီးနှောဖလှယ်ပွဲ
၁၉၆၈ - ဘာသာပြန် စာပေ နှီးနှောဖလှယ်ပွဲ
၁၉၇၀ - ပြဇာတ်နှင့် ပြဇာတ်စာပေ နှီးနှောဖလှယ်ပွဲ
၁၉၇၁ - အတ္ထုပ္ပုတ္တိ စာပေ နှီးနှောဖလှယ်ပွဲ
၁၉၇၂ - နိုင်ငံတကာ စာအုပ်နှစ် အထိမ်းအမှတ် စာတမ်းဖတ်ပွဲ
၁၉၇၃ - လေး လူငယ်စာပေ နှီးနှောဖလှယ်ပွဲ
၁၉၇၅ - စာနယ်ဇင်း သမိုင်းစာတမ်းဖတ်ပွဲ
၁၀ ၁၉၇၇ - သုတစာပေ စာတမ်းဖတ်ပွဲ
၁၁ ၁၉၇၈ - ဝတ္ထုတို စာတမ်းဖတ်ပွဲ
၁၂ ၁၉၇၉ - ခရီးသွား စာပေစာတမ်း ဖတ်ပွဲ
၁၃ ၁၉၇၉ - ဝတ္ထုရှည် စာတမ်းဖတ်ပွဲ
၁၄ ၁၉၈၀ - မြန်မာကဗျာ စာတမ်း ဖတ်ပွဲ
၁၅ ၁၉၈၁ - မြန်မာ စကားပြေ စာတမ်းဖတ်ပွဲ
၁၆ ၁၉၈၃ - ပညာရပ်ဆိုင်ရာ မြန်မာစာပေ စာတမ်းဖတ်ပွဲ
၁၇ ၁၉၈၄ - မြန်မာ ရည်ညွှန်း စာအုပ်စာတမ်း ဖတ်ပွဲ
၁၈ ၁၉၈၅ - ဝေဖန်ရေး စာပေ စာတမ်းဖတ်ပွဲ
၁၉ ၁၉၈၆ - စာတမ်းငယ် စာပေစာတမ်းဖတ်ပွဲ
၂၀ ၁၉၈၇ - ဘာသာပြန် စာပေစာတမ်း ဖတ်ပွဲ
၂၁ ၁၉၈၇ ဒီဇင်ဘာ ရိုးရာပုံပြင် စာပေစာတမ်း ဖတ်ပွဲ
၂၂ ၁၉၉၁ - ဂန္ထဝင် စာပေစာတမ်း ဖတ်ပွဲ
၂၃ ၁၉၉၂ ဇန်နဝါရီ ဇာတိမာန် စာပေစာတမ်း ဖတ်ပွဲ

ကိုးကား[ပြင်ဆင်ရန်]