စာဥဒေါင်းအုပ်၊ ဒေါင်းဥစာအုပ်

ဝီကီပီးဒီးယား မှ

စာဥဒေါင်းအုပ်၊ ဒေါင်းဥစာအုပ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

စာကလေးဥကို ဒေါင်းက လုံခြုံစွာအုပ်နိုင်သည်။ ဒေါင်းဥကို စာကလေးက လုံခြုံစွာ မအုပ်နိုင်။ ထို့အတူ စီမံအုပ်ချုပ်ရာ၌ စီမံရသည့်တာဝန်နှင့် စီမံသူ၏အရည်အချင်း လျော်ကန်မှုရှိမှ အောင်မြင်မှုရရှိနိုင်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "စာငယ်ဥကို ဥဒေါင်းအုပ်သော် ကွဲရာ၏။ ဥဒေါင်းဥကို စာငယ်အုပ်သော် ရင်ကွဲရာ၏ ဟူသကဲ့သို့ ဆိုကုန်၏။ မင်းကြီးမင်းခေါင်လည်း ငါ့ကျွန်ကား ဥဒေါင်းစင်စစ်တမုံ့ဟု ဆိုတော်မူ၏။" [၁၁၄၃] ဏိပုံ။ ၁၂၀။
  • "ကေတုလတိုင်းနှင့်တကွ ငါးဆယ့်ငါးပြည်ထောင်သော မြို့စာစော်ဘွားတို့ကို အုပ်ချုပ်၍ စီရင်ရာ စာသငယ်ကို ဒေါင်းအုပ် သကဲ့သို့ အလွန်တရာ သာယာငြိမ်ဝပ်ပါကြောင်း။" [၁၂၁၅-ခန့်] ဝံသ၊ဒု။ ၃၉၂။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၅၈။