စာသင်သား ဆုံးမစာ

ဝီကီပီးဒီးယား မှ

ဂမ္ဘီသာရ ဆုံးမစာ ကို ရှင်မဟာရဋ္ဌသာရ (မြန်မာ ၈၃၀ - ၈၉၂) က ရေးသားပြုစုခဲ့သည်။

စာသင်သား ဆုံးမစာ [ပြင်ဆင်ရန်]

သုဏေယျ = နာကြားရာ၏။
စိန္တေယျ = ကြံစည်ရာ၏။
ပုစ္ဆေယျ = မေးမြန်းရာ၏။
ဘာသေယျ = ပြောဆိုရာ၏။
ဝိစာရေယျ = စူးစမ်းဆင်ခြင်ရာ၏။
လိခေယျ = ရေးမှတ်ရာ၏။
သိက္ခေယျ = လေ့ကျင့်ရာ၏။
ဓာရေယျ = နှုတ်ငုံဆောင်ရာ၏။

“သုစိပုဘာ၊ ဝိလိသိဓာ”၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့၊ စာသင်ပျိုနု၊ အခြေပြုတို့၊ ဥဇုဘူတ၊ လုံ့လပြင်းစွာ၊ သူ့ထက်ငါဟု၊ နှုတ်မှာရွရွ၊ ကြိုးပမ်းကလျှင်၊ သိပ္ပကျေးဇူး၊ အထူးသိမြင်၊ ပညာရှင်ဟု၊ မထင်မပေါ်၊ မကျော်စောဘဲ၊ တီမှာလွဲ အံ့၊ အရဲ ကြိုးကုတ်၊ ကြက်ရဲစုတ်သို့၊ အားထုတ်ခုံမင်၊ မသင်မအံ၊ မကြံမမေး၊ ဆွေးနွေးရောနှော၊ ပြောဟောမဲ့ထွေ၊ ပေချပ်ရေဖြင့်၊ ကုန်စေဆေန်းသာ၊ သင်ချေပါလည်း၊ ဘယ်မှာဂုဏ်ရှင်၊ ကျော်စောထင်ချိမ့်၊ စာသင်ဟူက၊ ကျမ်းထိုမျှကို၊ တွေ့ကမရှောင်၊ ကြောင်ပုစွန်စား၊ ကျွတ်ကျွတ်ဝါးသို့၊ လွှသွားပမာ၊ ကျောက်ထက်စာသို့၊ လိုရာရအောင်၊ ကြံဆောင်လေ့ကျက်၊ အနက်အဓိပ္ပာယ်၊ နှုတ်ဝယ်ရွရွ၊ ထားချေမှတည့်၊ တစ်ပေါ်လျှင်၊ ချည်စငင်သို့၊ သဘင်ပွဲမှောက်၊ ဆိုရေးရောက်က၊ လန့်ကြောက်မရှိ၊ သတိမြဲခိုင်၊ ကျောက်တိုင်ပမာ၊ ကေသရာသို့၊ ရွံရှာမဲ့လျှင်း၊ ဆိုခင်းနည်းနာ၊ အဖြာဖြာကို၊ မကြာနှုတ်လျှောက်၊ ခန့်ချင့်ထောက်လော့၊ အံ့လောက်ဖွယ်သာ၊ ဂါထာပါဌ်သား၊ စကားဝိုက်လည်၊ စဉ်ရှည်ရှေးတီး၊ စကားကြီးက၊ စသည်ထိုထို၊ ဝိဂြိုဟ်ဝစနတ်၊ ဓာတ်ရပစ္စည်း၊ ထုံးနည်းပမာ၊ ဂါထာဆန်းဂိုဏ်း၊ ကရိုဏ်းဌာန်စစ်၊ ဖွင့်လှစ်ဋီကာ၊ အဌကထာပါဠိ၊ အောက်ထက်ညီ၍၊ ကဝိလက္ခဏာ၊ အဖြာဖြာကို၊ သေချာဆည်းဆ၊ ဆိုဝံ့ကလျှင်၊ ဘဝဤတွင်၊ ခုမျက်မြင်လည်း၊ မထင်ဘယ်မှာ၊ ရှိဘိရာအံ့၊ သံသရာလည်း၊ ပမာကဲလွန်၊ အဆုံးစွန်မူ၊ ညီမွန်တုလွတ်၊ သုံးလူနတ်ဝယ်။ ။ “အကျွတ်ဘယ်မှာ၊ ဝေးတော့မည်”။


ကိုးကား[ပြင်ဆင်ရန်]

[၁]

  1. ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ (ဒုတိယအကြိမ် ed.)။ အခြခံပညာ ဦးစီးဌာန။ စက်တင်ဘာ ၁၉၉၂။ pp. ၁၂၀။