စာပေလုပ်သားစည်းရုံးရေး

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံတွင် စာရေးဆရာ၊ သတင်းစာဆရာစသော စာပေ လုပ်သားများသည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတစ်လျှောက်၌ ပြည်သူတို့နှင့်အတူ နိုးကြားတက်ကြွစွာပါဝင် လှုပ်ရှားခဲ့ကြလေ သည်။ ယင်း စာရေးဆရာ၊ သတင်းစာဆရာ စာပေလုပ်သား တို့သည် ပြည်သူလူထု တစ်ရပ်လုံးအား အမျိုးသားရေး လှုပ်ရှား မှုအဆင့်တွင် ပါဝင်လာစေရန် ရေးသားလှုံ့ဆော် စည်းရုံးခဲ့ကြ သည်။ မြန်မာနိုင်ငံလွတ် လပ်ရေးရပြီးသည့်နောက်တွင် တိုင်းရင်း သားစည်းရုံးညီညွတ်မှု ယိုယွင်းလာခြင်းနှင့် အမျှ မြန်မာ့သမိုင်း၌ အစဉ်အလာ ရှိခဲ့သော စာရေးဆရာ၊ သတင်းစာဆရာ စသည့် စာပေလုပ်သားတို့၏ ညီညွတ်ရေးသည်လည်းပျက် ပြားခဲ့ရလေ သည်။ ညီညွတ်ရေးအားနည်းလာသည်နှင့်အမျှ စာပေလုပ်သားထု အတွင်းတွင် အကွဲကွဲအပြားပြားဖြစ်ကာ စာပေအဖွဲ့အစည်းအမျိုး မျိုး ပေါ်ပေါက်လာခဲ့လေသည်။

၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ တက်ရောက် လာသည့် အချိန်မှစ၍ နိုင်ငံထူထောင်ရေးတွင် အမျိုးသား ယဉ် ကျေးမှုနယ်ပယ်မှ စာပေလုပ်သားများလည်း တစ်တပ်တစ်အား ပါဝင်နိုင်စေရန် ရည်သန်၍ အားထုတ်ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ သည်။ ထိုနှစ်တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ အမျိုးသား စာပေ ညီလာခံကို ကျင်းပပေးခဲ့သည်။

၁၉၆၆ ခုနှစ်တွင် စာရေးဆရာ၊ သတင်းစာဆရာများ စုပေါင်း၍ စာပေလုပ်သား အဖွဲ့အစည်းတစ်ရပ် ဖြစ်မြောက်ရေး အတွက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက စတင်ဆောင်ရွက် ခဲ့သည်။ ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် မြန်မာ့ဆို ရှယ်လစ် လမ်းစဉ်ပါတီ၊ ပါတီစည်းရုံးရေး ဗဟိုကော်မတီ ဌာန ချုပ်၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနက အဖွဲ့ဝင် ၁၄ ဦးပါဝင်သော စာပေလုပ်သားအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းပြီးဖြစ်ကြောင်း တိုင်းပြည်သို့ကြေညာခဲ့သည်။ ယင်းကော် မတီသည် ၁၉၆၇ ခုနှစ်ဧပြီလ အတွင်း စာပေလုပ်သား ညီလာခံ ကျင်းပရေးအတွက် ပါတီပိုင်း၊ နိုင်ငံတော်ပိုင်းတို့နှင့် ည|ိနှိုင်းလုပ် ဆောင်ခဲ့ သည်။ သို့သော် ထိုကာလ၌ ပြည်သူ့ အလုပ်သမား ကောင်စီများ ဖွဲ့စည်းဆဲကာလဖြစ်၍တစ်ကြောင်း၊ ညီလာခံကျင်း ပရန်ပြင်ဆင်ချိန်နည်းပါးသဖြင့် တစ်ကြောင်း၊ အဖွဲ့အစည်းမသေ မသပ်ဖြစ်မည်ကို စိုးရိမ်သဖြင့် စောင့်ဆိုင်းလိုသည်ကြောင့် တစ် ကြောင်းကြောင့် ညီလာခံကျင်းပရေးကိစ္စကို ရွှေ့ဆိုင်းခဲ့ရသည်။ စာပေလုပ်သားအဖွဲ့ ဖြစ်မြောက်ရေးကော်မတီသည် ၁၉၆၇ ခုနှစ် မတ်လ ၇ ရက်နေ့ အထိ စာပေလုပ်သား အဖွဲ့ဝင် ၁ယ၁၉၇ ဦး ကို စိစစ်လက်ခံခဲ့လေသည်။

၁၉၇၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာနက မူလဖွဲ့စည်းပေးခဲ့သည့် စာပေ လုပ်သားအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီအစား စာပေလုပ်သား စည်းရုံးရေး ကော်မတီကို အဖွဲ့ဝင် ၁၇ ဦး ဖြင့် မြန်မာ့ဆိုရှယ်လစ် လမ်း စဉ်ပါတီက ဖွဲ့စည်းပေးခဲ့သည်။ စာပေလုပ်သား စည်းရုံးရေး ကော်မတီသည် မိမိအား သတ်မှတ်ပေးသည့် တာဝန်နှင့် လုပ်ပိုင် ခွင့်များ ဘောင်အတွင်းမှနေ၍ စာပေလုပ်သား ညီလာခံ ကျင်းပ နိုင်ရေးအတွက် ပြင်ဆင်ခြင်း၊ စာပေလုပ်သားများ၏ ပြဿနာ များကို ကူညီဖြေရှင်းခြင်း၊ အဖွဲ့ဝင်များ၏ သာရေးနာရေး ကိစ္စ များတွင် ကူညီခြင်း၊ အဖွဲ့ဝင် အသစ်များ စည်းရုံးခြင်း စသော လုပ်ငန်းများ ကို ဆောင်ရွက်ခဲ့လေသည်။

၁၉၇၉ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် စာပေလုပ်သား စည်းရုံးရေး ကော်မတီကို အဖွဲ့ဝင် ၁၈ဦးဖြင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက ပြင်ဆင်ဖွဲ့စည်းပေးခဲ့သည်။ ယင်းစာပေစည်းရုံး ရေး ကော်မတီသည်စာပေ လုပ်သားညီလာခံကို ၁၉၈ဝ ပြည့်နှစ် ဧပြီလအတွင်း ကျင်းပနိုင်ရန် ရည်မှန်းချက် ထားကာညီလာခံ ပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၇၉ ခုနှစ် နိုဝင်ဘာလအတွင်းတွင် ညီလာခံကျင်းပရေးစီမံချက်ကို ရေးဆွဲပြီး ၁၉၇၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် အဖွဲ့ဝင် ၅၁ ဦး ပါ ဝင်သော ပထမအကြိမ် စာပေလုပ်သား ညီလာခံ ကျင်းပရေး ကော်မရှင်ကိုလည်းကောင်း၊ အဖွဲ့ဝင် ၂၁ ဦးပါဝင်သော စာပေ လုပ်သားညီလာ ခံ ကျင်းပရေး ကော်မရှင် အလုပ်အမှုဆောင် အဖွဲ့ကိုလည်းကောင်း၊ လုပ်ငန်းကော်မတီ ခြောက်ရပ်ကိုလည်း ကောင်း၊ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ ၁၉၇၉ ခုနှစ် ဒီဖင်ဘာ ၂၁ ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ မြို့နယ် ၈၃ မြို့ နယ်အတွက် မြို့နယ် စာပေလုပ်သားအဖွဲ့ ပုံမှန် အစည်းအဝေး ကျင်းပရေးကော်မရှင် များကိုလည်း ဖွဲ့စည်းပေးခဲ့ပြီး စာပေလုပ် သားစည်းရုံးရေးနှင့် ပထမအကြိမ် စာပေလုပ်သားညီလာခံ ပြင် ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့လေသည်။ [၁]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၀)