စာဆိုဗိမာန်

ဝီကီပီးဒီးယား မှ

ကွယ်လွန်သူ စာရေးဆရာများ မြုပ်နှံသဂြိုဟ်ရန် ရန်ကုန်မြို့ တာမွေသင်္ချိုင်းတွင် သတ်မှတ်ထားသော သင်္ချိုင်းနေရာဖြစ်သည်။ ထိုသင်္ချိုင်းတွင် မဟာဆွေမောင်ကြည်လင်ငွေတာရီဝဇီရာရွှေဓားယုဇနမောင်ခိုင်နှင့် ကာတွန်းဦးဘဂျမ်းစသော စာရေးဆရာများ၏ သင်္ချိုင်းဂူနှင့် သင်္ချိုင်းနေရာများရှိသည်။ ယခုအခါ တာမွေသင်္ချိုင်းတစ်ခုလုံး ဖျက်လိုက်သောကြောင့် စာဆိုတော်များ၏ သင်္ချိုင်းအုတ်ဂူများ ပျက်စီးသွားခဲ့ရရှာသည်။ စာဆိုတော်ငွေတာရီ၏ အုတ်ဂူကိုသာ မိသားစုက အချိန်မီကြံတောသုသာန်သို့ ပြောင်းရွှေ့နိုင်ခဲ့သည်။ ယခုတစ်ဖန် ကြံတော်သုသာန်ဖျက်လိုက်သောကြောင့် ငွေတာရီ အုတ်ဂူကို မြောက်ဥက္ကလာပ ရေဝေးသုသာန်သို့ ပြန်လည်ပြောင်းရွှေ့ဂူသွင်းခဲ့ရပြန်သည်။