စမ်းစမ်းအေး (ရုပ်ရှင်သရုပ်ဆောင်)

ဝီကီပီးဒီးယား မှ
(စမ်းစမ်းအေး မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

အကယ်ဒမီ ရှုမဝ စမ်းစမ်းအေးကို အဖ ဦးအေးနှင့် အမိဒေါ်လှမြင့်တို့က ၁၉၄၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ရန်ကုန်မြို့၊ ရေကျော်မြို့နယ်၌ မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ ခြောက်ယောက်ရှိသည့်အနက် ဒုတိယမြောက် သမီးတစ်ဦးဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ငယ်စဉ်က တာမွေ အ.ထ.က(၁)ကျောင်းတွင် ဒသမတန်းအထိ ပညာသင်ယူခဲ့သည်။

ရှုမဝ[ပြင်ဆင်ရန်]

ရှုမဝ စမ်းစမ်းအေးသည် ရုပ်ရှင်လောကသို့ မဝင်ရောက်မီ ရဲဆန်းသစ် တီးဝိုင်းတွင် အပျော်တမ်း သီချင်းဆိုသည်။ မြန်မာ့အသံမှ ထုတ်ဝေသော သောတရှင် မဂ္ဂဇင်းတွင် မျက်နှာဖုံးရှင်အဖြစ် ပါဝင်ဖော်ပြခြင်း ခံရသည်။ ယင်းမျက်နှာဖုံး ဓာတ်ပုံကို ဒါရိုက်တာ ရှုမဝဦးကျော်က တွေ့ရှိပြီးနောက် စမ်းစမ်းအေးကို ရုပ်ရှင်ရိုက်ကူးရန် ကမ်းလှမ်းသည်။ ၁၉၆၀-ပြည့်နှစ်တွင် ရုပ်ရှင်လောကသို့ စတင်ရောက်ရှိပြီး ဒါရိုက်တာ ရှုမဝဦးကျော် ရိုက်ကူးသော ရွှေရင်သိမ်းသစ်"ဇာတ်ကားတွင် ပထမဆုံး သရုပ်ဆောင်ခွင့် ရရှိသည်။ သူမ၏ လက်ဦးဆရာမှာ ဒါရိုက်တာ ရှုမဝဦးကျော်ဖြစ်သည်။

ရွှေရင်သိမ်းသစ် ဇာတ်ကားကို စတင်ရိုက်ကူးပြီးနောက် ချစ်တဲ့သူရဲ့ရင်ခွင်ရင်ဝယ်တသိမ့်သိမ့်လုလင်ငယ်သွေးလေချိုတသွေးသွေးချွေးကလေးစိုစို ဇာတ်ကားများကို ရုပ်ရှင်မင်းသား မောင်ယဉ်ထွေးနှင့် ရိုက်ကူးရင်း ဖူးစာဆုံကာ အိမ်ထောင်ပြုသည်။ သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားသည်။

စမ်းစမ်းအေး ပါဝင်သရုပ်ဆောင်ရသည့် အပယ်ရတနာဒေါင်းမလေး၊ ပန်းရုံ ၊ ပန်းနွယ်ကစိမ်း ၊ ခြေဖဝါးတော်နုနု နေထွက်သောည ၊ ပစ်မှတ် ၊ စိန်ခေါ်နေသည့်အချစ်ချစ်သူရွေးမယ် ချစ်ဝဲလည် ရုပ်ရှင်ဇာတ်ကားများမှာ ထင်ရှားသည်။ ၎င်းဇာတ်ကားများအနက် ၁၉၉၃-ခုနှစ်တွင် "စိန်ခေါ်နေတဲ့အချစ်'ရုပ်ရှင်ဇာတ်ကား၌ အကောင်းဆုံး မင်းသမီး ဇာတ်ပို့ဆု အကယ်ဒမီဆုကို ရရှိခဲ့သည်။

ရှုမဝစမ်းစမ်းအေး မကွယ်လွန်မီအချိန်အထိ ကားကြီးပေါင်း ၁၀၀ ကျော်နှင့် ဗီဒီယို ဇာတ်ကား ၄၀၀ ကျော်ခန့် ရိုက်ကူးခဲ့သည်။ အကယ်ဒမီ ရှုမဝ စမ်းစမ်းအေးသည် ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးရင်း ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါဖြင့် ၂၀၀၇-ခုနှစ်၊ ဧပြီလ (၄)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၆၂)နှစ် ရှိပြီဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၀၈)