စမ်းချောင်းကိုကိုအောင် (ကာတွန်း)

ဝီကီပီးဒီးယား မှ

မြန်မာကာတွန်းဆရာတစ်ဦးဖြစ်သူ ကာတွန်းစမ်းချောင်းကိုကိုအောင်ကို (၁၉၅၈)ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်တွင် မွေးဖွားခဲ့သည်။ အဖ ဦးကျော်ဇံဦး၊ အမိ ဒေါ်မြဦးတို့၏ သားဖြစ်သည်။ ရန်ကုန်ဇာတိ ဖြစ်သည်။ (၁၉၇၈)ခုနှစ် ရန်ကုန်ပန်းချီပန်းပုကျောင်းတွင် ပန်းချီပညာ သင်ကြားခဲ့သည်။ (၁၉၇၉)ခုနှစ်၊ မန္တလေးမဂ္ဂဇင်း တွင် ကာတွန်းစတင်ရေးဆွဲသည်။ စာနယ်ဇင်းများတွင် ကာတွန်းများ၊ ရုပ်ပြကာတွန်းစာအုပ်များ ရေးဆွဲလျက် ရှိ သည်။ ထင်ရှားသော ကာတွန်းဇာတ်ကောင်များမှာ ပလာတူး၊ သစ်ကြားနှင့်အာမွှေး၊ စူပါကြယ်ပွင့်၊ ပရော်ဖက် ဆာ ဦးပိနှောင်း၊ တုံတုံနှင့်ဆုံဆုံ၊ ရွှေဘဲနှင့်ဝက်ထော တို့ ဖြစ်သည်။ [၁]

ဖိုင်:Kokoag.jpg

ကိုးကား[ပြင်ဆင်ရန်]

  1. ကာတွန်းဝင်းအောင်၏ မြန်မာကာတွန်းပေါင်းချုပ်