စနိုက်ငှက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

စနိုက်ငှက်[ပြင်​ဆင်​ရန်​]

စနိုက်ငှက်။

ရေအိုင်ထွန်းရာ၊ ရေဝပ်ရာနှင့်ရေတင်၍ အမြဲတမ်း စွတ်စို ထိုင်းမှိုင်းရာ ဒေသများ၌ ကျက်စားသော ငှက်တို့ အနက် စနိုက်ခေါ် ငှက်များကို လူအသိများလေသည်။ ရေထဲတွင် သွားလာတတ်သော ငှက်တစ်မျိုးဖြစ်သည်။

စနိုက်သည် ကိုယ်ထည်သေးငယ်၍ အသွေးအရောင် ညို သည်။ နှုတ်သီးနှင့်ခြေထောက်များမှာ အလွန်ရှည်၏။ အချို့ စနိုက်များသည် ယင်းတို့၏ ရှည်လျားသော နှုတ်သီးများအပါ အဝင် အလျား ၁ဝ လက်မခန့် ရှိကြသည်။ ရှည်လျားသော နှုတ်သီးနှင့် ခြေတံများရှိသောကြောင့်လည်း စနိုက်များသည် ရေဝပ်သောနေရာ၊ စွတ်စိုသောနေရာနှင့် ရေစမ်းများတွင်မိမိတို့ ကိုယ်ကို ရေမထိစေဘဲ ကျက်စားနိုင်ကြ၏။ ပျံသန်းရာ၌အလွန် လျှင်မြန်၍ တစ်ဆစ်ချိုး ပျံသန်းတတ်ကြသည်။

စနိုက်များသည် ရေဝပ်၍အမြဲတမ်း စိုစွတ်လျက်ရှိသောမြေပေါ်တွင် ခွက်သဏ္ဌာန် ခပ်ဝိုင်းဝိုင်းအသိုက်များကို မြက်ဖြင့်ပြုလုပ်ကြသည်။ ဥမှာ သစ်သော့သီးသဏ္ဌာန် ရှိ၍ တစ်ကြိမ် လျှင် ၄ ဥ အုသည်။ စနိုက်များကို ထိမှန်အောင် ပစ်ခတ်ရန် ခဲယဉ်းသောကြောင့် ငှက် ခတ်သမားနှင့် ငှက်ပစ်ဝါသနာပါသူများက သဲသဲမဲမဲ လိုက်လံ ပစ်ခတ်လေ့ရှိကြသည်။

စနိုက်မျိုးများ အနက် စနိုက်ကြီးမှာ သာမန်စနိုက်များထက် ကိုယ်ထည်ကြီးမားသည်။ ဂျက်စနိုက်ဟုခေါ်သော စနိုက်မျိုး သည် အလျား ၇ လက်မသာရှိ၏။ ထိုစနိုက်ကြီးနှင့် ဂျက် စနိုက် နှစ်မျိုးစလုံးကို အလွန်တွေ့ရခဲလေသည်။ ထိုငှက်တို့ သည် ဆောင်းရာသီ၌သာ လာရောက်ကြသော ဧည့်သည်ငှက် များ ဖြစ်ကြသည်။

ဗြိတိသျှကျွန်းစုနှင့် ဥရောပတိုက်တွင်သာမက၊ အခြားတိုက် ကြီးများတွင်လည်း၊ စနိုက်ကို တွေ့ရှိရသည်။ များသောအားဖြင့် စနိုက်များ ကျက်စားရာဒေသကား ရေအိုင်စပ်၊ မြစ်ကမ်းနား၊ ရေတင်၍ စွတ်စိုသော နေရာများ၊ လယ်ကွက်များ ဖြစ်သည်။ မြောက်အမေရိကတိုက်တွင် ဝီလဆန်စနိုက်ခေါ် စနိုက်တစ် မျိုးကို တွေ့ရ၏။ ထိုဝီလဆန်စနိုက်များသည်လည်း ငှက်ပစ် ဝါသနာအိုးများ၏ အကြိုက်ပင် ဖြစ်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)