စတီဖင်(န်) ရှနိုက်ဒါ
| Stephen Schneider | |
|---|---|
| မွေးဖွား | Stephen Henry Schneider February 11, 1945 နယူးယောက်, အမေရိကန်ပြည်ထောင်စု |
| ဆုံးပါး | ဇူလိုင် ၁၉၊ ၂၀၁၀ (အသက် ၆၅) လန်ဒန်, အင်္ဂလန် |
| နယ်ပယ် | Climatology |
| အဖွဲ့အစည်းဌာန | Stanford University |
| ကျော်ကြားမှုအရင်းခံ | Climate change science, policy and education Founding editor of Climatic Change |
| ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ | MacArthur Fellowship (1992) Elected to United States National Academy of Sciences (2002) |
| ဝက်ဘ်ဆိုဒ် Home page | |
စတီဖင်(န်) ရှနိုက်ဒါ (Stephen Schneider, ၁၁ ဖေဖော်ဝါရီ ၁၉၄၅ - ၁၉ ဇူလိုင် ၂၀၁၀) သည် စတန်း(န်)ဖို့ဒ်တက္ကသိုလ်မှရာသီဥတုသုတေသနပညာရှင်ဖြစ်သည်။ ၎င်းသည် ရာသီဥတုဆိုင်ရာ ပညာရပ်များကို ငယ်စဉ်ကတည်းက ခုံမင်စွာလေ့လာခဲ့သည်။
၁၉၈၀ ပြည့်လွန်နှစ်များတွင် လေထုသုတေသနပြု အမျိုးသားဗဟိုဌာနတွင် လုပ်ကိုင်ခဲ့ပြီး ကမ္ဘာကြီး ပူနွေးလာမှု ဖြစ်စဉ်သည် အမှန်တကယ် ဖြစ်ပေါ်နပြေီး အလွန်အန္တရာယ်ကြီးမားသည်ဆိုသည့် အဆိုကို ထောက်ခံအားဖြည့်သည့် ဆောင်းပါးအမြောက် အမြား ရေးသားခဲ့သည်။
၁၉၉၂ ခုနှစ်တွင် စတန်း(န်)ဖို့ဒ် တက္ကသိုလ်သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပြီး ကုလသမဂ္ဂမှ ကြီးမှူးကျင်းပသည့် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက် သည့် ဆွေးနွေးပွဲများတွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည်။ စတီဖင်(န်)သည် ကမ္ဘာကြီး ပူနွေးလာမှုကို အယုံအကြည်မရှိသူများနှင့် ဆန့်ကျင်၍ လူတို့၏ ပယောဂကြောင့်ဖြစ်ပေါ်လာသည့် ရာသီဥတုပြောင်းလဲမှု များအကြောင်းကို ပြည်သူများ သတိပြု စေခဲ့သည်။
စတီဖင်(န်) ရှနိုက်ဒါသည် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက် အသက် ၆၅ နှစ်အရွယ်တွင် ကွယ်လွန်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)