မာတိကာသို့ ခုန်သွားရန်

စတီဖင်ဘတ်ချလာ

ဝီကီပီးဒီးယား မှ
စတီဖင်ဘတ်ချလာ
Stephen Batchelor
Stephen Batchelor at Upaya Zen Center in New Mexico
မွေးဖွား (1953-04-07) ၇ ဧပြီ၊ ၁၉၅၃ (အသက် ၇၂)
Dundee, Scotland
နိုင်ငံလူမျိုးBritish
အလုပ်အကိုင်Buddhist author and teacher
အိမ်ထောင်ဖက်(များ)Martine Batchelor
ဝက်ဘ်ဆိုဒ်www.stephenbatchelor.org

စတီဖင်ဘတ်ချလာ (၁၉၅၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ဖွား) သည် ဗြိတိသျှလူမျိုး စာရေးဆရာ၊ ဆရာဖြစ်ပြီး သူသည် ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် ကမ္ဘာတစ်ဝန်းသို့ တရားအားထုတ်မှုဆိုင်ရာ ဆောင်းပါးများကို ရေးသားခဲ့သူတစ်ဦး ဖြစ်သည်။ သူသည် ဗုဒ္ဓဘာသာဖြင့် လူသိများသူ ဖြစ်သည်။

အတ္ထုပ္ပတ္တိ

[ပြင်ဆင်ရန်]

ဘတ်ချလာကို ၁၉၅၃ ခုနှစ်တွင် စကော့တလန်နိုင်ငံ၊ ဒန်ဒီး (Dundee) တွင် ဖွားမြင်ခဲ့သည်။ သူသည် သုံးနှစ်သားအရွယ်ရောက်သည့်အခါ မိသားစုသည် ကနေဒါနိုင်ငံ၊ တိုရွန်တိုသို့ ပြောင်းရွှေ့ခဲ့သသည်။ ထိုနေရာတွင် သူ၏ မိဘများသည် လမ်းခွဲခဲ့ကြသည်။ သူသည် မိခင်ဖြစ်သူ ဖီးလစ် (Phyllis, ၁၉၁၃ ခုနှစ်ဖွား) နှင့်အတူ အင်္ဂလန်သို့ ပြန်လာခဲ့သည်။ သူသည် သူ၏ ညီငယ်များဖြစ်သည့် Hertfordshire ဝက်ဖို့ရှိ ဒေးဗစ်နှင့်အတူ လူသားပီသသည့် ပတ်ဝန်းကျင်တစ်ခုတွင် ကြီးပြင်းလာခဲ့သည်။ သူသည် ဝက်ဖို့သဒ္ဒါကျောင်းတွင် အလယ်တန်းပညာရေးပြီးဆုံးပြီးနောက် ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလ (အသက် ၁၈ နှစ်အရွယ်တွင်) အိန္ဒိယနိုင်ငံသို့ ကုန်းလမ်းကြောင်းဖြင့် ခရီးထွက်ခဲ့သည်။ သူသည် Dharamsala တွင် အခြေချနေထိုင်ခဲ့သည်။ Dharamsala သည် ဒလိုင်းလားမား နေထိုင်သည့် မြို့တော်ဖြစ်ပြီး ထိုနေရာတွင် သူသည် ဂီရှီ Geshé နှင့်အတူ တိဘက်မော်ကွန်းစာကြည့်တိုက်တွင် လေ့လာခဲ့သည်။ ၁၉၇၄ ခုနှစ်၌ သူသည် Gelug ထုံးတမ်းအစဉ်အလာဖြင့် သာမဏေ ဝတ်ခဲ့သည်။ သာမဏေဝတ်၍ လအနည်းငယ်ကြာပြီးနောက်တွင် သူသည် ဆရာကြီးဦးဂိုအင်ကာထံမှ ဆယ်ရက်ကြာဝိပဿနာတရားစခန်းတွင် လေ့လာအားထုတ်ခဲ့သည်။ ဤတရားအားထုတ်မှုမှ သူသည် ဗုဒ္ဓဘာသာ၏ အခြားသောပုံစံများကိုလည်း သိချင်စိတ်ပြင်းပြလာခဲ့သည်။

Geshe Rabten ထံ၏ လမ်းညွှန်သင်ကြားပေးမှုအောက်တွင် တိဘက်ဗုဒ္ဓဘာသာအတွေးအခေါ်ကို လေ့လာရန် ၁၉၇၅ ခုနှစ်တွင် အိန္ဒိယမှ ထွက်ခွာခဲ့သည်။ ရိကွန်တိဘက်အင်စတီကျုတွင် ပထမဆုံးအနေဖြင့် လေ့လာခဲ့ပြီး ထို့နောက်တွင် Le Mont-Pèlerin တွင် လေ့လာခဲ့ပြန်သည်။ သူသည် Geshé Rabten ကို Tharpa Choeling (ယခု Rabten Choeling) တည်ထောင်ရာတွင် ကူညီခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် သူသည် Geshé ကို ဘာသာပြန်တစ်ယောက်အနေဖြင့် ကူညီရန် ဟမ်းဘတ်၊ Tibetisches Institut သို့ ပြောင်းရွှေ့ခဲ့သည်။

၁၉၈၁ ခုနှစ် ဧပြီလတွင် ဘတ်ချလာသည် တောင်ကိုရီးယားရှိ Songgwangsa ကျောင်းတော်သို့ သွားရောက်ခဲ့သည်။ ထိုကျောင်းတော်သည် Kusan Sunim ၏ ကြီးကြပ်မှုအောက်မှ ဇင်ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ထိုကျောင်းတော်တွင် သူသည် Martine Fages နှင့် တွေ့ဆုံခဲ့သည်။ သူမသည် ပြင်သစ်အမျိုးသမီးတစ်ဦးဖြစ်ကာ ၁၉၇၅ ခုနှစ်သူမသည် ရဟန်းမိန်းမအဖြစ် ခံယူခဲ့သည်။ သူသည် တောင်ကိုရီးယားနိုင်ငံတွင် ၁၉၈၄ ခုနှစ် ဆောင်းဦးရာသီအထိ နေထိုင်ခဲ့သည်။ ထို့နောက်သူသည် တိဘက်၊ တရုတ်၊ ဂျပန်စသည့်နိုင်ငံများရှိ ဗုဒ္ဓဘာာဆိုင်ရာနေရာများသို့ ဘုရားဖူးရန် ထွက်ခွာခဲ့သည်။

Kusan Sunim သေဆုံးပြီးနောက် ၁၉၈၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘတ်ချလာနှင့် Martine Fages တို့သည် လူဝတ်လဲပြီးနောက် ဟောင်ကောင်မြို့တွင် လက်ထပ်ခဲ့သည်။ ထို့နောက်တွင် အင်္ဂလန်သို့ ပြန်လာပြီးနောက် Devon, Totnes အနီးရှိ မြောက်ရှာဖန်အဖွဲ့ Sharpham North Community နှင့် ဆက်သွယ်ခဲ့သည်။ ထို့နောက်ပိုင်း ၁၅ နှစ်ကြာသည့်တိုင်အောင် ဘတ်ချလာသည် ရှာဖန်တွင် နေထိုင်ခဲ့ကာ သူသည် ၁၉၉၂ ခုနှစ်တွင် Sharpham Trust ၏ ဟန်ချက်ညီအောင် ဆောင်ရွက်ပေးနိုင်သူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့ပြင် သူသည် ဗုဒ္ဓဘာသာလေ့လာသူများအတွက် ရှာဖန်ကောလိပ် (Sharpham College) နှင့် Contemporary Enquiry(၁၉၉၆) တို့ကို ပူးတွဲကာ တည်ထောင်ခဲ့သည်။ ၁၉၉၀ မှစကာ သူသည် ဒီဗွန် (Devon) ရှိ Gaia House တရားစင်တာတွင် နည်းပြဆရာဖြစ် ဆောက်ရွက်ခဲ့သည်။ ၁၉၉၂ ခုနှစ်ကတည်းက သူသည် Tricycle: The Buddhist Review တွင် တည်းဖြတ်သူအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၀ ခုနှစ်၊ ဩဂုတ်လတွင် သူနှင့် Martine သည် ပြင်သစ်နိုင်ငံ၊ Aquitaine သို့ ပြောင်းရွှေ့ခဲ့သည်။ သူတို့သည် Bordeaux နှင့် နီးသည့် ရွာလေးတစ်ရွာတွင် နေထိုင်ကြသည်။

ဗုဒ္ဓဘာသာကို ယုံကြည်သူစာရေးဆရာတစ်ယောက်အနေဖြင့် သူသည် အာရုံစူးစိုက်မှုများကို ပါဠိစာပေတွင် မှတ်တမ်းတင်ထား၏ ဗုဒ္ဓ၏ သင်ကြားမှုများသို့ ပြင်းပြင်းပြပြ လေ့လာခဲ့သည်။ ထို့အပြင် သူသည် ဟယ်လီနီးစတစ်ဖီလိုဆိုဖီ (Hellenistic philosophies) ကိုလည်း လေ့လာခဲ့သည်။[][]

ဘတ်ချလာသည် ဗောဓိကောလိပ် ပင်မဌာန၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ကာ သူသည် ဗုဒ္ဓဘာသာပါဠိစာပေရှိ တရားစာပေများ စကားပြန်အဖြစ် စိတ်စိုက်ကာ လုပ်ဆောင်ခဲ့သည်။ သူသည် Center for Pragmatic Buddhism's[6] Advisory Board ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။[][][][] [] []

ပြုစုခဲ့သည်များ

[ပြင်ဆင်ရန်]

ဘာသာပြန်ခဲ့သည်များ

[ပြင်ဆင်ရန်]
  • Batchelor, Stephen. Verses from the Center: A Buddhist Vision of the Sublime. Riverhead Books, 2001. ISBN 1-57322-876-1. This is a translation of the Mūlamadhyamakakārikā (Fundamental Verses on the Middle Way) by Nagarjuna.
  • Rabten, Geshé. Echoes of Voidness. Translated and edited by Stephen Batchelor. Wisdom Publications, 1983. ISBN 0-86171-010-X.
  • Rabten, Geshé. Song of the Profound View. Translated and annotated by Stephen Batchelor. Wisdom Publications, 1989. ISBN 0-86171-086-X.
  • Shantideva. A Guide to the Bodhisattva's Way of Life. Translated by Stephen Batchelor. Library of Tibetan Works and Archives, 1979. ISBN 81-85102-59-7.

ကိုးကား

[ပြင်ဆင်ရန်]
  1. Higgins, Winton (2017). "The Flexible Appropriation of Tradition: Stephen Batchelor’s Secular Buddhism 23 October 2018 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .." Journal of Global Buddhism 18: 51-67.
  2. Stephen Batchelor, The Art of Solitude
  3. Faculty - Bodhi College
  4. Center for Pragmatic Buddhism 20 October 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  5. biographical chapters in Stephen Batchelor, Confession of a Buddhist Atheist. Random House, 2010.
  6. Very Good Dharma Friends: An Interview with Stephen and Martine Batchelor Dharma.org (1996)။ 26 April 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-08-12 တွင် ပြန်စစ်ပြီး။
  7. At the Crossroads Tricycle: The Buddhist Review (Fall 2002)။ 2007-09-27 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-08-12 တွင် ပြန်စစ်ပြီး။
  8. Awakening to Life, Awakening to Death Tricycle: The Buddhist Review (2010)။ 2010-04-25 တွင် ပြန်စစ်ပြီး။