စစ်ဦးစီးမှူး
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
စစ်ဦးစီးမှူး ဆိုသည်မှာ တပ်မတော်၏ ပြန်တမ်းဝင် အရာရှိများကိုသာ ခန့်အပ်သောရာထူး အခေါ်အဝေါ်တစ်ခု ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် Staff (သို့) Military Staff ဟုခေါ်ဆိုသည်။ ၎င်းရာထူးခန့်အပ်ခံရသော ပြန်တမ်းဝင် တပ်မတော်အရာရှိများသည် ဦးစီးတာဝန်နှင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာတာဝန်များအား အဓိက ထမ်းဆောင်ရသည်။
စစ်ဦးစီးမှူး ဟူသော အခေါ်အဝေါ်အား စစ်ဦးစီးပိုင်းဆိုင်ရာ ဦးစီးအရာရှိများ၏ ရာထူးအခေါ်များအတွက်သာ သုံးနှုန်းပြီး ကျန် စစ်ရေး၊ စစ်ထောက်ပိုင်းဆိုင်ရာ ဦးစီးအရာရှိများ၏ ရာထူးအခေါ်အား ဦးစီးအရာရှိ(စစ်ရေး) ၊ ဦးစီးအရာရှိ(စစ်ထောက်) ဟု သုံးနှုန်းပါသည်။ အသုံးအနှုန်း ကွဲပြားသော်လည်း ရာထူးများ၏ အဆင့်အတန်းမှာ တန်းတူဖြစ်သည်။
{ ဥပမာ ။ ။ စစ်ဦးစီးမှူး-ဒုတိယတန်း(စီမံ/လေ့ကျင့်) ၊ ဦးစီးအရာရှိ-တတိယတန်း(ဖြည့်/ထိန်း) }
ကိုးကား[ပြင်ဆင်ရန်]
![]() | ဤ တပ်မတော်နှင့် သက်ဆိုင်သည့် ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |