စက်စီ ယင်ကောင်

ဝီကီပီးဒီးယား မှ
စက်စီ ယင်ကောင်
Temporal range: en:Eocene - en:Recent 34–0 Ma
Glossina-morsitans.jpg
ဂလောက်စင်းနား မော်စီတန်း
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်း: Insecta
မျိုးစဉ်: Diptera
(unranked): Eremoneura
(unranked): Cyclorrhapha
Section: Schizophora
Subsection: Calyptratae
Superfamily: Hippoboscoidea
မျိုးရင်း: Glossinidae
Theobald, 1903
မျိုးစု: Glossina
Wiedemann, 1830
Species groups
  • Morsitans ("savannah" subgenus)
  • Fusca ("forest" subgenus)
  • Palpalis ("riverine" subgenus)
Tsetse distribution.png
Range of the tsetse fly

ယင်ကောင်များတွင် လူတို့အား အန္တရာယ်အများဆုံးပြုနိုင်သော ယင်ကောင်မှာ အာဖရိကတိုက် အပူပိုင်းဒေသရှိ စက်စီ ယင်ကောင် (Tsetse Fly) ဖြစ်သည်။ စက်စီ ယင်ကောင်သည် သာမန်ယင်ကောင်များထက် အတန်ငယ်ကြီးထွားသော ကိုယ်လုံးရှိသည်။ စက်စီ ယင်ကောင်ကြောင့် တစ်နှစ်တစ်နှစ်တွင် ပျက်စီးဆုံးပါးရခြင်းသည် မခန့်မှန်းနိုင်လောက်အောင်ဖြစ်သည်။ အာဖရိကတိုက်ရှိ အချို့အရပ်ဒေသများတွင် လူမနေနိုင်လောက်အောင်ပင် ဆိုးရွားသည်။ ဤယင်မျိုးကိုက်ခဲသည့်အခါ အကိုက်ခံသူ၏သွေးထဲသို့ ပရိုတိုဇွန်းပိုးကလေးများ ဝင်သွားသည်။

ဂလော်စင်းနား ပါလပဲလစ် (Glossina palpalis)ခေါ် ယင်ကောင်မျိုးသည် လူတို့အားကိုက်ခဲလျှင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဦးနှောက်ရောင် အိပ်မဝရောဂါကို စွဲကပ်စေတတ်၏။ ဦးနှောက်ရောင် အိပ်မဝရောဂါဟု ဆိုခြင်းမှာ ရောဂါစွဲကပ်သူသည် အစဉ် အိပ်ချင်နေတတ်ခြင်းကြောင့်ဖြစ်သည်။ ဂလောက်စင်းနား မော်စီတန်း (Glossina morsitans)ခေါ် ယင်ကောင်မျိုးသည် ကျွဲနွားတိရစ္ဆာန်မြင်းခွေးနှင့် အခြား အိမ်မွေး တိရစ္ဆာန်များကို နာဂါနား(Nagana)ခေါ် ရောဂါမျိုး ဖြစ်စေတတ်သည်။

၂ဝ ရာစုမတိုင်မီက အဆိုပါရောဂါများသည် စက်စီ ယင်ကောင်ကြောင့် ဖြစ်ပေါ်လာရကြောင်းကိုမသိကြပေ။ နောင်အခါမှ သိပ္ပံပညာရှင်တို့ စူးစမ်းရှာဖွေ၍ ထိုအကြောင်းကို သိရှိနားလည်လာကြသည်။ ယခုအခါ ထိုယင်မျိုးတို့၏အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ကြပေပြီ။ အထူးသဖြင့် စက်စီယင်ကောင်သည် မြစ်၊ ချောင်း၊ အိုင်တို့၏ ကမ်းပါးတွင်ပေါက်ပွားလေ့ရှိရာ ထိုကမ်းပါးတို့၏ အနီးအနားတစ်ဝိုက်ရှိ တော၊ ချုံ စသည်တို့ကို ရှင်းပစ်ခြင်းဖြင့် အန္တရာယ်မှသက်သာရာရစေနိုင်သည်။

ယင်ကောင်တို့တွင် စက်စီယင်ကောင်သည် အတော်ပင်ထူးဆန်းသည်။ အဘယ်ကြောင့်ဆိုသော် စက်စီယင်မသည် ဥမအုဘဲ ရက်သတ္တ ၂ ပတ်လျှင် တစ်ကြိမ် ပိုးလောင်း တစ်ကောင်ကျ ပေါက်တတ်သောကြောင့်ဖြစ်သည်။ စက်စီယင်သည် နားနေသည့်အခါ တောင်ပံကို နောက်ကျောအောက်သို့ အလျားလိုက်ခေါက်ထားလေ့ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)

အခြားကြည့်ရန်[ပြင်ဆင်ရန်]