ငှက်ပျောပင်စိုက် မိလိုက်ဘပါ

ဝီကီပီးဒီးယား မှ

ငှက်ပျောပင်စိုက် မိလိုက်ဘပါ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ငှက်ပျောပင် စိုက်လျှင် စိုက်သည့်မျိုးအတိုင်း အပင်ပေါက်သကဲ့သို့ သားသမီးတို့၏ စရိုက်သည်လည်း မိဘမျိုးရိုး၏ စရိုက်အတိုင်း ဖြစ်လာသည်။ အခြားဆိုလိုရင်းတစ်ခုမှာ ငှက်ပျောခြံ စိုက်ပျိုးလုပ်ကိုင်သူ၏ သားသမီးသည် ငှက်ပျောခြံ လုပ်ငန်းကိုပင် ဆက်လက် လုပ်ကိုင်သကဲ့သို့ မိဘ၏ အသက်မွေးမှုလုပ်ငန်းသည် သားသမီးများသို့ မျိုးရိုးစဉ်ဆက် ဆင်းသက်လိုက်လာသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ငှက်ပျောပင်စိုက်၊ မိလိုက်ဘပါ၊ ဝေါဟာခေါ်ရိုး၊ မော်ကွန်းထိုးခဲ့၊ အမျိုးလိုက်တတ်၊ များ၏မှတ်လော့၊" [၁၂၆၆] မဃ * ၂၂၃
  • "ငှက်ပျောပင်စိုက် မိလိုက်ဘပါ ဟူဘိသကဲ့သို့ လုပ်ရိုးလုပ်စဉ်ဖြစ်သော စပါးအလုပ်၊ ပဲအလုပ်စသည်တို့ကိုသာလျှင် လုပ်ကိုင်ကြလျက်..." [၁၂၈၁] သူရိယ၊ ၁၊ ၈။ ၆။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၅၇။