ငှက်ပုစဉ်းထိုး
ငှက်ပုစဉ်းထိုး (Chestnut-headed Bee-Eater) | |
---|---|
![]() | |
Thailand | |
![]() | |
Kerala, India | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Coraciiformes |
မျိုးရင်း: | Meropidae |
မျိုးစု: | Merops |
မျိုးစိတ်: | M. leschenaulti
|
ဒွိနာမ | |
Merops leschenaulti Vieillot, 1817
|
ငှက်ပုစဉ်းထိုး (Chestnut-headed Bee-Eater) (Merops leschenaulti) ကို ပုစဉ်းထိုးဟူ၍လည်း ခေါ်သည်။ ပါဏဗေဒ အမည်မှာ 'မီရော့ အိုရီတာလစ် ဗာမင်နပ်' ဖြစ်သည်။ တစ်ကိုယ်လုံးတွင် တောက်ပသောအစိမ်းရောင်ရှိသည်။ ဦးခေါင်းနှင့် အတောင်များ၌ ကြေးနီရောင် လွှမ်းနေသည်။ မျက်လုံးနီ၍ တောက်သည်။ အမြီး၏အလယ်၌ ၂ လက်မခန့်ထိုး၍ ထွက်နေသော အမွှေးများရှိသည်။
ပုစဉ်းထိုးသည် ပျား၊ ပုစဉ်းနှင့် ပိုးမွှားများကို ပျံသန်းနေစဉ်ပင် ဖမ်းယူစားတတ်သည်။ ကြေးနန်းကြိုး၊ သစ်ပင်၊ ချုံဖုတ်စသည်တို့တွင် နားနေတတ်သည်။ ပုစဉ်းထိုး၏ အသံမှာ သာယာသော်လည်း ပြောင်းလဲခြင်းမရှိ၍ ငြီးငွေ့ဖွယ်ကောင်းသည်။ သဲထူထပ်၍ ဒီရေမရောက်သော ပင်လယ်မြစ်ကမ်းပါးများတွင် နှုတ်သီးဖြင့်တွင်းတူး၍ ဥအုတတ်သည်။
ငှက်ပုစဉ်းထိုးများကို အီဂျစ်နိုင်ငံမှ ယိုးဒယားနိုင်ငံ၊ ကိုချင်ချိုင်းနားနိုင်ငံတို့အထိ အနှံ့အပြား တွေ့ရသည်။ မြန်မာနိုင်ငံတွင် ကွင်းပြင်များ၌၎င်း၊ ထိုငှက်နှင့် သင့်လျော်သော အခြေအနေရှိသည့် တောင်ကုန်းများ၌၎င်း တွေ့ရသည်။ အခြားထင်ရှားသော ငှက်ပုစဉ်းထိုးများမှာ ပုစဉ်းထိုးမြီးပြာနှင့် ပုစဉ်းထိုးခေါင်းညိုတို့ ဖြစ်သည်။ ပါဏဗေဒအရ ပုစဉ်း ထိုးမြီးပြာမှာ 'မီရော့ ဖိလစ်ပီနပ် ဖိလစ်ပီနပ်'ဖြစ်၍ ပုစဉ်းထိုး ခေါင်းညိုမှာ 'မီရော့ လေချင်နောလတီ လေချင်နော လတီ' ဖြစ်သည်။ ဤငှက် ၂ မျိုးလုံးကို အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြား တွေ့ရသည်။[၂]
ပုံများ[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
- ↑ "Merops leschenaulti" (2016). IUCN Red List of Threatened Species 2016. IUCN. doi: .
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
- IUCN အနီရောင်စာရင်းရှိ မျိုးသုဉ်းရန်အန္တရာယ်နည်းပါးသော မျိုးစိတ်
- ဘူတန်နိုင်ငံတွင် တွေ့ရှိရသော ငှက်များ
- ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့ရှိရသော ငှက်များ
- နီပေါနိုင်ငံတွင် တွေ့ရှိရသော ငှက်များ
- အိန္ဒိယနိုင်ငံတွင် တွေ့ရှိရသော ငှက်များ
- သီရိလင်္ကာနိုင်ငံတွင် တွေ့ရှိရသော ငှက်များ
- အရှေ့တောင်အာရှတွင် တွေ့ရှိရသော ငှက်များ
- ပိန်ညင်းနှင့် အလားတူငှက်များ