ငှက်ကြီးဝံပို

ဝီကီပီးဒီးယား မှ
ငှက်ကြီးဝန်ပို
(အင်္ဂလိပ်: Dalmatian pelican)
ComputerHotline - Pelecanus crispus (by) (1).jpg
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Pelecaniformes
မျိုးရင်း: Pelecanidae
မျိုးစု: Pelecanus
မျိုးစိတ်:
P. crispus
ဒွိနာမ
Pelecanus crispus
Bruch, 1832
PelecanusCrispusIUCNver2018 2.png
ငှက်ကြီးဝန်ပိုများ တွေ့ရှိရသော ဒေသများ     သားပေါက်ချိန်      မူရင်းဒေသ      Non-breeding      ဖြတ်သန်းရာ ဒေသ

ငှက်ကြီးဝန်ပို သည် ကိုယ်ပုံပန်း အချိုးအစား မကျသောငှက် ဖြစ်သည်။ နှုတ်သီးမှာ သာမန်ငှက်၏ နှုတ်သီးနှင့် မတူဘဲ ကိုယ်လုံးကိုယ်ထည်နှင့် မလိုက်အောင်ပင် ရှည်လျား၏။ အဖျား၌ အတန်ငယ်ကောက်နေ၏။ ခြေထောက်များမှာ တိုသော်လည်း ဘဲခြေကဲ့သို့ ခြေဖဝါးများ ပါရှိသည်။ ဤငှက်မျိုးကို သမပိုင်းဒေသများတွင်၎င်း၊ အပူပိုင်းဒေသ များတွင်၎င်း တွေ့ရသည်။ ငှက်ကြီးဝံပိုမျိုးစိတ်ပေါင်း ၁ဝ မျိုး ခန့် ရှိ၏။ ငှက်ကြီးဝံပို အကြီးစားမှာ အရပ်အမြင့် ၅ ပေ ကျော်ကျော် ၆ ပေခန့်ရှိပြီး အတောင်ဖြန့်လိုက်သောအခါ အလျား ၁ဝ ပေမျှ ရှိသည်။ သာမန်ငှက်ကြီးဝံပိုမျိုးကို ဥရောပတိုက်တောင်ဘက်ပိုင်းနှင့် အာရှတိုက်၊ အာဖရိကတိုက် များ တွင်လည်း တွေ့ရသည်။ ယင်း၏ ပါဏဗေဒ အမည်မှာ 'ပယ်လီကင်နပ် အိုနိုကရိုတဲလပ်' ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်ကျွန်းစုများတွင် တွေ့ရသော ဝံပိုမျိုးမှာ 'ပယ်လီ ကင်နပ် ဖိလစ်ပင်ဆစ်'မျိုး ဖြစ်သည်။

ငှက်ကြီးဝံပိုတို့သည် မြစ်နှင့် ရေအိုင်ကမ်းပါး အနီးအနား တွင် အစုလိုက် အအုပ်လိုက်နေတတ်ကြသည်။ အပေါင်း အသင်းနှင့် အစုအအုပ်ဖွဲ့၍ နေတတ်ရုံသာမကသေးဘဲ အစာရှာ ရာတွင်လည်း အတူတူစုရုံး၍ တပျော်တပါးကြီး အစာရှာ ထွက် လေ့ရှိသည်။ ဥသည့်အခါတွင် တစ်ခါဥလျှင် ၂ ဥမှ ၃ ဥ အထိသာ အုတတ်သည်။ ဥများမှာ အများအားဖြင့် အဖြူရောင် ဖြစ်သည်။ဩစတြေလျတိုက်တွင် ငှက်ကြီးဝံပိုမျိုး တစ်မျိုး တည်းသာ ရှိသော်လည်း အမေရိကတိုက်တွင်ကား ဤငှက်မျိုး ပေါင်း မြောက်မြားစွာ ရှိသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International (2017). "Pelecanus crispus". The IUCN Red List of Threatened Species 2017. IUCN. doi:10.2305/IUCN.UK.2017-3.RLTS.T22697599A119401118.en. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)