ငှက်ကြီးဝန်ပိုဖြူ

ဝီကီပီးဒီးယား မှ
ငှက်ကြီးဝန်ပို
Great white pelican (Pelecanus onocrotalus).jpg
အီသီယိုးပီးရားနိုင်ငံ၊ ဇီဝေးရေကန်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Pelecaniformes
မျိုးရင်း: Pelecanidae
မျိုးစု: Pelecanus
မျိုးစိတ်:
P. onocrotalus
ဒွိနာမ
Pelecanus onocrotalus
PelecanusOnocrotalusIUCNver2018 2.png
P. onocrotalus ၏ ကျက်စားရာ ဒေသ     သားပေါက်ချိန်      မူရင်းဒေသ      သားမပေါက်ချိန်

စက္ကဝက်သည် ဝံပိုငှက်တစ်မျိုး ဖြစ်သည်။ ပါဏဗေဒအမည်မှာ 'ပယ်လီကင်နပ် အိုနိုကရိုတဲလပ်' (Pelecanus onocrotalus) ဖြစ်သည်။ အလျား ၆၅ လက်မရှိ၏။ စက္ကဝက်အကောင်ကြီးသည် သာမန်အချိန်တွင်

ဖြူ၍ သားပေါက်ချိန်၌ ပန်းရောင်ရှိ၏။ ငှက်ကလေးသည် အောက်ပိုင်းတွင် သစ်ကျားသီးရောင် ရှိ၏။ ယင်းတို့သည် သုံးနှစ် လေးနှစ်ကြာမှ အမွေးအတောင် ပြည့်စုံကြသည်။

စက္ကဝက်ငှက်သည် ဥရောပတိုက် အရှေ့တောင်ပိုင်း ဒေသ များနှင့် အာရှတိုက်ရှိ အချို့ဒေသများတွင် သားပေါက်သည်။ ဆောင်းရာသီတွင် ထိုငှက်များကို တရုတ်နိုင်ငံတောင်ပိုင်း၊ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါးရှင်းပင်လယ်ကွေ့၊ အာဖရိက တိုက်တို့တွင် တွေ့ရသည်ဟု ဆို၏။ မြန်မာနိုင်ငံသို့ ဆောင်း ရာသီတွင်သာ လာရောက်သည်။ ဩဂုတ်လတွင် ရောက်လာ၍ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွင် ထွက်ခွာသွားကြသည်ဟု ထင် မှတ်ရသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International (2012). "Pelecanus onocrotalus". IUCN Red List of Threatened Species 2012. IUCN. 
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)