ငွေသားစီးဆင်းမှုရှင်းတမ်း
ပုံပန်းသွင်ပြင်
ငွေသားစီးဆင်းမှုရှင်းတမ်း (အင်္ဂလိပ်: Statement of Cash Flows) ဆိုသည်မှာ လုပ်ငန်းတစ်ခု၏ ငွေသားအဝင်အထွက်စီးဆင်းမှု၊ အမြတ်/အရှုံးနှင့် ငွေသားလက်ကျန်အကြား ကွာဟမှု၊ ငွေသားပါဝင်သောလုပ်ဆောင်ချက်များ အစရှိသည်တို့ကိုဖော်ပြသော ဘဏ္ဍာရေးရှင်းတမ်းဖြစ်သည်။ ငွေသားစီးဆင်းမှုရှင်းတမ်းကို နိုင်ငံတကာစာရင်းစံနှုန်းများအပိုဒ်-၁ (IAS-1) အရ အောက်ပါအတိုင်းရေးဆွဲသည်။
| ငွေသားစီးဆင်းမှုရှင်းတမ်း | |
|---|---|
| လုပ်ငန်းလည်ပတ်ခြင်းတွင် အသားတင်ရရှိသော/(ကုန်ဆုံးသွားသော)ငွေသား | xx/(xx) |
| ရင်းနှီးမြှုပ်နှံမှုများတွင် အသားတင်ရရှိသော/(ကုန်ဆုံးသွားသော)ငွေသား | xx/(xx) |
| ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်များတွင် အသားတင်ရရှိသော/(ကုန်ဆုံးသွားသော)ငွေသား | xx/(xx) |
| အသားတင် ငွေသားအတိုး/(အလျော့) | xxx/(xxx) |
| စာရင်းဖွင့်ငွေသားလက်ကျန် | xx/(xx) |
| စာရင်းပိတ်ငွေသားလက်ကျန် | xxx/(xxx) |