ငြိမ်းကျော်

ဝီကီပီးဒီးယား မှ
ငြိမ်းကျော်
အမည်ရင်းမောင်မောင်ကြီး
မွေးဖွား(1943-01-20)၂၀ ဇန်နဝါရီ၊ ၁၉၄၃
အင်းစိန် ရန်ကုန်မြို့
အိမ်ထောင်ဖက်ဒေါ်ခင်သန်း

လက်မှတ်

ငြိမ်းကျော် (၁၉၄၃-၁၉၉၅) သည် မြန်မာနိုင်ငံသား စာရေးဆရာ ဖြစ်သည်။

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

၁၉၄၃ ခု၊ ဇန်နဝါရီလ ၂၀ ရက်တွင် အင်းစိန် ပေါက်တောရပ်နေ ဦးအေးမောင်၊ ဒေါ်အုန်းတို့မှ မွေးသည်။ ငယ်မည်မှာ အပါ ဖြစ်ပြီး အမည်ရင်းမှာ မောင်မောင်ကြီး တွင်သည်။

၁၉၄၉ ခုတွင် ဒေါ်ချစ်မေကျောင်းတွင် ပညာစသင်ပြီး ဦးငွေထွန်းကျောင်း၌ စတုတ္ထတန်း ပညာသင်ဆုရသည်။

တက္ကသိုလ်ဝင်တန်းကို ၁၉၆၄ ခုတွင် နည်းပြသိပ္ပံ အလွတ်ပညာသင်ကျောင်းမှ အောင်မြင်ပြီး ၁၉၆၅ ခုတွင် ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာအဓိကဖြင့် ပညာသင်သည်။

၁၉၇၄ ခုတွင် မြန်မာစာတန်းကို စကားပြေအထူးဆုနှင့် အောင်မြင်ပြီး မဟာဝိဇ္ဇာတက်ရန် အဆင့်မီသည်။

စာပေလှုပ်ရှားမှု[ပြင်ဆင်ရန်]

အထက်တန်းအောင်ပြီးနောက် ဝတ္ထုတိုများ၊ ကဗျာများ ရေးခဲ့သည်။ မောင်ယမုန် ကလောင်နှင့် ပို့သည့် ချစ်သည်သာဆိုရုံမျှ ဝတ္ထုတိုမှာ မြဝတီမဂ္ဂဇင်း၌ ဖော်ပြခံရသည်။ ငြိမ်းကျော် ကလောင်ဖြင့် ပို့သည့် ကိုဘောဂ ဝတ္ထုလည်း မြဝတီ၌ ပါလာသည်။

ပထမနှစ်ကျောင်းသားဘဝတွင် ရေးသည့် မြန်မာ ပြဇာတ်ရေစီးကြောင်း ဆောင်းပါးကို ပညာပဒေသာ စာစောင်တွင် ဖော်ပြခံရသည်။ ၈၀၂ ခုနှစ် သရေခေတ္တရာ တရုတ်နိုင်ငံရောက် ပျူဂီတအဖွဲ့၊ တူရိယာနှင့် စကေး စာတမ်းမှာ ထင်ရှားသည်။

၁၉၇၂ ခုတွင် မြန်မာနိုင်ငံ သုတေသနအသင်းတွင် လက်ထောက် အထွေထွေအတွင်းရေးမှူးအဖြစ် လုပ်ကိုင်သည်။

ရေးသားသော စာအုပ်စာတမ်းများ[ပြင်ဆင်ရန်]

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
ကျင်လည်ရာဘဝများစွာ၌ ၁၉၆၆
ငွေတောင် (သုဓနု မနော်ဟရီဇာတ်နှင့် သမိုင်းကြောင်းသုတေသန) ၁၉၇၃ အမျိုးသားစာပေဆု (သုတပဒေသာ ဝိဇ္ဇာ)
နှလုံးသားမြို့ဟောင်းတူးဖော်ချက် နောက်ဆုံးအစီရင်ခံစာ ၁၉၇၅
မြောက်ပြန်လေတွင် တင်သောကမ္ပည်း ၁၉၇၆
အချစ်ဦးသို့ ရွှေနားတော်သွင်း ဧချင်း ၁၉၇၆ ဗီဒီယို ရိုက်
မိုးမသောက် မှောင်မိုက်အရိပ်မပြေးမီ ၁၉၇၈
ခုတော့လည်း သူစိမ်းတွေလိုပါပဲလား ၁၉၇၈
အချစ်ရပ်ဝန်းဒေသ ၁၉၇၉
အလွမ်းပျော်ရဲ့ မေ့မရတဲ့အချစ်ဆုံးအတ္ထပ္ပုတ္တိ ၁၉၈၀
တကောင်းကန္တု၊ ကန္တုငနားကြီး လေ့လာချက် -

ပါမောက္ခလုစ်၊ ဦးဖိုးလတ်နှင့် ဒေါက်တာထင်အောင်တို့၏ သမိုင်းဆိုင်ရာပြဿနာ

၁၉၈၀
အလွမ်းစကား ၁၉၈၀ မမ အမည်ဖြင့် ရုပ်ရှင်ရိုက်
နံ့သာပင်ရိပ်မှာ ချွေးသိပ်ဖြေတော့ကွယ် ၁၉၈၀
ပန်းဇာဖြူ ၁၉၈၀
ပြောပြလိုက်ပါ ရှင်မွေ့လွန်းပွင့်ရယ် ၁၉၈၀
မိုးစက်ပွင့်သို့ တမ်းချင်း ၁၉၈၀ မျက်နှာမများတတ်သူပါ အမည်ဖြင့် ရုပ်ရှင်ရိုက်
ချစ်ခြင်းတရား၏ ကျေးဇူးမဲ့စကားကို ထာဝရမဆိုတတ်သော ၁၉၈၁
တမ်းတခြင်းများစွာဖြင့် ၁၉၈၁
နှလုံးသည်းပွတ်တို့မည်သည် ဘာသာပြန်၍ မရနိုင်စကောင်း ၁၉၈၁
မြူနှင်းများ လွင့်ပြယ်စ ၁၉၈၁
ရင်နှင့်အမျှ ၁၉၈၁
လွမ်းလို့ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ ၁၉၈၁ ရုပ်ရှင်ရိုက်
သစ္စာမဲ့သောအရပ်၌ မခိုလှုံခဲ့ပါလျက် ၁၉၈၁
တစ်ခါက ၁၉၈၂ ဗီဒီယိုရိုက်
တောင်ပံမဲ့စွာ ပျံသန်းလာသော အချစ်ရဲ့ခြေသံနှင့် ဝတ္ထုလတ်များ ၁၉၈၂
နွေ၌ပင်တွေ့ရသော ရွက်နုသစ်နှင့် ဝတ္ထုတိုများ ၁၉၈၂
ပါမောက္ခနှင့် ငါးမူးစေ့ ၁၉၈၂
ပါရမီဖက် ခင်မွန် ၁၉၈၂
နွေရာသီဦးရဲ့ စာမျက်နှာများမှာ ၁၉၈၂
အချစ်၏မျက်နှာကို ရှာဖွေတွေ့ခဲ့ပြီ ၁၉၈၂ သီးခြားကမ္ဘာလေးထဲမှာ အမည်ဖြင့် ရုပ်ရှင်ရိုက်
ဆောင်းဦးပေါက်ပြီ ၁၉၈၃ ခုတော့သိပြီ မင်းကို ကိုယ်ချစ်သည် အမည်ဖြင့် ရုပ်ရှင်ရိုက်
နှောင်းခဲ့ပြီနွေ ၁၉၈၃ ရုပ်ရှင်ရိုက်
လွမ်းခဲ့သမျှ သုံးရာသီ ၁၉၈၃
တခါတရံမျှကိုပင် ၁၉၈၃
အေးစက်မာကျောတဲ့အသည်းနှလုံးကို အရည်ပျော်စေနိုင်သတဲ့ ၁၉၈၄
အတိတ်လွင်ပြင်ကို ဖြတ်သန်းလာတဲ့ အကြင်နာမျက်နှာစိမ်း ၁၉၈၄
အစဉ်သဖြင့် ၁၉၈၄ ရုပ်ရှင်ရိုက်
တခဏတော့ လွမ်းတာရှည် ၁၉၈၄
သစ်ရည်တက်ချိန် လွမ်းတချိန် ၁၉၈၅
မျက်ဝန်းရည်ချို ခန်းခဲ့ပြီ ၁၉၈၅
မမ ဖယောင်းပန်းပွင့်တပွင့်နှင့် ဝတ္ထုလတ်များ ၁၉၈၅
နှင်းခဲပွင့် ကန္တာရအလွမ်း ၁၉၈၅
အောက်မေ့တသခြင်းကင်းသော ၁၉၈၅
တောနှင့်တောင်ခွင် လွမ်းဖွယ်မြင်သည် ၁၉၈၅
ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်းက လွမ်းတတ်တဲ့သူ ၁၉၈၈
ပဉ္စမမြောက် ဆောင်းရက်များ ၁၉၈၈
မျှော်လင့်ထားသည်မှအပ ၁၉၈၉
ဝတ္ထုတိုစုစည်းမှု ၁ ၁၉၈၉
ဝတ္ထုတိုစုစည်းမှု ၂ ၁၉၈၉
သတိတရ နေ့ညအသင်္ချေ ၁၉၈၉
အပြာရောင်သစ်ခွပွင့်ရဲ့ သမိုင်းအစ ၁၉၈၉ ဗီဒီယို ရိုက်
နွေဦးဝင်သော် ၁၉၈၉
ဘယ်လိုမှ မေ့လို့မရပါဘူးကွယ် ၁၉၈၉
ဒေါင်းတတွန် စွန်တဝဲ ဝေးသည်ကိုမျှ ၁၉၈၉
ဆုံစည်းတန်ကောင်းပါရဲ့ မြခင်ခင် ၁၉၈၉
အကြွင်းမဲ့ ၁၉၉၀
နှစ်မကူး လမပျံ ၁၉၉၀
စပျစ်သီးမချိုမချဉ်နှင့် ဝတ္ထုတိုများ ၁၉၉၀
ငဲ့ငဲ့ညှာညှာ ၁၉၉၂ ကိုယ်တိုင် ဗီဒီယို ရိုက်
ထားခဲ့ပြီ ၁၉၉၂
နေစိမ့်ပါရဲ့ ၁၉၉၂
ဣန္ဒြေကြီးစွာ ၁၉၉၂
ပစ်ပစ်ခါခါ ၁၉၉၃
ကျွန်တော်လွမ်းသည် ကျမလွမ်းသည် ၁၉၉၃
ခါနွေဆန်းတော့ လွမ်းမိသည် ၁၉၉၃
ခင် ၁၉၉၃
ကာလများစွာ ကြာမြင့်ခဲ့သော် ၁၉၉၄
ခုလိုသာဆိုရင် ၁၉၉၄
ချစ်သူစင်စစ် ဧကန်ဖြစ်ပါလျက် ၁၉၉၄
ရာသက်ပန် ၁၉၉၄
ကိုငှက်ရိုး ဝတ္ထုတိုများ
ကိုငှက်ရိုးနှင့် သနပ်ခါးလူးခြင်း
ချစ်ခြင်း၏ စာမျက်နှာများမှာ
ဆီးနှင်းဝေဝေ နွေမရောက်သေး
ပဉ္စမမြောက် သမ္မာကျမ်းစာသစ်၏ အမိန့်တော်ပြန်တမ်း
ပျူခေတ် ရဟန္တာနှင့် သုတေသနစာတမ်းများ
ပြန်သွားတော့ လွမ်းမှာပေါ့
မယ့်ကိုယ်စား မွှေးမြစေသလား
မြူဆိုင်းတဲ့နွေတိုင်းမှာ ဝတ္ထုတိုများ
ဝေးသောအခါမှ
သံယောဇဉ်မနက်ခင်းမှာ
သံသရာ ရေမြေခြားစေတော့
သမုဒယမော်ကွန်း တင်ရစ်စေသတည်း
အချစ်အတွက် သစ္စာတိုင်ရတုတစ်ပုဒ်ပါ
အပြည်ပြည်ဆိုင်ရာ အချစ်ဒုက္ခသည်များနေ့နှင့် အခြားဝတ္ထုရှည်များ
အိပ်မက်၌ပင် ၁၉၉၄
မြားနတ်မောင် စီရင်ရာကွယ်နှင့် ဝတ္ထုရှည်များ ၁၉၉၅
မောင့်ဦးရစ်သရဖူ ၁၉၉၅
အချစ်ရယ် ... တောင်စွယ်မှာ နေကွယ်မှတော့ ၁၉၉၅

အိမ်ထောင်ရေး[ပြင်ဆင်ရန်]

၁၉၆၆ ခုတွင် ဒေါ်ခင်သန်းနှင့် လက်ထပ်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၉၅ ခု၊ အောက်တိုဘာလ ၁၇ ရက်တွင် ကွယ်လွန်သည်။ ဇနီး ဒေါ်ခင်သန်းနှင့် သားသမီး (၇) ယောက် ကျန်ရစ်သည်။

ကိုးကား[ပြင်ဆင်ရန်]