ငုယင်ထန်နမ်

ဝီကီပီးဒီးယား မှ

ဗိုလ်မှူးကြီး ငုယင်ထန်နမ် (ဗီယက်နမ်: Nguyễn Thành Nam ) သည် ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတဦးဖြစ်ပြီး လက်ရှိတွင် ဗီယက်တယ်လုပ်ငန်းစု၏ ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည်။

သက်မွေးလမ်းကြောင်း[ပြင်ဆင်ရန်]

ငုယင်ထန်နမ်သည် ဗီယက်တယ်ကို ၂၀၀၄ ခုတွင် စတင်ဝင်ရောက်ပြီး ဗီယက်တယ်၏ ပထမမျိုးဆက် ကွန်ယက်နည်းပညာရှင်များအနက် တဦးဖြစ်သည်။ စစ်တပ်သုံး ဖိုင်ဘာကြိုးများချသည့် စီမံကိန်းတွင် တိုက်ရိုက်ပါဝင်ရသည်။ နောက် ဗီယက်တယ်ထုတ်လွှင့်မှုကုမ္ပဏီ (Viettel Transmission Company) ၏ ညွှန်ကြားရေးမှူး ဖြစ်လာသည်။ နောက် ဗီယက်တယ်လုပ်ငန်းစု စီမံကိန်းဌာနမှူး၊ ဗီယက်တယ်ကွန်ယက်ကော်ပိုရေးရှင်း (Viettel Network Corporation) ၏ ညွှန်ကြားရေးမှူးချုပ် ရာထူးများကို ထမ်းဆောင်သည်။

ငုယင်ထန်နမ်၏စွမ်းဆောင်ရည်ကို ထင်ရှားစေသည်မှာ မြန်မာနိုင်ငံရှိ ဗီယက်တယ်၏လုပ်ငန်းခွဲ မိုင်တယ်ကို ပထမ ၃-လပတ်အတွင်း သုံးစွဲသူ ၃ သန်းရအောင် လုပ်ဆောင်ခြင်းတည်း။ ယင်းပမာဏမှာ ကမ္ဘာ့တယ်လီကွန်းလုပ်ငန်းတွင် စံချိန်တင်သော တိုးတက်မှုရလဒ်ဖြစ်၏။ [၁]

၂၀၁၈ ခုတွင် ဗီယက်တယ်လုပ်ငန်းစု၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့တာဝန်ယူရသည်။ ၎င်းတာဝန်ဖြင့် လူ့စွမ်းအားရင်းမြစ်ဆိုင်ရာ ဖွံ့ဖြိုးရန်၊ ကော်ပိုရိတ်သုံးစွဲသူများ တိုးတက်ရန်၊ ကွန်ယက်လုံခြုံရေး ကောင်းမွန်ရန် လုပ်ဆောင်မည်ဖြစ်သည်။ [၂]

ဆုတံဆိပ်များ[ပြင်ဆင်ရန်]

နာမည်ကြီးသည်ဆိုသော တယ်လီကွန်းအေးရှားမှ တနှစ်တာအတွက်အကောင်းဆုံးအမှုဆောင်အရာရှိချုပ်ဆုကို  ၂၀၁၉ ခုတွင် ရသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Saw Yi Nanda. "MyTel aims to double subscribers Archived 5 February 2021 at the Wayback Machine.". Myanmar Times. 2019-02-14.
  2. Thứ San. "CEO Mytel được bình chọn là CEO của năm". Phapluat. 2019-05-22.
  3. "Former Mytel head wins industry recognition Archived 7 September 2021 at the Wayback Machine.". Myanmar Times. 2019-05-29.