ငါးသိုင်းများ ဟင်းဟုံ

ဝီကီပီးဒီးယား မှ

ငါးသိုင်းများ ဟင်းဟုံ သည် မြန်မာစကားပုံနှင့်မြန်မာဆိုရိုးစကား တစ်ခုဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

ဟင်းသီးဟင်းရွက် ချက်ရာတွင် ငါးသိုင်းကျပ်တင်ကို သင့်ရုံခတ်လျှင် အရသာရှိသော်လည်း၊ အလွန်အကျွံ ခတ်လျှင် ဟင်းသီးဟင်းရွက်၏ မူလအရသာ ပျက်ပြယ်သွားတတ်သည်။[၁] အခြားဆိုလိုရင်းတစ်ခုမှာ ဟင်းချက်ရာတွင် ငါးသိုင်းကို သင့်ရုံ ခတ်လျှင် အရသာရှိသော်လည်း အလွန်အကျွံ ခတ်လျှင်မူ မူလဟင်း၏အရသာ မပေါ်လွင်သကဲ့သို့ ကောင်းသည်ဆိုသောအရာများသည်ပင် လိုအပ်သည်ထက် ပိုလွန်က အကောင်းမပေါ်လွင်နိုင်တော့ချေ။ [၂]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ငါးသိုင်းများ ဟင်းဟုံဆိုတာမျိုးလို ခရာလုံး တာလုံးတွေ ဒီလောက်များတော့ ကြားရသူ နားကလောပြီး..." [၁၂၈၉] ဒဂုန်၊ ၇၊ ၁၀၇။ ၂၇။
  • "ငါးသိုင်းများ ဟင်းဟုံသတဲ့။ ဒီတော့ မပျင်းရုံကလေးရေးမှ ကောင်းမယ်။ စကားကြောရှည်ပြီး မျောနေအောင် မရေးနဲ့လို့..." [၁၂၉၂] ကဝိမှန်၊ ၄၊ ၄။ ၁၇၇။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. မြန်မာစကားပုံ (စတုတ္ထအကြိမ်ပြင်ဆင်တည်းဖြတ်ခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. ၅၅။