ငါးသလောက်

ဝီကီပီးဒီးယား မှ
Ilish, Hilsha Fish.
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Clupeiformes
မျိုးရင်း: Clupeidae
မျိုးရင်းသေး: Alosinae
မျိုးစု: Tenualosa
မျိုးစိတ်:
T. ilisha
ဒွိနာမ
Tenualosa ilisha
Synonyms
  • Clupanodon ilisha Hamilton, 1822
  • Clupea ilisha (Hamilton, 1822)
  • Hilsa ilisha (Hamilton, 1822)
  • Macrura ilisha (Hamilton, 1822)
  • Tenualosa illisha (Hamilton, 1822)
  • Tenualosa illsha (Hamilton, 1822)
  • Clupea palasah Cuvier, 1829

ငါးသလောက်ကို ပါဏဗေဒအမည်အားဖြင့် 'ဟီလဆာ အလီရှား'ဟု ခေါ်သည်။ အရသာရှိသော ငါးအဖြစ် အသိများ သည်။ ရေချို ရေငန် နှစ်ရပ်လုံးတွင် နေနိုင်သည်။ မိုးတွင်း အခါ၌ ဥ ဥရန် ပင်လယ်မှ မြစ်ထဲသို့ဆန်တက်လာလေ့ရှိသည်။ ဥပြီး ငါးသလောက်သည် ကြုံလှီသွားကာ အရသာ ပျက်သွား တတ်သည်။ ငါးသလောက်၏ ကိုယ်သည် ပြား၍ ပြက်အနည်း ငယ်ကျယ်သည်။ ကျောဆူးတောင် အထက်နားသည် အလယ်၌ ခွက်နေ၏။ အမြီးခွသည် စောက်နက်၍ အဖျားနှစ်ခုသည်ဘေး သို့ ကားထွက်နေသည်။ အကြေးများသည် ခေါင်းမှ အမြီးတိုင် အောင် ညီညီညာညာ ရှိကြသည်။ အရောင်မှာ ရွှေရောင်သန်း လျက်ရှိ၍ တစ်ခါတစ်ရံ ကန့်လန့်အမည်းစင်းများ ထင်နေ တတ်သည်။ အထူးသဖြင့် ငါးသလောက်ငယ်များတွင် ကျော ပိုင်း၌ ကန့်လန့်အမည်းစင်းများ ပါလေ့ရှိသည်။ ကိုယ်ရှည် ၁ ပေမှ ၁ ပေအထိ ရှိတတ်၏။ ငါးသလောက်ကို ဟင်းလျာ အဖြစ် သုံးကြရုံမက ငါးပိဆားနယ်အဖြစ်လည်း သုံးကြသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Freyhof, J. (2014). "Tenualosa ilisha". IUCN Red List of Threatened Species 2014. IUCN. 
  2. "Tenualosa ilisha" (2015). IUCN Red List of Threatened Species 2015. IUCN. 
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)