ငါးရံ့ရ အတူတူ၊ ငါးခူရ ခွဲခြမ်းခွဲခြမ်း

ဝီကီပီးဒီးယား မှ

ငါးရံ့ရ အတူတူ၊ ငါးခူရ ခွဲခြမ်းခွဲခြမ်း ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

အိုင်ပက်သူ နှစ်ဦးသည် ငါးရံ့ကလေးများ ရသောအခါ နှစ်ယောက်အတူတူ ပိုင်သည်ဟု သဘောထားကြသော်လည်း ငါးခူးကြီးများ ရသောအခါ လောဘဝင်၍ ခွဲခြမ်းခွဲခြမ်း လုပ်သကဲ့သို့ အလုပ်တူတူ လုပ်သူအချင်းချင်း အကျိုးအမြတ် နည်းသော် အကျိုးတူသဘော ခံယူနိုင်ကြသော်လည်း အကျိုးအမြတ်များသော် အဝေမတည့် ဖြစ်လာသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "နောက်လိုက်ငယ်သားတို့ အပေါ်၌ ငါးရံ့ရတော့ အတူတူ၊ ငါးခူရတော့ ခွဲခြမ်းခွဲခြမ်း ဆိုသကဲ့သို့ မမျှတသော မနောဆိုး သဘောဆိုးများ ပေါ်ပေါက်၍..." [၁၃၁၄] မင်မြူ။ ၃၄။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၅၄။