ငါးယုတ်

ဝီကီပီးဒီးယား မှ
Arius acutirostris
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Siluriformes
မျိုးရင်း: Ariidae
မျိုးရင်းသေး: Ariinae
မျိုးစု: Arius
မျိုးစိတ်:
A. acutirostris
ဒွိနာမ
Arius acutirostris
Day, 1877
Synonyms

Tachysurus acutirostris (Day 1877)

ငါးယုတ် (Arius acutirostris) သည်'အေးရိယပ်' ပင်လယ်ငါးမျိုးစုတွင် ပါဝင် သည်။ ပါဏဗေဒအမည်မှာ 'အေးရိယပ်အက္ကူတီရော့စတြစ်' ဖြစ်သည်။ ငါးယုတ်၏ ဦးခေါင်းသည် ပြား၏။ အထက်မေးရိုး သည် ရှေ့သို့ ငေါထွက်နေ၏။ ပထမကျောဆူးတောင်သည် အထက်ဘက်သို့ ထိုးထွက်နေ၏။ ထိုဆူးတောင်၏ အရှေ့တွင် ခွေးသွားစိတ် အနားများရှိသော ဆူးရှည်ရှည်တစ်ချောင်း ရှိ သည်။ ဒုတိယ ကျောဆူးတောင်သည် အဆီဖြင့် ပြည့်ဝလျက် ရှိသည်။ အမြီးဆူးတောင်သည် နှစ်ခွကွဲလျက် ရှိသည်။ ငါး ရင်ခုံနှင့် ငါးရောင်တို့သည် ငါးယုတ်နှင့် မျိုးချင်းနွယ်သော ငါး များဖြစ်ကြသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Vidthayanon, C. (2012). "Arius acutirostris". IUCN Red List of Threatened Species 2012. doi:10.2305/IUCN.UK.2012-1.RLTS.T180710A1654543.en. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)