ငါးမြင်းကကလောင်

ဝီကီပီးဒီးယား မှ
ငါးမြင်းကကလောင်
Eutropiichthys vacha
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Siluriformes
မျိုးရင်း: Schilbeidae
မျိုးစု: Eutropiichthys
မျိုးစိတ်:
E. vacha
ဒွိနာမ
Eutropiichthys vacha
Hamilton, 1822
Synonyms
  • Bagrus vacha Hamilton, 1822
  • Eutropiichthys burmannicus Day, 1877
  • Eutropiichthys vacha burmannicus Day, 1877
  • Pachypterus punctatus Swainson, 1839
  • Pimelodus vacha Hamilton, 1822

ပါဏဗေဒအလိုအရ ငါးမြင်းကကလောင် သို့မဟုတ် ငါးကလောင်ကို 'ယူတြိုပီအစ်ခသစ်ဗာချား'ဟု ခေါ်သည်။ ငါးမြင်းကကလောင်၏ ကိုယ်သည်ပြား၍ ရှည်လျား၏။ ဦးခေါင်းကိုပျော့သော အရေပြားဖြင့် ဖုံးအုပ်ထားသည်။ ပါးစပ် သည် အထက်ဖက်သို့ နှာတံထိအောင်ကွဲနေသည်။ မျက်စိသည် ဦးခေါင်း၏ ဘေးဖက်တွင်ရှိသည်။ ပြန့်ကျယ်သော မျက်ခွံ၌ အဆီရှိသည်။ နှာတံနှင့် အထက်မေးရိုးတို့တွင် နှုတ်သီးမွေး တစ်စုံစီရှိသည်။ အောက်မေးရိုးတွင် နှုတ်သီးမွေး နှစ်စုံပါ ရှိသည်။ မေးရိုးတွင် ထက်သောသွားများရှိသည်။ ရင်ဆူးတောင် တွင် ဆူးတစ်ချောင်းပါရှိလေသည်။ စအိုဆူးတောင်သည် စောက်နက်နက် ခွနေ၍ အဖျားတွင် ချွန်နေသည်။ နောက် ကျောဆူးတောင်၌ အဆီပြည့်ဝလျက်ရှိသည်။ ကိုယ်ရောင်မှာ ငွေရောင်သန်း၍နေ၏။ ဦးခေါင်းနှင့်ဝမ်းပိုင်းတွင် ဟင်းသပြဒါး ရောင်ကွက်များ ပါရှိသည်။ ကျောဖက်တွင် ညိုမှိုင်းမှိုင်းအရောင် ရှိသည်။ အလျား ၁၅ လက်မခန့်ရှိ၍ ပျမ်းမျှ အလေးချိန် ၅၅ ကျပ်သားခန့် စီးသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)