ငါးဖျံ
ငါးဖျံ | |
---|---|
![]() | |
Periophthalmus barbarus mudskippers in The Gambia | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Actinopterygii |
မျိုးစဉ်: | Gobiiformes |
မျိုးရင်း: | Oxudercidae |
မျိုးရင်းသေး: | Oxudercinae Gunther 1861[၁] |
Genera | |
en:Apocryptes | |
Synonyms | |
|
ငါးဖျံ (Mudskipper) သည် အပူပိုင်းဒေသက ငါးကလေးတစ်မျိုးဖြစ်သည်။ ထိုငါး၏ ရှေ့ဖက်ဆူးတောင်များသည် ပင်လယ်ဖျံများ၏ ရေယက်များကဲ့သို့ ကြီးထွားကြသည်။ ထိုငါးသည် ကုန်းသို့ တက်ကာ ဒီရေအတက်အကျရှိသည့် နေရာများ၌ ကျက်စား တတ်သည်။ ကျောက်ဆောင်များ၊ သစ်ပင်အမြစ်များပေါ်သို့ နှံကောင်ကဲ့သို့ ခုန်တက်၍ ပိုးကောင်ကလေးများကို ရှာဖွေ စားသောက်တတ်သည်။ ဩစတြေလျတိုက်ရှိ ကျောက် တန်းများတွင် တွေ့ရသော ငါးဖျံတစ်မျိုးမှာ လေသက်သက်ကို သာ ရှူနိုင်သော ငါးမျိုးဖြစ်ရာ ရေအောက်တွင်ထားလျှင် မွန်း၍ သေဆုံးတတ်သည်။
ငါးဖျံကို အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ မြစ်များတွင် တွေ့ရ သည်။ ငါးဖျံမျိုးများကို ဩစတြေလျတိုက် ဂရိတ် ဗရီးယားရိ ခေါ် ကျောက်သန္တာတန်း၌လည်း တွေ့နိုင်သည်။ အမေရိကတိုက် အပူပိုင်းဒေသ၌ မျက်စိ ၄ လုံးနှင့် ငါးဖျံမျိုး ရှိသည်ဟု ဆို သည်။ မျက်စိ ၄ လုံးဟုဆိုရာတွင် ထိုငါးဖျံ၏ မျက်လုံး၌ အထက်ပိုင်း၊ အောက်ပိုင်း ခွဲခြားလျက်ရှိခြင်းကိုပင် ဆိုလိုသည်။ ငါးဖျံသည် ရေထဲ၌သွားသောအခါ မျက်လုံး အောက်ပိုင်းကို ရေထဲ၌ထား၍ မျက်လုံးအထက်ပိုင်းကို ရေပေါ်၌ ထား၍ သွား ၏။ ထိုကြောင့် ရေထဲက ပိုးကောင်ကိုသော် ၎င်း၊ ရေပေါ်က ပိုးကောင်ကိုသော်လည်းကောင်း မြင်နိုင်ခြင်း ဖြစ်၏။[၂]
ကိုးကား[ပြင်ဆင်ရန်]
- ↑ "Family-group names of Recent fishes" (2014). Zootaxa 3882 (2): 001–230. doi: . PMID 25543675.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)