မာတိကာသို့ ခုန်သွားရန်

ငါးပြေမ

ဝီကီပီးဒီးယား မှ
ငါးပြေမ
Anabas testudineus
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Anabantiformes
မျိုးရင်း: Anabantidae
မျိုးစု: Anabas
Cloquet, 1816
အမျိုးအစား မျိုးစိတ်
Perca scandens

ငါးပြေမ (ဃlimbing perch) ကို ပါဏဗေဒအရ 'အနာဗတ်တက်စတူဒိနိယပ်( Anabas testudineus)'ဟု ခေါ်သည်။ ထိုငါးမျိုးကို ချောင်း၊ မြောင်း၊ အင်း၊ အိုင်များတွင် တွေ့ရပေသည်။ ငါးပြေမ၏ ကိုယ်ထည်သည် ပြား၍ ဦးခေါင်း မှာ ကျယ်သည်။ အကြေးခွံများသည် ကြီး၍ ညီညာလာသည်။ ငါး၏ အရောင်မှာ အစိမ်းပုပ်ရောင်ဖြစ်၍ ဝမ်းဗိုက်ပိုင်းတွင် အရောင် ဖျော့တော့တော့နေသည်။ ကိုယ်အရှည် ၈ လက်မခန့် အထိ ရှိသည်။

ငါးပြေမငါးမျိုးသည် သွားလာသည့်အခါ အုပ်ဖွဲ့၍ သွားလာ လေ့ရှိသည်။ ရေထဲရှိ ပိုးမွှားများကို၎င်း၊ ပုဇွန်စိတ်ကလေးများ ကို၎င်း ဖမ်းယူ၍ စားတတ်ကြသည်။ အရွယ်ကြီးလာသော ငါးပြေမသည် ရွယ်တူအခြားငါးများနှင့်ရော၍ အစာရှာလေ့ ရှိသည်။ သားငယ်များဖြစ်သော ငါးပေါက်စကလေးများကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားတတ်သည်။

ငါးပြေမသည် ငါးရံ့နှင့် မျိုးချင်းမတူသော်လည်း ငါးရံ့ကဲ့ သို့ပင် လေမှအောက်ဆီဂျင်ကို တိုက်ရိုက်ရှူနိုင်သော အင်္ဂါရှိ လေသည်။ ထိုကြောင့် ထိုငါးနှစ်မျိုးစလုံးသည် ကုန်းပေါ်တွင် အချိန်အတန်ကြာအောင် အသက်ရှင်နေနိုင်ကြ၏။ စွတ်စိုသည့် မြေပေါ်တွင် အမြီးကိုထောက်၍ ခရီးအတန်ဝေးဝေးသွားနိုင်ကြ လေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Anabas California Academy of Sciences 11 December 2019 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)