ငါးပိဖုတ် မျက်နှာသာပေး ရွှေရေးပန်းကန်တက်

ဝီကီပီးဒီးယား မှ

ငါးပိဖုတ် မျက်နှာသာပေး ရွှေရေးပန်းကန်တက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ငါးပိဖုတ်ကို လိုလားကြောင်းပြသည့်အခါ စလောင်းပေါ် နေရမည့် ငါးပိသည် ရွှေရေး ပန်းကန်ပေါ် ရောက်လာသကဲ့သို့ အသိအလိမ္မာနည်းသူကို မျက်နှာသာ ပေးသောအခါ ကမ်းတက်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ပေါင်းရာကျွမ်းဝင်၊ ဆွေခင်ပွန်းအချို့ ဓလေ့လည်း... ငါးပိဖုတ် မျက်နှာချိုသွေး ရွှေရေးပန်းကန်သို့ တက်သည်ဆိုသကဲ့သို့။" [၁၁၅၂-ခန့်]ကျည်း။ ၁၃၈။
  • "ငါးပိဖုတ် မျက်နှာသာပေး ရွှေရေးပန်းကန်တက် တတ်တယ်တဲ့ ပြောလိုက်တာ။ ခုတော့ ဆွမ်းတော်ခွက်ပေါ်တောင် တက်နေပါပေါ့လား။" [၁၂၉၃] ကဝိမှန်၊ ၅၊ ၈။ ၂၀၉။

ဆိုလိုရင်းတူညီသောအခြားစကားပုံ[ပြင်ဆင်ရန်]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. ၅၃။