ငါးပတ်
Wallago attu | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Actinopterygii |
မျိုးစဉ်: | Siluriformes |
မျိုးရင်း: | Siluridae |
မျိုးစု: | Wallago |
မျိုးစိတ်: | W. attu
|
ဒွိနာမ | |
Wallago attu | |
Synonyms | |
Silurus boalis Hamilton, 1822 |
ငါးပတ်သည် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်း၌၎င်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များ၌၎င်း ကျက်စားသည့် အသားစား ငါးမျိုး ဖြစ်သည်။ အာရှတိုက်၊ အရှေ့တောင်အာရှနိုင်ငံများတွင်လည်း တွေ့ရှိရသည်။ ပါဏဗေဒအရ 'ဝေါလာဂိုးနီးယားအတ္တူ'ဟု ခေါ်သည်။ အသားစားကြူးလှသဖြင့် ငါးပတ်ကို ငါးမန်းနှင့်နှိုင်း၍ 'ရေချိုငါးမန်း'ဟု ခေါ်ကြသည်။ ငါးပတ်ကိုယ်သည် ရှည်၍ ပြား၏။ ကျောသည် တစ်ဖြောင့်တည်းရှိ၍ နှာတံမှာ ရှည်၏။ ပါးစပ်ပေါက်ကျယ်၍ အောက်မေးသည် ရှေ့သို့ အနည်းငယ်ငေါထွက်နေ၏။ နှုတ်ခမ်းမွေးလေးပင်ပါရာ အထက် နှစ်ပင်သည် အောက်နှစ်အပင်ထက်ပို၍ ရှည်၏။ တစ်ခုတည်း ရှိသော ကျောဆူးတောင်သည် ရှေ့ကျကျပေါက်၍ ယင်း၌ ဆူးရိုးမပါချေ။ စအိုဆူးတောင်သည် အလွန်ရှည်ပြီး၊ အမြီးရင်း နားတွင် အဆုံးသတ်သည်။ အမြီးထိပ် ၂ ခုမှာ ဝိုင်းနေသည်။ ငါးပတ်၏ အရောင်မှာ နှာထိပ်မှ အမြီးတိုင် အောင် ကျောရိုးတစ်လျှောက်တွင် မွဲပြာရင့်ရောင်ဖြစ်၍ အောက် ပိုင်းတွင်မူ အရောင်အနည်းငယ်ဖျော့သွားသည်။ ငါးပတ်၏ ကိုယ်အရှည်သည် ၆ ပေအထိ ရှိသည်။ ငါးပတ်ကို ဟင်းလျာ အဖြစ် စားသုံးကြသည့်အပြင် ငါးပိလုပ်ရန်လည်း အသုံးချကြသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Ng, H.H., de Alwis Goonatilake, S., Fernado, M. & Kotagama, O. (2019). "Wallago attu". The IUCN Red List of Threatened Species 2019. IUCN.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
- IUCN အနီရောင်စာရင်းရှိ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်
- ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့ရသောငါး
- အိန္ဒိယနိုင်ငံတွင် တွေ့ရသောငါး
- ပါကစ္စတန်နိုင်ငံတွင် တွေ့ရသောငါး
- ထိုင်းနိုင်ငံတွင် တွေ့ရသောငါး
- ဖိလစ်ပိုင်နိုင်ငံတွင် တွေ့ရသောငါး
- မြန်မာနိုင်ငံတွင် တွေ့ရသောငါး
- လာအိုနိုင်ငံတွင် တွေ့ရသောငါး
- ဗီယက်နမ်နိုင်ငံတွင် တွေ့ရသောငါး
- နီပေါနိုင်ငံတွင် တွေ့ရသောငါး
- ကမ္ဘောဒီးယားနိုင်ငံတွင် တွေ့ရသောငါး
- အာဖဂန်နစ္စတန်နိုင်ငံတွင် တွေ့ရသောငါး
- မလေးရှားနိုင်ငံတွင် တွေ့ရသောငါး
- အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ရသောငါး
- သီရိလင်္ကာနိုင်ငံတွင် တွေ့ရသောငါး