ငါးခူ
| ငါးခူ Walking Catfish | |
|---|---|
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Actinopterygii |
| မျိုးစဉ်: | Siluriformes |
| မျိုးရင်း: | Clariidae |
| မျိုးစု: | Clarias |
| မျိုးစိတ်: | C. batrachus |
| ဒွိနာမ | |
| Clarias batrachus (လင်းနီးယပ်၊ ၁၇၅၈) | |
| Synonyms | |
| |
ငါးခူသည် အင်းငါးများတွင် လူသိများသောငါး ဖြစ်သည်။ ပါဏဗေဒအရ "ကလာရီယပ် ဗတ္တရာချပ်" ဟူ၍ ခေါ်သည်။ ငါးခူ၏ အရောင်မှာ နီညိုရောင် သို့မဟုတ် အနက်ရောင် ခပ်မွဲမွဲဖြစ်သည်။ ဝမ်းပိုင်းတွင် အရောင် အနည်းငယ်ဖျော့နေသည်။ ဦးခေါင်းမှာပြား၍ ကိုယ်အနည်းငယ်လုံးသည်။ ကျောဆူးတောင်သည် လည်ပင်းမှ အမြီးရင်းအထိ အရိုးငယ်ပေါင်းများစွာဖြင့် ဆက်လျက်ရှိ၏။ အမြီးထိပ်မှ ဝိုင်းနေ၏။ ရင်ဆူး တောင်မှာ လွှသွားကဲ့သို့ရှိသော်လည်း အရေတစ်ထပ် ဖုံးလျက်ရှိသည်။ ငါးခူတွင် လေထဲမှအောက်ဆီဂျင်ကို ရှူနိုင်သောအင်္ဂါပါရှိသဖြင့် ကုန်းပေါ်တွင် နာရီပေါင်းများစွာအသက်ရှင်နေနိုင်သည်။ ငါးခူသည် ကိုယ်အရှည် ၁၂ ပေခန့်အထိ ရှိတတ်၍ ရေချိုရေငန်နှစ်ရပ်လုံးတွင် ကျက်စားလေ့ရှိသည်။ မြန်မာနိုင်ငံတွင် ငါးခူကို ဟင်းလျာအဖြစ် စားကြရုံမက ငါးပိကောင်လည်း လုပ်ကြသည်။ ငါးခူငါးပိကောင်မှာ လူကြိုက်များသော ငါးပိကောင်များအနက် တစ်မျိုးအပါအဝင် ဖြစ်သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ NatureServe (2015). "Clarias batrachus". IUCN Red List of Threatened Species 2015. IUCN.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)