ငါးကြီးဆီ
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
ကော့ဒပင်လယ်ငါး၏ အသည်းမှ ထုတ်လုပ်သော အဆီဖြစ်သည်။ ဝေလငါး၊ တူနာငါးနှင့် ဟဲလီဘတ်ငါးတို့မှလည်း အလားတူ အဆီထုတ်သည်။ ငါးကြီးဆီသည် ဘီတာမင် အေဓာတ် ကြွယ်ဝ၍ အားတိုးဆေးအဖြစ် သောက်သုံးကြသည်။ အနံ့အသက် ဆိုးဝါးသဖြင့် ကော်ရည်ဖုံးသောအလုံးအဖြစ်ဖြင့်ဖြစ်စေ၊ ပြုပြင်ထားသော အီမားရှင်းအနေနဲ့ဖြစ်စေ သောက်နိုင်သည်။ ကော့ငါးသည် ငါးပေအထိ ရှည်လျား၍ ပေါင်ချိန် ၅၀ အထိ အချိန်စီး၍ ငါးအသားကိုလည်း စားသောက်ကြသည်။ မြောက်အတ္တလန်တိတ် သမုဒ္ဒရာမှ တစ်နှစ်လျှင် သန်း ၅၀၀ ဖမ်းမိသည်။ [၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ လှသမိန် ရေးသည့် ဗဟုသုတ စွယ်စုံ စာအုပ်မှ