ငရဲက လာသူ ပြာပူ မကြောက်

ဝီကီပီးဒီးယား မှ

ငရဲက လာသူ ပြာပူ မကြောက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ငရဲတွင် ငရဲမီး၏ အပူကို ခံစားဖူးသူသည် ပြာပူမျှလောက်ကို မကြောက်တော့သကဲ့သို့ ကြီးမားသော ဒုက္ခကို ခံစားဖူးသူသည် သာမန်ဒုက္ခမျိုးကို မကြောက်တော့ချေ။ အခြားဆိုလိုရင်းတစ်ခုမှာ ငရဲတွင် ငရဲမီး၏ အပူကို ခံစားဖူးသူသည် ပြာပူမျှလောက်ကို မကြောက်တော့သကဲ့သို့ ကြီးမားသော အပြစ်ကို ကျူးလွန်ဖူးသူသည် သာမန်အပြစ်မျှလောက်ကို ကျူးလွန်ရန် မခဲယဉ်းတော့ချေ။

ဆိုလိုရင်းတူညီသောအခြားစကားပုံ[ပြင်ဆင်ရန်]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ပေတံကလေးနှင့် ရိုက်သလောက်ကို ရယ်တာပေါ့၊ ရယ်တာပေါ့ဟု ဝမ်းထဲမှာ ကျိတ်ပြီး ကြွေးကြော်နေကြမည်လော မသိ။ ရိုင်းရိုင်းပင် ဥပမာပေးရချေတော့မည်။ ငရဲက လာသူသည်ပြာပူကိုကြောက်လိမ့်မည် မဟုတ်တကား။" [၁၃၄၁] မုန်းဝတ္ထု။ ၄၅။
  • "ငါ့မှာဖြင့်... လွတ်ရာလွတ်ကြောင်း သွားနှင့်တော့မည်၊ အမြင်ကပ်လှသည်။ ရွှေကိုယ်တော်မှာ ငရဲပြည်က လာသည့်သူ ပြာပူကိုဖြင့် မကြောက်ပေဘူး။" [၁၂၁၅ ခန့်] ဝံသ၊ ဒု။ ၄၇၅။
  • "ငရဲပြည်က လာသူ ပြာပူ မကြောက်ဘူး ဆိုသည့်အတိုင်း မကောင်းသော အကျင့်ကို ကျင့်ကြံဖူးသောသူသည် ထပ်တလဲလဲသာ ကျင့်ကြံလို၏။" [၁၂၉၇] ပြုပြင်ရေး၊ ၁၊ ၁၀။ ၅၄။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၄၇