ငရုတ်သီးပိုး အစပ်မကြောက်
ပုံပန်းသွင်ပြင်
ငရုတ်သီးပိုး အစပ်မကြောက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
[ပြင်ဆင်ရန်]ငရုတ်သီး၌ ခိုအောင်းနေသော ပိုးသည် အပူအစပ်ကို မကြောက်တော့သကဲ့သို့ ဆင်းရဲဒုက္ခနှင့် ကြီးပြင်းလာရသူသည် ဆင်းရဲဒုက္ခကို မကြောက်တော့ချေ။ အခြားဆိုလိုရင်းတစ်ခုမှာ ငရုတ်သီး၌ ခိုအောင်းနေသောပိုးသည် အပူအစပ်ကို မကြောက်တော့သကဲ့သို့ မကောင်းမှု၌ မွေ့လျော်သူသည် မကောင်းမှုကို ပြုရန် မကြောက်တော့ချေ။
ဆိုလိုရင်းတူညီသောအခြားစကားပုံ
[ပြင်ဆင်ရန်]- ငရဲက လာသူ ပြာပူ မကြောက် နှင့် အတူတူဖြစ်သည်။