ငမန်းစွယ်သည်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ငမန်းစွယ်သည်။ ။ ငမန်းစွယ်သည် (ပရစ်တစ်မိုက်ကရိုဒွန်)သည် ငမန်းမျိုးဝင် ပင် ဖြစ်သည်။ ယင်း၏ ထူးခြားချက်မှာ အမြီးသည် ခက်တက် သဏ္ဌန်မဟုတ်ဘဲ သာမန်ငါးမြီးနှင့်တူ၍ ဦးခေါင်းတွင်လည်း လွှနှင့်တူသည့် အစွယ်ရှည်ပါရှိခြင်း ဖြစ်သည်။ ရခိုင်တိုင်း ကမ်းရိုးတန်းတစ်လျှောက်၌ ထိုငမန်းကို ငမန်းစွယ်သည်ဟု ခေါ်သော်လည်း မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသတို့ တွင် စွယ်ငမန်း(တစ်နည်း) ငမန်းစွယ်ဟူ၍၎င်း၊ ခုတ်ငမန်းဟူ၍ ၎င်း ခေါ်၏။အစွယ်မှာ ၆ ပေခန့်ရှည်၍ လွှကဲ့သို့ အသွားများ ရှိသည်။ ငမန်းစွယ်သည်၏ကိုယ်သည် ၁၄ ပေအထိ ရှည်တတ် သော်လည်း တစ်ခါတစ်ရံ ပေ ၂ဝ ကျော်အထိ ရှည်သည်ကိုပင် တွေ့ရလေသည်။ ထိုအစွယ်ဖြင့် ဘေးတိုက်ခုတ်တတ်သဖြင့် လွန်စွာပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ငမန်းစွယ်၏ ဦးခေါင်းသည် ရှည်၍ ပြားလေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)