ဂွတ်ဘိုင် ဂိုလိုဗင်

ဝီကီပီးဒီးယား မှ
ဂွတ်ဘိုင် ဂိုလိုဗင်
ရုပ်ရှင်ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာမက်သယူး ဂရီမာဒ်
ထုတ်လုပ်သူဆိုင်မွန် ကော်ရီဗျူး ဂါ့ဂ်နေး
မက်သယူး ဂရီမာဒ်
စာရေးသူမက်သယူး ဂရီမာဒ်
သရုပ်ဆောင်အိုလက်ဆန်ဒါ ရူဒင်းစကီး
ဒါရယာ ပလက်တီ
မာရီယာ စတော့နျက်
ဓာတ်ပုံအေရီယယ် မတ်သော့ဘယ်လီမဲ
တည်းဖြတ်မက်သယူး ဂရီမာဒ်
ကြာမြင့်ချိန်
14 minutes
နိုင်ငံကနေဒါနိုင်ငံ
ဘာသာစကားရုရှားဘာသာစကား
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • အောက်တိုဘာ ၂၄၊ ၂၀၁၉ (၂၀၁၉-၁၀-၂၄) (FCIAT)
ထုတ်ဝေသူH264 Distribution

ဂွတ်ဘိုင် ဂိုလိုဗင် (အင်္ဂလိပ်: Goodbye Golovin) ဒါရိုက်တာ မက်သယူး ဂရီမာဒ် ရိုက်ကူးပြီး ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့သည့် ကနေဒါ ရုပ်ရှင်ဇာတ်လမ်းတိုတစ်ပုဒ်ဖြစ်သည်။ အဓိကဇာတ်ဆောင်အဖြစ် အိုလက်ဆန်ဒါ ရူဒင်းစကီးက ဖခင်သေဆုံးပြီးနောက် နိုင်ငံသစ်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ရန် စဉ်းစားနေသူ ယူကရိန်း လူငယ် အီယန် ဂိုလိုဗင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။[၁]

၂၀၁၉ ခုနှစ်က ကျင်းပသည့် Abitibi-Témiscamingue နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပထမဆုံး ပြသခဲ့ပြီး Prix SPIRA အကဲဖြတ်အဖွဲ့ဝင်များထံမှ မှတ်ချက်ကောင်းများရရှိခဲ့သည်။[၂] ထို့နောက် ၂၀၂၀ ဘာလင်ရုပ်ရှင်ပွဲတော်တွင် ထပ်မံပြသခဲ့ရာတွင်လည်း Generation 14plus အကဲဖြတ်များထံမှလည်း ချီးကျူးမှုများရရှိခဲ့သည်။[၃] ၂၀၂၁ ပလိန်းအေကန်ပွဲတော်တွင် ပြသခဲ့ရာ အထူးဆုကြီးကို ဆွတ်ခူးခဲ့သည်။[၄]

(၉) ကြိမ်မြောက် ကနေဒါရုပ်ရှင်ဆုပေးပွဲ၌ အကောင်းဆုံးဇာတ်လမ်းတိုဆုအတွက်လည်းကောင်း၊[၅] (၂၂) ကြိမ်မြောက် ကွီဘက်ရုပ်ရှင်ဆုပေးပွဲ၌ အကောင်းဆုံးရုပ်ရှင်တိုဆုအတွက်လည်းကောင်း[၆]ဆန်ခါတင်ဇာတ်ကားအဖြစ် ရွေးချယ်ခံရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Artur Korniienko, "Film critic: Ukraine you’d never leave in flashy ‘Goodbye Golovin’ short". Kyiv Post, October 13, 2020.
  2. Jean-François Vachon, "Le cinéma régional triomphe au FCIAT". Le Citoyen, October 31, 2019.
  3. "Deux courts métrages québécois récompensés à la Berlinale". Ici Radio-Canada, February 29, 2020.
  4. Éric Moreault, "Goodbye Golovin remporte le grand prix Plein(s) écran(s)". Le Soleil, January 23, 2021.
  5. Brent Furdyk (March 30, 2021)။ Canadian Screen Awards Announces 2021 Film Nominations (in en-US)။ 30 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 March 2022 တွင် ပြန်စစ်ပြီး။
  6. Jean-François Vandeuren, "La déesse des mouches à feu part en tête des nominations du Gala Québec Cinéma 2021". Showbizz.net, April 26, 2021.

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]