ဂျောန်လစ်ပ်

ဝီကီပီးဒီးယား မှ
ဂျောန်လစ်ပ်
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်벙거지· 전립· 병립
ဟန်ဂျာnone· ·
RRအက္ခရာဖလှယ်ခြင်း:beonggeoji· jeonnip· byeongnip
MRအက္ခရာဖလှယ်ခြင်း:bŏnggeoji· chonnip· byŏngnip

ဂျိုဆွန်းခေတ်တွင် ဦးထုပ်သည် ယောကျာ်းများအတွက် အပြင်သွားရာတွင် မရှိမဖြစ်လိုအပ်သော အသုံးအဆောင်ဖြစ်သည်။[၁] သာမန်လူတန်းစားမှစ၍ မျိုးရိုးမြင့်မြတ်သူများနှင့် ပညာသင်များအထိ အမျိုးသားအားလုံးနီးပါး ဦးထုပ်ဝတ်ဆင်ကြရသည်။[၂] ထို့ကြောင့် ဦးထုပ်ကို ယောက်ျားများ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုဟု တင်စားခေါ်ဝေါ်ကြသည်။[၁] ဦးထုပ်ဝတ်ဆင်ခြင်းသည် ၎င်းတို့အတွက် လူနေမှုအဆင့်အတန်းကို ဖော်ပြခြင်းနှင့် ကွန်ဖြူးရှပ်ဆိုင်ရာ တန်ဖိုးကို ပုံရိပ်ထင်စေခြင်း ဖြစ်သည်။ ဦးထုပ်ဝတ်ဆင်ခြင်းသည် ယောကျာ်းလော မိန်းမလော၊ အမျိုးအနွယ်မြင့် ပညာသင်များလောစိုက်ကွင်းတွင် အလုပ်လုပ်သော သာမန်လူတန်းစားများလော ကွဲပြားစွာလည်း သိစေသည်။[၂]

ဂျောန်လစ်ပ် (ဟန်းဂု: 전립, eng: jeollip) သည် သိုးမွှေးနှင့် ဒေါင်းအမွှေးတို့ဖြင့် ပြုလုပ်ထားသော ကိုရီးယားနိုင်ငံ ဂျိုဆွန်းခေတ်တွင် ရာထူးမြင့် စစ်အရာရှိများ ဝတ်ဆင်သည့် ရိုးရာဦးထုပ်တစ်မျိုး ဖြစ်သည်။

ဂျော်န်လစ်ပ်ကို အဓိကအစိတ်အပိုင်းနှစ်ခုဖြစ်သည့် အဆောင်းနှင့် နှုတ်ခမ်းတို့ဖြင့် ဖွဲ့စည်းသည်။ အဆောင်းသည်ဦးထုပ်၏ အရှည်ကို သတ်မှတ်ပေးသည်။ ၎င်းသည် ဝိုင်းဝန်း၍ ပြောင်းပြန်လှန်ထားသော ဇလုံတစ်ခုနှင့် အသွင်သဏ္ဌာန် ဆင်တူသည်။ နှုတ်ခမ်းသည် ထုစက်ဝန်းသဏ္ဌာန်ရှိ၍ ရာထူးအဆင့်အတန်းနိမ့်သူများ ဆောင်းသည့်ရိုးရာဦးထုပ်နှင့် ဆင်တူသည်။ [၃]

ဂျော်န်လစ်ပ်ကို မိုးနှင်းကာကွယ်ရန်[၁] အရည်အသွေးမြင့် သိုးမွှေးနှင့် ဒေါင်းအမြီးမွှေးဖြင့် ပြုလုပ်သော ပန်းဖွားအမြိတ်တို့ဖြင့် ဖွဲ့စည်းသည်။ ဦးထုပ်​၏ အလယ်ဗဟိုတွင် ငဟစ်ဖြူငှက်သဏ္ဏာန် ပြုလုပ်ထားသော ကျောက်စိမ်းတုံးဖြင့် အလှဆင်သည်။ ဦးထုတ်နှုတ်ခမ်းတွင် အပြာရင့်ရောင် ပိုးခြည်ကို မုန့်ကြိုးလိမ်သဏ္ဌာန် လိမ်၍ ပယင်းပုတီးစေ့များဖြင့် ပြုလုပ်သော ကြိုးကို ဦးထုပ်အောက်ခြေတွင် တွယ်ဆက်သည်။ ရာထူးနိမ့်သော စစ်အရာရှိများသည် ဘောန်င်ဂေါဂျီ (kr: 벙거지, eng: beonggeoji) နှင့် ဘောန်င်ထယ်ဂျီ (kr: 벙태지, eng: beongtaeji) ဟုခေါ်သော မူကွဲဂျောန်လစ်ပ် အမျိုးအစားကို ဝတ်ဆင်ကြသည်။[၃] ဘောင်န်ဂေါဂျီကို ကိုရီးယားနိုင်ငံ​၏ အနောက်မြောက်ဘက်ခြမ်းမှစ၍ ရန်ဘန် (kr: 양반) အထက်တန်းလွှာများ​၏ အစေခံများက စတင်ဝတ်ဆင်ခဲ့ကြသည်။ နောင်တွင် နိုင်ငံအနှံ့ ဘောင်န်ဂေါဂျီဝတ်ဆင်ခြင်း ပျံ့နှံ့သွားခဲ့သည်။ [၄] ၎င်းဦးထုပ်များသည် အမည်းရောင်ဖြစ်၍ အခြားတန်ဆာဆင်ခြင်းများ မပါဝင်ပါ။[၅] ဂျောန်လစ်ပ်သည် စစ်တပ်စုံညီဝတ်စုံ​၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ [၃]

ဂျောန်လစ်ပ်ကို ဂျိုဆွန်းခေတ်အလယ်ပိုင်းတွင် စစ်တပ်အတွင်း၌ တွင်ကျယ်စွာဝတ်ဆင်ကြသည်။ အင်မ်ဂျင်စစ်ပွဲ (임진왜란) နှင့် ဂျောင်းမျိုဟိုရန်(정묘호란) အပြီးတွင် ဂျောန်လစ်ပ်ကို တပ်မတော်အရာရှိများက တပ်မတော် တူညီဝတ်စုံတွင် ထည့်သွင်းဝတ်ဆင်ခဲ့ကြသည်။အနီရောင်ဂျောန်လစ်ပ်နှင့် ဝါးဂျောန်လစ်ပ်တို့ကိုလည်းပြုလုပ်၍ တန်ဖိုးကြီးဝတ်စုံများဝတ်ရာတွင် အတူတကွ ဝတ်ဆင်ကြသည်။ ထိုကဲ့သို့ ဝတ်ဆင်ခြင်းသည် အငြင်းပွားဖွယ်ဖြစ်ခဲ့သော်လည်း ဂျိုဆွန်းခေတ်ကုန်သည်အထိ စစ်တပ်စုံညီဝတ်စုံတွင်ရော ရှင်ဘုရင်တိုင်းခန်းလှည့်လည်သည့်အခါတွင်ရော ဝတ်ဆင်ခဲ့ကြသည်။ [၅] 

ဂျောန်လစ်ပ်ကို နုန်းဂက် (kr: 농악, eng: nongak) ဟုခေါ်သော ဖျော်ဖြေရေးတွင်လည်း ဝတ်ဆင်ကြသည်။ နုန်းဂက်သည် လူစုလိုက်ဘုရားဝတ်ပြုခြင်းနှင့် ကျေးလက် ဖျော်ဖြေမှုများမှ တစ်ဆင့်ဆင်းသက်လာရာမှ ကိုရီးယားသမ္မတနိုင်ငံ​၏ ကိုယ်စားပြုဖျော်ဖြေရေးဖြစ်လာသော ထင်ရှားသည့် ပြဇာတ်ဂီတ ဖြစ်သည်။ နုန်းဂတ်ဖျော်ဖြေရာတွင်ပြင်းထန်စွာ တီးခတ်ရသော တေးဂီတအဖွဲ့နှင့် တစ်ခါတစ်ရံ လေမှုတ်တူရိယာများ၊ အင်အားပြချီတက်ခြင်း၊ ကခုန်ခြင်း၊ ပြဇာတ်နှင့် ဆပ်ကပ်ပြသခြင်းများလည်း ပါဝင်သည်။ နုန်းဂက်ဖျော်ဖြေခြင်းကို နတ်ဘုရားများအား နှစ်သိမ့်ခြင်း၊ မကောင်းဆိုးရွားများကို နှင်ထုတ်ခြင်း၊ သီးနှံထွက်တိုးမှု ကောင်းမွန်စေခြင်း စသော ရည်ရွယ်ချက်များဖြင့် နွေဦးရာသီတွင်ကျင်းပသည်။ ဆောင်းဦးရာသီပွဲတော်များနှင့် လူထုစီမံကိန်းများအတွက် ရန်ပုံငွေကောက်ခံပွဲများတွင်လည်း နုန်းဂက်ဖျော်ဖြေကြသည်။[၆] ဤဖျော်ဖြေမှုတွင် ဝတ်ဆင်သော ဂျောန်လစ်ပ်ကို ယခင်က တိရစ္ဆာန်အမွှေးများဖြင့် ပြုလုပ်ကြသည်။ ယခုအခါတွင်ကော်ထူထူသုတ်ထားသော ငွေစက္ကူဖြင့် ဦးထုပ်အဆောင်းနှင့် နှုတ်ခမ်းကို ပြုလုပ်၍ အပေါ်မှ ပိတ်စဖြင့်ထပ်အုပ်ကာ ပြုလုပ်သည်။ [၃]

ဂျိုဆွန်းခေတ်ယောကျာ်းများသည် ဦးထုပ်မဝတ်ဆင်မီ ဆံထုံးထုံးကြသည်။ ထို့နောက် နဖူးတွင် ခေါင်းစည်းကိုပတ်ကြသည်။ ထိုခေါင်းစည်းကို ဆံချည်မျှင် တစ်မျှင်တစ်လေမှ မကျစေရန် အလွန်တင်းကြပ်စွာ ချည်ကြသည်။ထိုကဲ့သို့ပြုလုပ်ခြင်းသည် ယောက်ျားတို့အား မာန်ပြင်းထန်သော၊ ထက်မြက်ပုံပေါက်သော၊ ရှိရင်းစွဲအသက်ထက်နုနယ်သော မျက်နှာမျိုး ဖြစ်စေသည်။ [၁]

ဓာတ်ပုံပြခန်း[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ http://www.koreanheritage.kr/feature/view.jsp?articleNo=104
  2. ၂.၀ ၂.၁ မော်ကွန်းတင်ပြီးမိတ္တူ။ 12 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 May 2021 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ https://folkency.nfm.go.kr/en/topic/detail/6534
  4. https://en.wikipedia Archived 26 August 2013 at the Wayback Machine..org/wiki/Beonggeoji
  5. ၅.၀ ၅.၁ မော်ကွန်းတင်ပြီးမိတ္တူ။ 29 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 April 2021 တွင် ပြန်စစ်ပြီး။
  6. https://ich.unesco.org/en/RL/nongak-community-band-music-dance-and-rituals-in-the-republic-of-korea-00717