ဂျေမီ

ဝီကီပီးဒီးယား မှ

ဂျေမီ (အင်္ဂလိပ်: J-Me ) (၁၉၈၅-) သည် မြန်မာ ဟစ်ဟော့အဆိုရှင် ဖြစ်သည်။ ၂၀၀၀ ပြည့်ဝန်းကျင်တွင် ဂီတခရီးစခဲ့ပြီး မြန်မာ့ မြေအောက်ဟစ်ဟော့လောက၏ ဥသျှောင်တစ်ယောက်အဖြစ် သတ်မှတ်ကြသည်။ [၁][၂][၃]

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၈၅ ခု၊ စက်တင်ဘာလ ၉ ရက်နေ့တွင် အဆိုတော်များဖြစ်သည့် ဦးအောင်ကိုလတ် (James Patrick) နှင့် ဒေါ်တင်မိုးခိုင် (Marie Conway) တို့မှ မွေးသည်။ အမည်ရင်းမှာ ခန့်ဇင်ကို ဖြစ်သည်။ မီရှဲ (Michelle Anne Latt) ဟူသော အစ်မတစ်ယောက် ရှိသည်။

အနုပညာလှုပ်ရှားမှု[ပြင်ဆင်ရန်]

၁၀ တန်းအောင်ပြီးသည့် ၁၉၉၉-၂၀၀၀ ပတ်ဝန်းကျင်တွင် ရဲလင်းအောင် (Bigg-Y) အပါအဝင် အခြားသူငယ်ချင်းများနှင့် ဟစ်ဟော့သီးသန့်ဆိုရန် အားထုတ်သည်။ ဒေါက်တာဒရေ (Dr. Dre) ၏ ခရိုနစ် (The Chronic) စီးရီးက ဟစ်ဟော့ဆိုဖြစ်ရန် အဓိကအားဖြစ်သည်ဟု ဆိုသည်။ [၄]

၂၀၀၃ ခုနှစ်အထိ မြေအောက်လောကဟု ဆိုရမည့် လမ်းများ၊ ပန်းခြံများရှိ ရက်ပ်ဆိုပွဲများသို့ တက်သည်။ ရဲလေးနှင့် တွဲထွက်သည့်အခွေတွင် လူသိများလာသည်။

ဇာရာနှင်းသွင် အားဖြည့်ဆိုသည့် သူ၏သီချင်း အောင်နိုင်ဖို့ရာ မွေးလာတာ (Born to Win) ကို မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၁၃ အရှ့တောင်အာရှ အားကစားပွဲများတွင် ဂုဏ်ပြုသီချင်းအဖြစ် ရွေးချယ်ခံရသည်။ [၅] နိုင်ငံအဆင့် အခမ်းအနားများတွင် ပထမဆုံး ရွေးချယ်ခံရသော ဟစ်ဟော့သီချင်း ဖြစ်သည်။

ဘဝရဲ့ နိဗ္ဗာန် တေးစီးရီးမှ Burn 'em Up ကို အမေရိကန်နှင့် ထိုင်းရှိ ရက်ပါများကပင် အသိအမှတ် ပြကြသည်။ ၂၀၁၄ တွင် ထွက်သည့် ဟာလေလုယာ (Hallelujah) သီချင်းမှာလည်း ကျော်ကြားသည်။

မိသားစုဘဝ[ပြင်ဆင်ရန်]

၂၀၁၁ ခု၊ စက်တင်ဘာလ ၇ ရက်တွင် ဂျန်မောမေရီ (Jungmaw Mary) နှင့်လက်ထပ်သည်။ သားသမီး ၃ ဦး ရှိသည်။

တေးစီးရီးများ[ပြင်ဆင်ရန်]

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
ရဲလေး - ဂျေမီ ၂၀၀၇ ရဲလေး နှင့် တွဲ၍
ကိုယ့်ဘဝနဲ့ ကိုယ် ၂၀၀၇
ဘဝရဲ့ နိဗ္ဗာန် ၂၀၁၂
အမွေစား အမွေခံ ၂၀၁၆၊ မေ The Sun

ကိုးကား[ပြင်ဆင်ရန်]

  1. "A Master of Hip Hop". InDepth Magazine. 9 May 2015
  2. Joshua Hammer. "Myanmar's Yong Artists and Activists". Smithsonian Magazine. March 2011.
  3. Naomi Gingold, "This Burmese Rapper Sounds Straight Outta Compton, with a Swagger to Match". PRI. 18 Dec 2013.
  4. Aimee Lawrence, "J-Me: A Master of Ceremonies". Myanmore. 19 Jun 2015.
  5. Nathalie Johnston, "Myanmar Hip-Hop Meets the World Archived 4 December 2017 at the Wayback Machine.". Myanmar Times. 29 July 2013.