ဂျူပီတာ အချင်းဝက်
ပုံပန်းသွင်ပြင်
| Jupiter radius | |
|---|---|
ကမ္ဘာနှင့်ဂျူပီတာဂြိုဟ်၏ အရွယ်အစားနှိုင်းယှဉ်ချက် | |
| ယူနစ်အချက်အလက် | |
| အတိုင်းအတာစနစ် | နက္ခတ္တဗေဒ |
| ယူနစ်၏ | အလျား |
| သင်္ကေတ | RJ or RJup,R♃ |
| ယူနစ် ဖလှယ်မှုများ | |
| 1 RJ in ... | ... ညီမျှသည်မှာ ... |
| SI base units | 7.1492×107 m[၁] |
| အင်္ဂလိပ်ယူနစ် | 44423 mi |
ဂျူပီတာ အချင်းဝက် RJup) သည် ၇၁,၄၉၂ km (၄၄,၄၂၃ mi) သို့မဟုတ် ၁၁.၂ ကမ္ဘာ အချင်းဝက် (R🜨) ဖြစ်သည်။[၂] (၁ ကမ္ဘာအချင်းဝက်သည် 0.08921 RJ နှင့် ညီမျှသည်) ဂျူပီတာ အချင်းဝက်သည် ဓာတ်ငွေ့ဂြိုဟ်ဘီလူးများ၏ အချင်းဝက်နှင့် နေစကြဝဠာပြင်ပဂြိုဟ်အချို့၏ အချင်းဝက်များကို တိုင်းတာရာတွင် အသုံးပြုသည်။ ယင်းသည် ကြယ်ပုညိုများ၏ အချင်းဝက်ကို တိုင်းတာရာတွင်လည်း အသုံးပြုသည်။
၂၀၁၅ ခုနှစ်တွင် နိုင်ငံတကာ နက္ခတ္တဗေဒအဖွဲ့က ဂျူပီတာဂြိုဟ်၏ အချင်းဝက်ကို အောက်ပါအတိုင်း သတ်မှတ်ခဲ့သည်။
- = 7.1492×107 m
ထိုနည်းအတိုင်း ဂျူပီတာဝင်ရိုးစွန်းအတွက် အောက်ပါအတိုင်း သတ်မှတ်နိုင်သည်။
- = 6.6854×107 m[၁]
နှိုင်းယှဉ်မှု
[ပြင်ဆင်ရန်]| အရာဝတ္ထု | RJ / Robject | ကိုးကား |
|---|---|---|
| လအချင်းဝက် | 41 | |
| ကမ္ဘာအချင်းဝက် | 11.209 | [၂] |
| ဂျူပီတာဂြိုဟ် | 1 | သတ်မှတ်ချက်အရ |
| နေအချင်းဝက် | 0.10045 |
ကိုးကား
[ပြင်ဆင်ရန်]- 1 2 Mamajek၊ E. E; Prsa၊ A; Torres၊ G; et al. (2015)။ "IAU 2015 Resolution B3 on Recommended Nominal Conversion Constants for Selected Solar and Planetary Properties"။ arXiv:1510.07674 [astro-ph.SR]။
- 1 2 Williams၊ Dr. David R. (2 November 2007)။ Jupiter Fact Sheet။ NASA။ 13 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-07-16 တွင် ပြန်စစ်ပြီး။