မာတိကာသို့ ခုန်သွားရန်

ကျီချန်အွတ်

ဝီကီပီးဒီးယား မှ
(ဂျီချန်ဝု မှ ပြန်ညွှန်းထားသည်)
Ji Chang-wook
At the press conference of The K2, September 2016
မွေးဖွား (1987-07-05) ဇူလိုင် ၅၊ ၁၉၈၇ (အသက် ၃၈)[]
Anyang, Gyeonggi, Gyeonggi Province, South Korea
မိခင်ကျောင်းDankook University
(Performing Arts)[]
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၆–လက်ရှိ
ကိုယ်စားလှယ်Free Agent (၂၀၂၃ - လက်ရှိ)
Glorious Entertainment (၂၀၀၆-၂၀၂၃)
ကျီချန်အွတ်
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်지창욱
RRအက္ခရာဖလှယ်ခြင်းJi Chang-uk
MRအက္ခရာဖလှယ်ခြင်းChi Ch'anguk

ကျီချန်အွတ် (၅ ဇူလိုင် ၁၉၈၇ မွေးဖွား) သည် တောင်ကိုရီးယားသရုပ်ဆောင်တဦး ဖြစ်သည်။ ထပ်ပြုံး (Smile Again) ဇာတ်လမ်းတွဲ(၂၀၁၀-၂၀၁၁) ၌ ဒုန်းဟယ် အဓိကဇာတ်ရုပ်ဖြင့် စတင်ထင်ရှားလာပြီးနောက်၊ စစ်သည်တော်ဘက်ဒုန်းဆူ Warrior Baek Dong-soo (၂၀၁၁)ဧကရီဘုရင်မ ကီ (Empress Ki) (၂၀၁၃-၂၀၁၄)၊ ကုစားသူ (Healer) (၂၀၁၄-၂၀၁၅)၊ ကေတူး (The K2) (၂၀၁၆)နှင့် မှုခင်းအက်ရှင်ဖြစ်သော လံကြုပ်မြို့ (Fabricated City) (၂၀၁၇) တို့၌ ပါဝင်လာသည်။

ကိုယ်ရေးရာဇဝင်

[ပြင်ဆင်ရန်]
  • အရပ် ၁၈၂ စင်တီ
  • ကိုယ်အလေးချိန် ၆၅ ကီလို
  • သွေးအုပ်စု အေဘီ
  • ဒန်းကုတက္ကသိုလ်မှ ပါဖောမင့်အနုပညာဖြင့် ဘွဲ့ရ။
  • တဦးတည်းသော သားဖြစ်
  • အထက်တန်းကျောင်းဘဝကတည်းက သရုပ်ဆောင်ဖြစ်ရန် ရည်မှန်းခဲ့၍ ဒန်းကုတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထား။
  • မိမိ၏ အသက်မွေးဝမ်းကျောင်း ရွေးချယ်မှုကို မိခင်က သဘောမတူ​ခဲ့၍ အိမ်က ဆင်းခဲ့။
  • အကြိုက်ဆုံး အစားအစာမှာ ထမင်း၊ ချစ်သူရည်းစားက လုပ်ပေးတာကို ခံချင်သော ဟင်းလျာမှာ ပြောင်းဖူးမုန့်၊ လိမ္မော်သီးကို ကြိုက်သည် ဖြစ်ရာ ဆောင်းရောက်သည့်အခါ လိမ္မော်သီးကို လက်ကပင် မချ။
  • မုန်လာဥနီ မကြိုက်သောကြောင့် စား၍မရ။
  • လူပျိုကြီးရဲ့ဟင်းရွက်ဆိုင်ဇာတ်လမ်းတွဲ ရိုက်ကူးနေစဉ်အတွင်း အကောင်းစားအစားအသောက်များကို တဦးတည်း တိတ်တဆိတ် ခိုးစားပစ်ခဲ့။
  • ကလေးဘဝကပင် အားကစားဝါသနာ ပါသည် ဖြစ်၍၊ ဘက်ဒုန်းဆူဇာတ်လမ်း ရိုက်ကူးစဉ် နည်းပြမှ ဘာလုပ်တတ်သလဲ မေးရာ၊ နောက်ပြန်ဂျွမ်းထိုးတတ်သည်ဟု ဖြေလိုက်ရာ၌ စတန့်သမားမပါဘဲ လူကိုယ်တိုင် သရုပ်ဆောင်နိုင်ခဲ့။
  • ဂိုးမား (Ggoma) အမည်ရှိ ဘက်လင်တန် တယ်ရီယာ (Bedlington Terrier)အမျိုးအစား ခွေးတကောင် ရှိခဲ့ပြီး ၂၀၂၀ တွင် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း ကျီချန်အွတ်က Dayrock Daum Fan Cafe မှတဆင့် ပရိသတ်ကို ၂၀၂၁ ခုနှစ် နှစ်သစ်နှုတ်ခွန်းဆက်စာလွှာတွင် ‌ထည့်သွင်း အသိပေးခဲ့သည်။

အနုပညာခရီး

[ပြင်ဆင်ရန်]

၂၀၀၆-၂၀၀၉၊ အစ

[ပြင်ဆင်ရန်]

ဂျီသည် ဂီတဇာတ်ရုံ၌ စတင်ခဲ့သည်။ ၂၀၀၆ ရုပ်ရှင် နေ့ရက်များစွာ... ၌ ပွဲဦးထွက်ခဲ့ပြီး နှလုံးသားဝှက်သူ(၂၀၀၈)ရုပ်သံဇာတ်လမ်းတွဲ၌ မထင်မရှားဇာတ်ရုပ် ပါဝင်ခဲ့သည်။ ၂၀၀၈ ရုပ်ရှင် အိပ်ပျော်နေသောမိန်းမလှ ၌သာ တရားဝင် ပွဲဦးထွက်သည်။

၂၀၀၉ ၌၊ ပြည့်စုံလွန်းတဲ့သားတွေ ဇာတ်လမ်းတွဲ၌ ပါပြီး၊ သိမ်မွေ့ပြီး မိန်းမဆန်သော ညီအထွေးဆုံးအဖြစ် သရုပ်ဆောင်ကာ အသက် ၂၀ အရွယ်၌ အချစ်ဆုံးသူငယ်ချင်း၏ သမီးကို မွေးမြူခြင်းနှင့် အဆုံးသတ်ထားသည်။ [] ထို့နောက် အက်ရှင်ဟာသဇာတ်လမ်းတွဲ ဟီးရိုး ၌ ဇာတ်ပို့ပါဝင်သည်။ 

၂၀၁၀-၂၀၁၂၊ လူကြိုက်များလာခြင်း

[ပြင်ဆင်ရန်]

၂၀၁၀ ၌ ၁၅၉ ပိုင်းပါ ထပ်ပြုံး (Smile Again) ၌ စတင်ပါဝင်သည်။ ကိုရီးယားအမေရိကန် ရေခဲစကိတ်ပတ်လမ်းတိုပြိုင်ပွဲဝင်အဖြစ်နှင့် ရေခဲစကိတ်ကွင်း၌ တနေ့လျှင် လေးငါးနာရီ လေ့ကျင့်ခဲ့ရသည်။[] ထပ်ပြုံး (Smile Again) သည် ၁၅ ပတ်ဆက်တိုက် ဘုတ်တွင် ထိပ်စွဲပြီး ကေဘီအက်စ်ရုပ်သံဆုပေးပွဲ၌ အကောင်းဆုံး နေ့စဉ်ရုပ်သံမင်းသားဆုကို သူသည် ချီးမြင့်ခံရသည်။[][]

ထို့နောက် ၂၀၁၁ တွင် သမိုင်းနောက်ခံ-အက်ရှင် ဇာတ်လမ်းတွဲ စစ်သည်တော်ဘက်ဒုန်းဆူ (Warrior Baek Dong-soo) ၌ ဇတ်လမ်းအမည်အစွဲပြုခံရသော အဓိကဇာတ်ရုပ်၌ ပါဝင်သည်။ လီဂျေဟော်၏ မူလကာတွန်းဇာတ်လမ်း ဂုဏ်သရေရှိ ဘက်ဒုန်းဆူ (Honorable Baek Dong-soo) ကို မှီငြမ်းထားသော ၎င်းဇာတ်လမ်းသည် ဂျိုဆွန်းခေတ် ဓားသမား ဘက်ဒုန်းဆူဆိုသူ ငယ်စဉ်မှ ကြီးပြင်းလာသည့်တလျှောက် နိုင်ငံရေးလျှို့ဝှက်ကြံစည်မှုများတွင် ပါဝင်စွန့်စားရာမှ ငယ်သူငယ်ချင်း တဖြစ်လဲ ရန်သူနှင့် ဖက်ပြိုင်ရင်ဆိုင်ရပုံအကြောင်း ဖြစ်သည်။ [][] ထိုဇာတ်လမ်းတွဲသည် ရုပ်သံလွှင့်အစီအစဉ်၌ ၁၃ ပတ်တာ နံပါတ်တစ် ဖြစ်ပြီး၊ ဂျီသည် အက်စ်ဘီအက်စ်ရုပ်သံဆုပေးပွဲ၌ မျက်နှာသစ်ဆုကို ရရှိသည်။ [][] ထိုနှစ်နောက်ပိုင်း၌ အခပေးရုပ်သံ လူပျိုလေးရဲ့ဟင်းရွက်ဆိုင် (Bachelor's Vegetable Store) ဇာတ်လမ်းတွဲ၌ အဓိကဇာတ်ရုပ်အဖြစ် ပါဝင်ပြီး၊ ဖြစ်ရပ်မှန်အောင်မြင်သူတယောက်အကြောင်း အခြေခံထားကာ သေးနုတ်သော စတုရန်းပေ ၃၅၀ ရှိ ဟင်းရွက်ဆိုင်ကို  ၁၉၉၈ ၌ စတင်ခဲ့ပြီး၊ နိုင်ငံတဝန်း ဆိုင်ကြီး ၃၃ ဆိုင်အထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပုံအကြောင်းဖြစ်သည်။[၁၀]

၂၀၁၂ တွင် ပထမဆုံး အပြိုင်ဇာတ်ရုပ်အနေဖြင့် အစ်ကိုဖြစ်သူ၏ ဂီတပါရမီကို မနာလိုငြူစူခဲ့သော စန္ဒယားပညာရှင်အဖြစ် လက်ငါးချောင်း (Fiver Fingers) ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့သည်။ [၁၁][၁၂]

၂၀၁၃ တွင် ဂီတပြဇာတ်လောကသို့ တဖန်ြပန်လာပြီး နေ့ရက်များစွာ (The Days) ပြဇာတ်တွင် လွန်ခဲ့သောနှစ်ပေါင်း (၂၀) က အမည်မသိ အမျိုးသမီးတစ်ဦးနှင့်အတူ ထူးဆန်းစွာ ပျောက်ဆုံးသွားသော သမ္မတသက်တော်စောင့် အဖြစ် သရုပ်ဆောင်ခဲ့သည်။ နေ့ရက်များစွာ (The Days) သည် ကင်ကွမ်ဆော့ (Kim Kwang-seok) ၏ ကျေးလက်ရော့ခ်သီချင်းများကို အသုံးပြုပြီး တဆန်းသစ်ထားသော Jukebox တေးဂီတပြဇာတ် ဖြစ်သည်။ [၁၃]

၂၀၁၃-၂၀၁၇၊ ပြည်ပထိ ထိုးဖောက်ခြင်း 

[ပြင်ဆင်ရန်]

သမိုင်းနောက်ခံဇာတ်လမ်း ဘုရင်မကြီးကီ ၌ ယွမ်မင်းဆက် ၁၆ ကြိမ်မြောက် ဧကရာဇ် ဟွေကျုံဟုလည်းသိသော တော့ဟောတယ်မွာ အဖြစ် သရုပ်ဆောင်ကာ တဟုန်ထိုး ကျော်ကြားလာသည်။ ဇာတ်လမ်းတွဲသည် နိုင်ငံအဝန်း ကြည့်ရှုသူများ၏ အမှတ်ပေးခြင်း ခံရပြီး၊ ၂၅.၁၂ ရာခိုင်နှုန်းထိ ရရှိခဲ့သည်။ ဘုရင်ငယ်အဖြစ် သရုပ်ဆောင်ပီပြင်မှုက ဝေဖန်ရေးသမားများနှင့် ပရိသတ်များစိတ်ထဲ ကြီးစွာ အကောင်းမြင်ခံရပြီး၊ များစွာ ချီးကျူးခံရသည်။ ထိုင်ဝမ်၌ ပထမဦးဆုံးသော ပရိသတ်တွေ့ဆုံပွဲ လုပ်သည်။[၁၄][၁၅][၁၆]

ဆုန်းဂျီနာ ရေးသားသော ထိတ်လန့်အက်ရှင် ဟီးလား၌ ၂၀၁၄ ဒီဇင်ဘာမှ ၂၀၁၅ ဖေဖော်ဝါရီအထိ အဓိက သရုပ်ဆောင်ခဲ့သည်။ ဇာတ်လမ်းတွဲ၌ လျှို့ဝှက်သော ကြေးစားသမားဇာတ်ရုပ်အတွက် သိုင်းသင်ခဲ့သည်။ [၁၇][၁၈] ဇာတ်လမ်းတွဲ လွှင့်ပြီးသော် ဂျီသည် တရုတ်နှင့် အာရှအတော်များများ၌ လူကြိုက်များသွားလေသည်။ ၂၀၁၅ တွင် ဝေးပေါ်အကောင့်ဖွင့်ပြီး ဖန်များကို လက်ခံရာ နှစ်လမပြည့်မီအတွင်း၌ ဖန်ပေါင်း တသန်းကျော်လေသည်။ ထို့ပြင် ၂၀၁၅ ကိုရီးယားမီဒီယာများက ပြုလုပ်သော ချစ်သူများနေ့မှာ ဘယ်ကိုရီးယားအမျိုးသားသရုပ်ဆောင်နဲ့ အချိန်းတွေ့ချင်ဆုံးလဲ မဲပေးလှုပ်ရှားမှု၌ ထိုဇာတ်လမ်းတွဲ၏ အကျိုးဆက်ကြောင့် နံပါတ်တစ် ရသည်။ [၁၉][၂၀] ထို့နောက်တွင် လေပွေမိန်းကလေး ၂ နှင့် မစ္စတာရိုက် တရုတ်စကားပြောဇာတ်လမ်းတွဲ၌ ပါဝင်သည်။[၂၁][၂၂]

၂၀၁၆ ၌၊ တီဗီအင်၏ အက်ရှင်သဲဖို ကေတူး၌ နောက်လိုက်များ၏ သစ္စာဖောက်ခြင်းခံရပြီး လူတွေကို ကြောက်သော မိန်းကလေးနှင့် ချစ်ကြိုက်သည့် သက်တော်စောင့်အဓိကဇာတ်ရုပ်အဖြစ် သရုပ်ဆောင်သည်။[၂၃] ဇာတ်လမ်းတွဲသည် ထုတ်လွှင့်သည် ၈ ပတ်လုံးလုံး အခပေးရုပ်သံ ကြည့်ရှုနှုန်း၌ ထိပ်စွဲခဲ့သည်။[၂၄] နိုဝင်ဘာ ၂၀၁၆ ၌ လိုတီဂျူတီဖရီးဆိုင်အတွက် ပထမဆုံး အနမ်းခုနှစ်ခု (First Seven Kisses) အမည်ရ ပရိုမိုးရှင်း ဝဘ်ရုပ်သံ၌ ပူးတွဲရိုက်ကူးသည်။[၂၅]

၂၀၁၇ ၌ အက်ရှင်ဇာတ်ကား ဖြစ်သော လံကြုပ်မြို့ကြီး ၌ အလုပ်မရှိသော ဂိမ်းစွဲနေသူတဦး ဘဝမှ နာမည်ကြီးလူသတ်သမား ဖြစ်လာပုံ သရုပ်ဆောင်သည်။ [၂၆] နောက်ထပ်ရိုက်ကူးသည့် အက်စ်ဘီအက်စ်၏ ရို-ဟာ-ဖို  ဇာတ်လမ်းတွဲ ဒီမိန်းမကို စောင့်ကြည့်ထား သည် မေလ၌ အစမ်းပြရန် စီစဉ်ထားသည်။[၂၇]

မတ်လ ၂၀၂၃ တွင် ၂၀၀၆ ခုနှစ်မှ စတင်ပြီး ၁၇ နှစ်တိုင် လက်တွဲလုပ်ကိုင်ခဲ့သော အေဂျင်စီဖြစ်သည့် Glorious Entertainment နှင့်စာချုပ်ကို နှစ်ဘက်သဘောတူညီမှုဖြင့် အဆုံးသတ်ခဲ့ပြီး လက်ရှိတွင် Free Agent အဖြစ် ရပ်တည်လျက်ရှိသည်။

ရုပ်ရှင်ရုပ်သံ

[ပြင်ဆင်ရန်]

ရုပ်သံဇာတ်လမ်းတွဲများ

[ပြင်ဆင်ရန်]
Year Title Role Network Notes
2008You Stole My HeartLee PhillipKBS2
2009My Too Perfect SonsSong Mi-poong
2009–2010HeroPark Jun-hyeongMBC
2010–2011Smile AgainCarl Laker / Dong-haeKBS1
2011Warrior Baek Dong-sooBaek Dong-sooSBS
2011–2012Bachelor's Vegetable StoreHan Tae-yangChannel A
2012Five FingersYoo In-haSBS
2013–2014Empress KiToghon Temür / Ta HwanMBC
2014–2015HealerSeo Jung-hoo / Park Bong-soo / HealerKBS2
2016The Whirlwind Girl 2Chang AnHunan TV
The K2Kim Je-hatvN
2017Suspicious PartnerNoh Ji-wookSBS
TBAMr RightWang WeianHBS

ရုပ်ရှင်

[ပြင်ဆင်ရန်]
Year Title Role Notes
2006 Days...
2008 Sleeping Beauty Jin-seo
2010 Death Bell 2: Bloody Camp Soo-il
2013 How to Use Guys with Secret Tips Hong-jun's brother Guest role
2015 The Long Way Home Nation's armed forces conscription military police
2017 Fabricated City Kwon Yoo
Two Constables

ဝဘ်ရုပ်သံ

[ပြင်ဆင်ရန်]
Year Title Role Notes
2014 ကာရာ: လျှို့ဝှက်အချစ် (Kara: Secret Love) နတ်သားနံပါတ် ၂၀၁၃, ချောန်ဆနာမ် (Angel No. 2013, Chun Sa Nam) အပိုင်း ၉-၁၀
2016 ပထမဆုံးသော အနမ်းခုနှစ်ခု (First Seven Kisses) ကိုယ်တိုင် (Himself) အပိုင်း ၃-၄
2020–2021 ချစ်ခြင်တို့နိုးထသော မြို့ပြ (Lovestruck in the City) ပတ်ဂျယ်ဝန်း (Park Jae-won)
2022 မှော်ရုံမြိုင်၏ တေးသံ (The Sound of Magic) ရီဦး (Lee Eul)
2023 အဆိုးတကာ့ အဆိုးဆုံး (The Worst of Evil) ပတ်ဂျူမို (Park Joon-mo)

စုံစိရှိုး

[ပြင်ဆင်ရန်]
Year Title Network Notes
2013 Radio Star MBC Guest, episode 322
2014 Running Man SBS Guest, episodes 211-212
2015 Happy Camp HBS Guest
2016 Taxi tvN Guest, episode 445
We Got Married MBC Guest, episode 347

တေးသရုပ်ဆောင်

[ပြင်ဆင်ရန်]
Year Song Title Artist
2007 "Are You Ready" Lena Park feat. Dynamic Duo
2009 "We Broke Up Today" Younha
2009 "Falling You" T-ara
2010 "I Have to Let You Go" Young Gun
2011 "Cry Cry" T-ara
2012 "Lovey-Dovey"
"I Need You" K.Will
2013 "That's My Fault" Speed
"It's Over"
"Runaway" Kara

ကဇာတ်ရုံ

[ပြင်ဆင်ရန်]
Year
Title Role Notes
2007 Fire and Ice
  • Composed of three short plays: Moon Story, Sandglass, That's Right!
2011 Thrill Me Richard Loeb
2013 The Days Mu-young
  • Jukebox musical featuring songs by late folk-rock singer Kim Kwang-seok.
  • Starred in the musical's first run from April to September 2013.
Jack the Ripper Daniel
Brothers Were Brave Lee Joo-bong
2014 The Days Mu-young
  • Reprised his role for the musical's second run from October 2014 to May 2015, December 2015.

တေးသံသွင်း

[ပြင်ဆင်ရန်]

အယ်လဘမ်

[ပြင်ဆင်ရန်]
  • 2016: Be With You (Japanese)

တကိုယ်တော်

[ပြင်ဆင်ရန်]
Year Title Notes
2011 "Meet Again" track from Warrior Baek Dong-soo OST
"Oh Sing Sing Men"

(with Lee Kwang-soo, Kim Young-kwang, Shin Won-ho, Sung-je, and Ji-hyuk)

tracks from Bachelor's Vegetable Store OST

Japanese release

"Your Warmth"
2012 "Fill Up" track from Five Fingers OST
2014 "To the Butterfly" track from Empress Ki OST
2015 "I Will Protect You" track from Healer OST
2016 "Kissing You" track from First Seven Kisses OST

ဆုနှင့်ဇကာတင်

[ပြင်ဆင်ရန်]
Year Award Category Nominated work Result Ref.
2011 4th Korea Drama Awards Best New Actor Smile Againဆန်ခါတင်
KBS Drama Awards Excellence Award, Actor in a Daily Dramaဆုရရှိ
SBS Drama Awards New Star Award Warrior Baek Dong-sooဆုရရှိ
2012 Excellence Award, Actor in a Weekend/Daily Drama Five Fingersဆန်ခါတင်
2013 7th The Musical Awards Best New Actor The Daysဆုရရှိ
MBC Drama Awards Excellence Award, Actor in a Special Project Drama Empress Kiဆုရရှိ [၂၈]
2014 9th Seoul International Drama Awards Outstanding Korean Actorဆန်ခါတင်
7th Korea Drama Awards Top Excellence Award, Actorဆန်ခါတင်
3rd APAN Star Awards Excellence Award, Actor in a Serial Dramaဆန်ခါတင်
KBS Drama Awards Excellence Award, Actor in a Mid-length Drama Healerဆန်ခါတင်
Popularity Award, Actorဆုရရှိ
Best Couple Award with Park Min-youngဆုရရှိ
2015 4th APAN Star Awards Excellence Award, Actor in a Miniseriesဆန်ခါတင်
Anhui TV Drama Awards Most Popular Actor (Overseas)ဆုရရှိ [၂၉]
2016 1st Asia Artist Awards Popularity Award The K2ဆန်ခါတင် [၃၀]
31st Korea's Best Dresser Swan Awards Best Dressed Actor N/Aဆုရရှိ [၃၁]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 Ji Chang-wook's profile (in Korean)။ 15 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-01-15 တွင် ပြန်စစ်ပြီး။
  2. Jin၊ Young-ju (16 September 2009)။ My Too Perfect Sons Records Viewer Ratings of 43.3 Percent KBS Global 12 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-08-31 တွင် ပြန်စစ်ပြီး။
  3. Yoon၊ Seo-hyun (28 September 2010)။ Trace the steps of your favorite drama stars TV Report
  4. Kim၊ Heidi (16 May 2011)။ Smile Again wraps up after commanding TV charts for 15 weeks 10Asia 2012-11-26 တွင် ပြန်စစ်ပြီး။
  5. Hong၊ Lucia (2 January 2012)။ Shin Ha-kyun scores top prize at 2011 KBS Drama Awards 10Asia 2012-11-26 တွင် ပြန်စစ်ပြီး။
  6. Kim၊ Hee-ju (20 June 2011)။ On the set of SBS TV series The Warrior, Baek Dong-soo 10Asia 2012-11-26 တွင် ပြန်စစ်ပြီး။
  7. Han၊ Yeo-wool (6 September 2011)။ SBS series The Warrior, Baek Dong-soo extended by 6 episodes 10Asia 2012-11-26 တွင် ပြန်စစ်ပြီး။
  8. Hong၊ Lucia (12 October 2011)။ The Warrior Baek Dong-soo bows out atop Mon-Tues lineup for 13th win 10Asia 2012-11-26 တွင် ပြန်စစ်ပြီး။
  9. Kim၊ Jessica (2 January 2012)။ Han Suk-kyu reclaims glory at SBS Drama Awards 10Asia 2012-11-26 တွင် ပြန်စစ်ပြီး။
  10. Choi၊ Eun-hwa (15 December 2011)။ Ji Chang Wook On Always Being the Good Guy enewsWorld 29 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-26 တွင် ပြန်စစ်ပြီး။
  11. Choi၊ Eun-hwa (4 July 2012)။ Five Fingers Confirms Cast with Joo Ji Hoon and T-ara's Ham Eun Jung enewsWorld 8 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-26 တွင် ပြန်စစ်ပြီး။
  12. Hong၊ Lucia (24 July 2012)။ Poster of Ju Ji-hoon, T-ara Hahm Eunjung's TV series unveiled 10Asia 2012-11-26 တွင် ပြန်စစ်ပြီး။
  13. Kwon၊ Mee-yoo (21 February 2013)။ Emptying nostalgia's vault The Korea Times 2013-04-03 တွင် ပြန်စစ်ပြီး။
  14. Ji Chang-wook Cast in Ha Ji-won's New Historic Series Naver Corporation (5 September 2013)။
  15. Chung၊ Joo-won (2 May 2014)။ Ji Chang-wook benchmarks Kim Soo-hyun, Lee Min-ho over Asia The Korea Herald 2014-05-02 တွင် ပြန်စစ်ပြီး။
  16. Baek၊ Byung-yeul (18 May 2014)။ Leaping toward stardom: Empress Ki actor outshines Ha Ji-won with breakthrough role The Korea Times 2014-05-20 တွင် ပြန်စစ်ပြီး။
  17. Ji shows off his range in ‘Healer’ (26 February 2015)။ 16 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2017 တွင် ပြန်စစ်ပြီး။
  18. Ji Chang-wook leaps to new heights through ‘Healer’ (12 February 2015)။
  19. Ji Chang Wook Sees Rise in Popularity Overseas After ′Healer′ MWave (14 March 2015)။ 14 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2017 တွင် ပြန်စစ်ပြီး။
  20. Ji Chang-wook’s popularity soars in China The Korea Herald (3 February 2015)။
  21. Ji Chang-wook to star in Chinese drama The Korea Heral (29 February 2016)။
  22. Ji Chang-wook is the new ‘Mr. Right’ The Korea Herald (26 January 2016)။
  23. Ji Chang-wook confirms lead in ‘K2’ (28 July 2016)။
  24. Rumy Doo။ "‘K2’ wraps up with top ratings"၊ The Korea Herald၊ November 13, 2016 November 14, 2016 တွင် ပြန်စစ်ပြီး
  25. "[단독이종석•이준기•지창욱•박해진 뭉쳤다…'첫키스만 여섯번째' 출연]"၊ Naver Corporation၊ 2 November 2016။
  26. Ji Chang-wook finds a fitting film : A lead role in the action hit ‘Fabricated City’ was a first for the young star (15 February 2017)။
  27. 지창욱, SBS 새 수목 '이 여자를 조심하세요' 출연 확정 (공식입장) Xports News (16 March 2017)။ 17 March 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2017 တွင် ပြန်စစ်ပြီး။
  28. '기황후' 하지원, MBC연기대상 대상..7년만에 2번째 대상(종합) (31 December 2013)။
  29. 国剧盛典拉下帷幕 胡歌范冰冰分获视帝视后_网易娱乐 (2 January 2016)။
  30. AAA Asia Artist Awards (2016-11-12)။ 7 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-12-15 တွင် ပြန်စစ်ပြီး။
  31. 지창욱부터 윤아까지 ‘베스트드레서 스완어워드’ 16人 수상자 확정(공식입장) - 손에 잡히는 뉴스 눈에 보이는 뉴스 - 뉴스엔 Newsen.com (11 December 2016)။ 2016-12-15 တွင် ပြန်စစ်ပြီး။