ဂျိုးဇက် ပရူးစ်
| ဂျိုးဇက် လူဝီ ပရူးစ်တ် | |
|---|---|
| မွေးဖွား | ဂျိုးဇက် လူဝီ ပရူးစ်တ် ၂၆ စက်တင်ဘာ၊ ၁၇၅၄ ပြင်သစ်နိုင်ငံ၊ အောန်ရှေမြို့ |
| ကွယ်လွန် | ၅ ဇူလိုင်၊ ၁၈၂၆ (အသက် ၇၁) ပြင်သစ်နိုင်ငံ၊ အောန်ရှေမြို့ |
| အလုပ်အကိုင် | ဓာတုဗေဒပညာရှင် |
ဂျိုးဇက် လူဝီ ပရူးစ်တ် (သို့) ယောဇက် လူဝီ ပရူးစ်တ် [မှတ်စု ၁] (ပြင်သစ်: Joseph Louis Proust; ၁၇၅၄ စက်တင်ဘာ ၂၆ – ၁၈၂၆ ဇူလိုင် ၅) သည် ပြင်သစ် ဓာတုဗေဒပညာရှင်ဖြစ်ပြီး ၁၇၉၄ တွင် တိကျသော အချိုးအဆများ နိယာမကို ရှာဖွေတွေ့ရှိခြင်းကြောင့် ကျော်ကြားသည်။ ထိုနိယာမက ဓာတုဒြပ်ပေါင်းများတွင် ကိန်းသေအချိုးအဆများ အစဉ်အမြဲပါဝင်ဝင်သည်ဟု ဆိုထားသည်။
ဘဝအကျဉ်း
[ပြင်ဆင်ရန်]ပရူးစ်တ်သည် ၁၇၅၄ ၌ ပြင်သစ်နိုင်ငံ၊ အောန်ရှေ (Angers) မြို့၌ ဖွားမြင်ခဲ့ကာ ဖခင်သည် ဆေးဖော်ရောင်းချသူတစ်ဦးဖြစ်၏ ။ ပရူးစ်တ်သည် ဓာတုဗေဒကို ဖခင်ဆိုင်တွင် လေ့လာခဲ့ပြီး နောင်တွင် ပဲရစ်သို့ ထွက်ခွာခဲ့ရာ Salpêtrière ဆေးရုံတွင် ဆေးဝါးဖော်စပ်သူ အကြီးအကဲဖြစ်လာခဲ့သည်။[၁] နာမည်ကျော် မိုးပျံပူဖောင်း၊ လေသင်္ဘောစီးသူ ပိလာ့တ် ဒါ ဟိုးဇီယေနှင့်အတူ ဓာတုဗေဒဘာသာရပ်ကို သင်ကြားပို့ချခဲ့သေးသည်။[၁]
စပိန်ဘုရင် ကားလို့စ် (၅) လက်ထက်တွင် စပိန်သို့သွားရောက်ခဲ့ကာ ဆလာမန်ကာ တက္ကသိုလ်တွင်လည်းကောင်း ဆစ်ဂိုးဗီးယားမြို့တွင်လည်းကောင်း ဓာတုဗေဒကို ပို့ချခဲ့သည်။ သို့သော် နပိုလီယန် စပိန်သို့ ကျူးကျော်တိုက်ခိုက်သောအခါ ပရူးစ်တ်၏ ဓာတ်ခွဲခန်းကို မီးလောင်ပြာချခဲ့ကြပြီး ၎င်းကို ပြင်သစ်သို့ အတင်းအကျပ် ပြန်စေခဲ့သည်။ ပြင်သစ်၊ အောန်ရှေမြို့၌ပင် ကွယ်လွန်ခဲ့သည်။ ပရူးစတိုက် သတ္တုဓာတ် (proustite; (Ag3AsS3) ) သည် ၎င်းကို အစွဲပြုပေးထားခြင်းဖြစ်လေသည်။
မှတ်စု
[ပြင်ဆင်ရန်]- ↑ Proust ကို ပြင်သစ်စကားဖြင့် ဖုစ်တ် ဟု နီးစပ်စွာထွက်နိုင်ကာ Joseph သည် ရှ (/ʃ/) ၏ သံပြင်း (/ʒ/) ဖြစ်၍ မြန်မာစာကားသံတွင် မရှိသောကြောင့် ဤဆောင်းပါးတွင် ပြင်သစ်အသံအနေဖြင့် ယောဇက် ဟု ဖော်ပြထားသည်။
ကိုးကား
[ပြင်ဆင်ရန်]- 1 2
Chisholm၊ Hugh, ed. (1911)။ ။ Encyclopædia Britannica။ 22 (11th ed.)။ Cambridge University Press။ Cite has empty unknown parameters: |HIDE_PARAMETER15=၊|HIDE_PARAMETER13=၊|HIDE_PARAMETER14c=၊|HIDE_PARAMETER14=၊|HIDE_PARAMETER9=၊|HIDE_PARAMETER3=၊|HIDE_PARAMETER1=၊|HIDE_PARAMETER4=၊|HIDE_PARAMETER2=၊|HIDE_PARAMETER8=၊|HIDE_PARAMETER20=၊|HIDE_PARAMETER5=၊|HIDE_PARAMETER7=၊|HIDE_PARAMETER10=၊|separator=၊|HIDE_PARAMETER14b=၊|HIDE_PARAMETER6=၊|HIDE_PARAMETER11=, နှင့်|HIDE_PARAMETER12=(အကူအညီ)