ဂျိုးဇက် ပရူးစ်

ဝီကီပီးဒီးယား မှ
ဂျိုးဇက် လူဝီ ပရူးစ်တ်
မွေးဖွားဂျိုးဇက် လူဝီ ပရူးစ်တ်
(1754-09-26)၂၆ စက်တင်ဘာ၊ ၁၇၅၄
ပြင်သစ်နိုင်ငံ၊ အောန်ရှေမြို့
ကွယ်လွန်၅ ဇူလိုင်၊ ၁၈၂၆(1826-07-05) (အသက် ၇၁)
ပြင်သစ်နိုင်ငံ၊ အောန်ရှေမြို့
အလုပ်အကိုင်ဓာတုဗေဒပညာရှင်

ဂျိုးဇက် လူဝီ ပရူးစ်တ် (သို့) ယောဇက် လူဝီ ပရူးစ်တ် [မှတ်စု ၁] (ပြင်သစ်: Joseph Louis Proust; ၁၇၅၄ စက်တင်ဘာ ၂၆ – ၁၈၂၆ ဇူလိုင် ၅) သည် ပြင်သစ် ဓာတုဗေဒပညာရှင်ဖြစ်ပြီး ၁၇၉၄ တွင် တိကျသော အချိုးအဆများ နိယာမကို ရှာဖွေတွေ့ရှိခြင်းကြောင့် ကျော်ကြားသည်။ ထိုနိယာမက ဓာတုဒြပ်ပေါင်းများတွင် ကိန်းသေအချိုးအဆများ အစဉ်အမြဲပါဝင်ဝင်သည်ဟု ဆိုထားသည်။

ဘဝအကျဉ်း[ပြင်ဆင်ရန်]

ပရူးစ်တ်သည် ၁၇၅၄ ၌ ပြင်သစ်နိုင်ငံ၊ အောန်ရှေ (Angers) မြို့၌ ဖွားမြင်ခဲ့ကာ ဖခင်သည် ဆေးဖော်ရောင်းချသူတစ်ဦးဖြစ်၏ ။ ပရူးစ်တ်သည် ဓာတုဗေဒကို ဖခင်ဆိုင်တွင် လေ့လာခဲ့ပြီး နောင်တွင် ပဲရစ်သို့ ထွက်ခွာခဲ့ရာ Salpêtrière ဆေးရုံတွင် ဆေးဝါးဖော်စပ်သူ အကြီးအကဲဖြစ်လာခဲ့သည်။[၁] နာမည်ကျော် မိုးပျံပူဖောင်း၊ လေသင်္ဘောစီးသူ ပိလာ့တ် ဒါ ဟိုးဇီယေနှင့်အတူ ဓာတုဗေဒဘာသာရပ်ကို သင်ကြားပို့ချခဲ့သေးသည်။[၁]

စပိန်ဘုရင် ကားလို့စ် (၅) လက်ထက်တွင် စပိန်သို့သွားရောက်ခဲ့ကာ ဆလာမန်ကာ တက္ကသိုလ်တွင်လည်းကောင်း ဆစ်ဂိုးဗီးယားမြို့တွင်လည်းကောင်း ဓာတုဗေဒကို ပို့ချခဲ့သည်။ သို့သော် နပိုလီယန် စပိန်သို့ ကျူးကျော်တိုက်ခိုက်သောအခါ ပရူးစ်တ်၏ ဓာတ်ခွဲခန်းကို မီးလောင်ပြာချခဲ့ကြပြီး ၎င်းကို ပြင်သစ်သို့ အတင်းအကျပ် ပြန်စေခဲ့သည်။ ပြင်သစ်၊ အောန်ရှေမြို့၌ပင် ကွယ်လွန်ခဲ့သည်။ ပရူးစတိုက် သတ္တုဓာတ် (proustite; (Ag3AsS3) ) သည် ၎င်းကို အစွဲပြုပေးထားခြင်းဖြစ်လေသည်။

မှတ်စု[ပြင်ဆင်ရန်]

  1. Proust ကို ပြင်သစ်စကားဖြင့် ဖုစ်တ် ဟု နီးစပ်စွာထွက်နိုင်ကာ Joseph သည် ရှ (/ʃ/) ၏ သံပြင်း (/ʒ/) ဖြစ်၍ မြန်မာစာကားသံတွင် မရှိသောကြောင့် ဤဆောင်းပါးတွင် ပြင်သစ်အသံအနေဖြင့် ယောဇက် ဟု ဖော်ပြထားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁  Chisholm၊ Hugh, ed. (1911)။ "Proust, Joseph Louis" Encyclopædia Britannica22 (11th ed.)။ Cambridge University Press။ Cite has empty unknown parameters: |HIDE_PARAMETER15=|HIDE_PARAMETER13=|HIDE_PARAMETER14c=|HIDE_PARAMETER14=|HIDE_PARAMETER9=|HIDE_PARAMETER3=|HIDE_PARAMETER1=|HIDE_PARAMETER4=|HIDE_PARAMETER2=|HIDE_PARAMETER8=|HIDE_PARAMETER20=|HIDE_PARAMETER5=|HIDE_PARAMETER7=|HIDE_PARAMETER10=|separator=|HIDE_PARAMETER14b=|HIDE_PARAMETER6=|HIDE_PARAMETER11=, နှင့် |HIDE_PARAMETER12= (အကူအညီ)