ဂျိမ်း စတူးဝပ် ဘလက်တန်

ဝီကီပီးဒီးယား မှ
ဂျိမ်းစ်စတူးဝပ် ဘလက်တန်
Blackton in 1912
မွေးဖွား(1875-01-05)ဇန်နဝါရီ ၅၊ ၁၈၇၅
ရှက်ဖီးမြို့၊ အင်္ဂလန်နိုင်ငံ
ကွယ်လွန်ဩဂုတ် ၁၃၊ ၁၉၄၁(1941-08-13) (အသက် ၆၆)
လော့စ်အိန်ဂျယ်လိစ်မြို့၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု

ဂျိမ်းစ်စတူးဝပ် ဘလက်တန် (အင်္ဂလိပ်: James Stuart Blackton) သည် ရုပ်သေဇာတ်ကားများကို ရုပ်ရှင်ဇာတ်ကားများအဖြစ် ပြောင်းလဲတီထွင် ခဲ့သူဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဂျိမ်းစ်စတူးဝပ် ဘလက်တန် အား ၁၈၇၅-ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်တွင် အင်္ဂလန်နိုင်ငံ၊ ယော့ခ်ရှိုင်းယားနယ် ရှက်ဖီးလ်မြို့၌ မွေးဖွားခဲ့သည်။ ဘလက်တန် (၁၀)နှစ်သား အရွယ် ၁၈၈၅-ခုနှစ်တွင် သူနှင့်သူ၏ မိသားစုသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ပြောင်းရွေ့အခြေချ နေထိုင်ခဲ့သည်။ ၁၈၉၄-ခုနှစ်တွင် ဘလက်တန်သည် အဲလ်ဘတ်အီးစမစ်သ်၊ ရော်နယ်အေရီဒါ တို့နှင့်အတူ ဖက်စပ်လုပ်ငန်း တစ်ခု တည်ထောင်ခဲ့သည်။ ဘလက်တန်သည် ယင်းအဖွဲ့တွင် ကာတွန်းဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]