ဂျိမ်းစ် ဘတ်ချ်အယ်လာ ဆမ်းနာ
James B. Sumner | |
---|---|
မွေးဖွား | ကန်တွန် မက်ဆက်ချူးဆက် အမေရိကန်။ | နိုဝင်ဘာ ၁၉၊ ၁၈၈၇
ဆုံးပါး | ဩဂုတ် ၁၂၊ ၁၉၅၅ ဘာဖေလို နယူးယောက် အမေရိကန်။ | (အသက် ၆၇)
နိုင်ငံလူမျိုး | အမေရိကန်ပြည်ထောင်စု |
နယ်ပယ် | ဓာတုဗေဒ |
အဖွဲ့အစည်းဌာန | ကော်နယ် တက္ကသိုလ် |
မိခင်ကျောင်း | ဟားဘတ် တက္ကသိုလ် |
ပါရဂူဘွဲ့ ကြီးကြပ်သူ | Otto Folin |
ပါရဂူဘွဲ့ယူ တပည့်များ | Alexander Dounce[၁] |
ကျော်ကြားမှုအရင်းခံ | First to isolate an enzyme in crystallized form First to show that an enzyme is a protein |
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ | ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု (၁၉၄၆) |
အမေရိကန်နိုင်ငံသား ဓာတုဗေဒပညာရှင် ဂျိမ်းစ် ဘတ်ခ်ျအယ်လာ ဆမ်းနားကို နိုဝင်ဘာလ ၁၉ ရက်တွင်အမေရိကန်နိုင်ငံ မက်ဆာချူးနယ်မြေ၊ ကန်တုန်မြို့တွင် မွေးဖွားခဲ့သည်။ ဘိုးဘွားများမှာ အင်္ဂလန်မှလာရောက်နေထိုင်သူများဖြစ်တယ်။ အသက် ၁၇ အရွယ်တွင်အမဲလိုက်စဉ် ဘယ်ဘက်လက်မောင်းကို ကျည်မတော်တဆထိမှန်ခဲ့၍ ဖြတ်တောက်ကုသခဲ့ရသည်။ သူသည်လက်တစ်ဖက်မရှိသော်လည်း အားကစားတွင်အလွန်ထူးခွန်သူဖြစ်သည်။
သူသည် ဟားဗတ် တက္ကသိုလ်သို့တက်ရောက်ခဲ့ပြီး ၁၉၁၀ ခုနှစ်တွင် ဓာတုဗေဒအထူးပြု ဘာသာရပ် ဖြင့် ဘွဲ့ရခဲ့သည်။ ၁၉၁၂ ခုနှစ်တွင် ဟားဗတ်ဆေးတက္ကသိုလ်၌ ဓာတုဗေဒပညာရပ်ကိုထပ်မံလေ့လာပြီး ပါရဂူဘွဲ့ကိုရရှိခဲ့သည်။ ဥရောပနိုင်ငံများသို့လှည့်လည်ခရီးထွက်ရာ ပထမကမ္ဘာစစ်ဖြစ်ပွား၍ ဆွစ်ဇာလန်နိုင်ငံတွင်ခိုအောင်းနေခဲ့သည်။ နယူးယောက် ကွန်းနဲလ်ဆေးကျောင်းမှ ကြေးနန်းရိုက်ယူကာ ဇီဝဓာတုဗေဓပါမောက္ခအဖြစ် ခန့်အပ်ခဲ့ရာ ၁၉၂၉ ခုနှစ်တိုင်အထိဖြစ်သည်။
ဆမ်းနားသည် အင်ဇိုင်းတစ်ခုကိုခွဲစိတ်အသွင်ပြောင်းရန် ကြိုးစားခဲ့ရာနှစ်ပေါ်င်းများစွာကြာသည့်တိုင်အောင် မအောင်မြင်ခဲ့ပါ။ အခြားဆေးပညာရှင်များ၏ သရော်လှောင်ပြောင်မှုကိုခံခဲ့ရသည်။ သို့ရာတွင် ၁၉၂၆ ခုနှစ်နှစ်၌ အင်ဇိုင်းကိုသီးခြားခွဲထုတ်ကာ အသွင်ပြောင်းခရစ်စတယ် ကိုဖွဲ့နိုင်ခဲ့သည်။ သူသည် ၁၉၅၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင်ကွယ်လွန်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Harris, Ruth R. & Nirenberg, Marshall W. (1995)။ The Harris Interviews (PDF, 0.2 MB)။ history.nih.gov။ National Institutes of Health။ 17 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-07-23 တွင် ပြန်စစ်ပြီး။