ဂျိန်း အော်စတင်

ဝီကီပီးဒီးယား မှ
Jane Austen
အစ်မဖြစ်သူ ကပ်ဆန်ဒရာ ရေးဆွဲသော ဂျိန်း အော်စတင်၏ ပုံ
မွေးဖွား(1775-12-16)၁၆ ဒီဇင်ဘာ၊ ၁၇၇၅
Steventon Rectory, Hampshire, England
ကွယ်လွန်၁၈ ဇူလိုင်၊ ၁၈၁၇(1817-07-18) (အသက် ၄၁)
Winchester, Hampshire, England
ထာဝရ အိပ်စက်ရာWinchester Cathedral, Hampshire, England
ကာလ၁၇၈၇ မှ ၁၈၀၉–၁၁
စာပေအမျိုးအစားRomance

လက်မှတ်

ဂျိန်းအော်စတင် (အင်္ဂလိပ်: Jane Austen; /ˈn ˈɒstɪn/; ၁၆ ဒီဇင်ဘာ ၁၇၇၅ – ၁၈ ဇူလိုင် ၁၈၁၇) သည် လူ့လောကအကြောင်းအရာကို နှစ်သက်ဖွယ်ဖြစ်အောင် ရေးတတ်သော အင်္ဂလိပ်အမျိုးသမီး စာရေးဆရာဖြစ်သည်။ ဂျိန်းအော်စတင်သည် မိမိခေတ်အခါက လူလတ်တန်းစားတို့တွင် တွေ့ရှိရသော အတွေးအခေါ်၊ စိတ်နေစိတ်ထား၊ နေထိုင်ပုံအစရှိ သည်တို့ကို စေ့စေ့စပ်စပ် လေ့လာ၍ ဝတ္ထုရေးခဲ့လေသည်။ ထို အချိန်အခါတွင် ပြင်သစ်နိုင်ငံ၌တော်လှန်ရေးကြောင့် တိုင်းပြည် လှုပ်ရှားလျက်ရှိ၏။ ဥရောပတိုက်၌ နပိုလီယန်၏ စစ်ပွဲများ ကြောင့် နိုင်ငံအသီးသီးတို့သည်လည်း တုန်လှုပ်ချောက်ချား လျက်ရှိ၏။ သို့ရာတွင် ဂျိန်းအော်စတင်သည် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေခဲ့သော ထိုနိုင်ငံရေး အဖြစ်အပျက်ကြီးများကို ဂရုမစိုက်ဘဲ၊ မိမိ၏ပတ်ဝန်းကျင်၌ ဖြစ်ပျက်လျက်ရှိသော လူ့ လောကအကြောင်းကိုသာ ဂရုစိုက်လေ့လာခဲ့လေသည်။ ထို့ ကြောင့် ဂျိန်းအော်စတင်ရေးသော ဝတ္ထုများတွင် စိတ်လှုပ်ရှား ဖွယ် အကြောင်းအရာဟူ၍ မပါရှိသော်လည်း လူတို့၏စရိုက်ကို ပွင့်လင်းပြတ်သားစွာ ဖော်ပြပါရှိလေသည်။

ဂျိန်းအော်စတင်သည် အင်္ဂလန်နိုင်ငံ ဟမ္ပရှိုင်ယာခရိုင်၊ စတီဗင်တန်မြို့တွင် ၁၇၇၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့၌ ဖွားမြင်သည်။ ဖခင် ဂျော့အော်စတင်သည် အင်္ဂလိကန်ဂိုဏ်း သင်းအုပ်ဆရာဖြစ်၍ သားသမီးခုနစ်ယောက်ရှိရာ ဂျိန်း အော်စတင်သည် အငယ်ဆုံးဖြစ်သည်။ ဂီတပညာ၊ အကပညာ နှင့် စာပေတို့ကို အိမ်မှာပင်သင်ကြားခဲ့ရသည်။ အသက် ၂ဝ ကျော် အရွယ်ကစ၍ ဝတ္ထုများကိုရေးခဲ့သည်။ အသက် ၂၄ နှစ် မတိုင်မီက ပရိုက်အင် ပရက်ဂျဒစ်(ဂုဏ်နှင့်မာန) (၁၇၉၇) နှင့် ဆင့်အင် ဆင် ဆိဗိလီတီ (၁၇၉၈) ဝတ္ထုနှစ်ပုဒ်ကို ရေးခဲ့သည်။ ပရိုက်အင် ပရက်ဂျဒစ်ဝတ္ထုမှာ ဂျိန်းအော်စတင်၏ ဝတ္ထုများတွင် အထင်ရှားဆုံးဝတ္ထုဖြစ်၍၊ ၁၈၁၃ ခုနှစ်၌ ပုံနှိပ် ထုတ်ဝေခဲ့လေသည်။

ဆင့် အင်ဆင်ဆိဗိလီတီ ဝတ္ထုကို ၁၈၁၁ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုဝတ္ထုနှစ်ပုဒ်အပြင် အခြားထင်ရှားသော ဝတ္ထုများမှာ နော့သင်းဂျား အက်ဗီမန်းစဖီးပတ်အမ္မာ နှင့် ပါဆူ ယေးရှင်း တို့ဖြစ်လေသည်။ ဂျိန်းအော်စတင် အသက်ရှင်လျက်ရှိစဉ်က သူရေးသော စာအုပ်များတွင် သူ့အမည်ကိုပြုစုရေးသားသူအဖြစ် ထုတ်ဖော် ပုံနှိပ်ခြင်း မပြုခဲ့ချေ။ ဂျိန်းအော်စတင်သည် အိမ်ထောင်မပြုဘဲ မိမိ၏ မိသားစုနှင့်အတူ အင်္ဂလန်တောင်ပိုင်းတွင် တစ်သက်လုံး နေထိုင်ခဲ့လေသည်။ ၁၈၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ အသက် ၄၂ နှစ် အရွယ်တွင် ဝင်ချက်စတာမြို၌ ကွယ်လွန်၍ ထိုမြို့ရှိ ကသီဒရယ် ဘုရားရှိခိုးကျောင်းတွင် သင်္ဂြိုဟ်ခဲ့ကြလေ သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)