ဂျပန် အမျိုးသားအားကစားကွင်း

ဝီကီပီးဒီးယား မှ
ဂျပန် အမျိုးသားအားကစားကွင်း
Japan National Stadium
国立競技場
၂၀၂၀ပြည့်နှစ်ကတွေ့ရစဉ်
တည်နေရာတိုကျိုမြို့ဂျပန်နိုင်ငံ
ပိုင်ဆိုင်သူဂျပန်အားကစားကောင်စီ
ဝင်ဆံ့ပမာဏ၆၈၀၀၀ (၈၀၀၀၀ - ယာယီ)
ကွင်းအရွယ်107 × 71 m
မျက်နှာပြင်မြက်
တည်ဆောက်ခြင်း
ပန္နက်ရိုက်၁၁ ဒီဇင်ဘာ ၂၀၁၆; ၇ နှစ် အကြာက (၂၀၁၆-၁၂-11)
တည်ဆောက်ဒီဇင်ဘာ ၂၀၁၆ - ၃၀ နိုဝင်ဘာ ၂၀၁၉
ဖွင့်လှစ်၂၁ ဒီဇင်ဘာ ၂၀၁၉; ၄ နှစ် အကြာက (၂၀၁၉-၁၂-21)
ကုန်ကျငွေUS$1.4 billion (¥157 billion)
ဗိသုကာKengo Kuma
ငှားရမ်းသူ
ဂျပန် အမျိုးသား ဘောလုံးအသင်း (၂၀၂၀ - လက်ရှိ)
ဂျပန်အမျိုးသား ရက်ဘီအသင်း(၂၀၂၀ - လက်ရှိ)

ဂျပန်အမျိုးသားအားကစားကွင်း (အင်္ဂလိပ်: Japan National Stadium)သည် ဂျပန်နိုင်ငံတိုကျိုမြို့ရှိ အမျိုးသားအားကစားကွင်းဖြစ်သည်။ ယခင်က အမျိုးသားအားကစားကွင်းအသစ်ဟု လူသိများသည်။၂၀၂၀ နွေရာသီအိုလံပစ်ပြိုင်ပွဲနှင့် နွေရာသီပါရာလမ်းပစ်ပြိုင်ပွဲတို့အတွက် အဓိက အားကစားကွင်းဖြစ်သည်။၁၉၆၄တိုကျိုအိုလံပစ်ကို လက်ခံကျင်းပခဲ့သည့် တိုကျိုအမျိုးသားအားကစားကွင်းကို ဖျက်သိမ်းခဲ့ကာ ယခုအားကစားကွင်းကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။၂၀၁၆ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၂၀၁၉ခုနှစ်ကုန်ပိုင်းတွင် ပြီးစီးခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

တိုကျိုအနေဖြင့် ၂၀၂၀အိုလံပစ်ကို လက်ခံကျင်းပခွင့် ရရှိပြီးနောက် ယခင်အမျိုးသားအားကစားကွင်းကို အဆင့်မြှင့်တင်ခြင်း (သို့မဟုတ်) ပြန်လည်တည်ဆောက်ခြင်း ပြုလုပ်ရန် ဆွေးနွေးခဲ့ကြသည်။၂၀၁၂ခုနှစ် ဖေဖော်ဝါရီလတွင် အားကစားကွင်းအဟောင်းကို ဖျက်သိမ်း၍ အသစ်ပြန်လည်တည်ဆောက်ရန် အတည်ပြုခဲ့သည်။ ဗိသုကာပညာရှင် Zaha Hadidမှ ဒီဇိုင်းရေးဆွဲခဲ့ကာ ကွင်းအဟောင်းကို ၂၀၁၅ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ အားကစားကွင်းအသစ်ကို ၂၀၂၀ တိုကျိုအိုလံပစ်မစမီ ၁နှစ်ခန့်အလို ၂၀၁၉ခုနှစ် မတ်လတွင် ပြီးစီးရန် လျာထားခဲ့ကြသည်။[၁]သို့သော် ၂၀၁၅ခုနှစ် မေလတွင် ဘဏ္ဍာရေး အခြေအနေအရ ကွင်း၏ဒီဇိုင်းပိုင်းကို ပြောင်းလဲခဲ့ရသည်။ မူလဒီဇိုင်းတွင်ပါဝင်သော ဖွင့်နိုင်ပိတ်နိုင်သည့် အမိုးအရှင်ကို ပယ်ဖျက်ခြင်း၊ တချို့သော ထိုင်ခုံများကို ယာယီထိုင်ခုံအနေဖြင့် အစားထိုးခြင်း စသည်ဖြင့် ပြင်ဆင်ခဲ့ကြသည်။ ထို့အပြင် ​မြေနေရာ ၇၁ဧကကို ၅၂ဧကအထိ လျှော့ချခဲ့သည်။၂၀၁၅ခုနှစ် ဒီဇင်ဘာလတွင် Kuma and the Taisei Corporationကို ဒီဇိုင်းပိုင်းနှင့် ဆောက်လုပ်ရေးပိုင်းအတွက် ပြောင်းလဲဆောက်လုပ်စေခဲ့သည်။

၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောက်လုပ်ခဲ့ကြပြီး ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် နောက်ဆုံးထား ဆောက်လုပ်ရမည်ဖြစ်သည်။၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် ပြီးစီးခဲ့ကာ[၂] ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]