ဂျင်မီ ဝိုက်
၂၀၁၆ ပေါလ်ဟန်တာ ကလပ်စစ်ပွဲ၌ တွေ့ရစဉ် | |
မွေးဖွား | Tooting, England | ၂ မေ၊ ၁၉၆၂
---|---|
ကိုယ်စားပြု နိုင်ငံ | အင်္ဂလန် |
အမည်ပြောင် | The Whirlwind[၁] |
သက်မွေးဝမ်းကျောင်း (အဆင့်မြင့်) | 1980– |
အမြင့်ဆုံး အဆင့် | အဆင့် (၂) (၁၉၈၇/၈၈–၁၉၈၈/၈၉) |
ကစားသမားဘဝ အောင်မြင်မှုများ | £ 4,730,928 |
အမြင့်ဆုံး တစ်ချီတည်းအမှတ်ယူနိုင်မှု | ၁၄၇ ၁၉၉၂ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ |
အမှတ် (၁၀၀) (သို့) အထက် | ၃၁၉ |
Tournament wins | |
အဆင့်သတ်မှတ်ပွဲစဉ် နိုင်ပွဲ | ၁၀ |
အဆင့်မသတ်မှတ်ပွဲစဉ် နိုင်ပွဲ | ၂၃ |
ဂျိမ်းစ် ဝေါရန် ဝိုက် (အင်္ဂလိပ်: James Warren White) သည် အင်္ဂလိပ်လူမျိုး အဆင့်မြင့် စနူကာကစားသမားဖြစ်သည်။ ယခု၌ ဖိတ်ခေါ်ပြိုင်ပွဲစဉ်ကဒ်ဖြင့် ယှဉ်ပြိုင်လျက် ရှိသည်။ နာမည်ပြောင် 'လေပွေ' (The Whirlwind) ကို ၎င်း၏ ညက်ညောသော၊ အတိုက်ပုံစံ ကစားမှုမှတစ်ဆင့်ရရှိခဲပြီး ပြည်သူ့အချစ်တော် (People's Champion) ဟူ၍လည်း ရည်ညွှန်းကြသည်။ ပြိုင်ပွဲများစွာတွင် ချန်ပီယံဖြစ်ခဲ့သည်။
'သုံးထပ်ကွမ်းသရဖူ'မှ အဓိက နှစ်ဆုဖြစ်သော မာစတာနှင့် ယူကေချန်ပီယံကို ရယူနိုင်ခဲ့သည်။ အဆင့်သတ်မှတ်ပွဲစဉ်များမှ ပြိုင်ပွဲဆယ်ခုတွင် အနိုင်ရရှိခဲ့သည်။ သမိုင်းတလျှောက် အဆင့်သတ်မှတ်ပြိုင်ပွဲ အနိုင်ရသူများစာရင်းတွင် (၁၀) ဦးမြောက်ဖြစ်သည်။ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ဗိုလ်လုပွဲသို့ ခြောက်ကြိမ်တိုင်တိုင် တက်ရောက်ခဲ့ပြီး ဆုရယူနိုင်ခဲ့ခြင်းမရှိပေ။ နောက်ဆုံး ဗိုလ်လုပွဲတက်သည့် ၁၉၉၄ တွင် စတီးဗန် ဟန်ဒရီ ကိုရှုံးနိမ့်ခဲ့၏။ အဆင့်မြင့်စနူကာသမား (၁၆)ဦးစာရင်းတွင် (၂၁)နှစ်ကြာ ရပ်တည်နိုင်ခဲ့၍ အင်္ဂလန်အသင်းနှင့်အတူ အမျိုးသားဖလား (Nations Cup)၊ ကမ္ဘာ့ဖလား (World Cup) များရရှိခဲ့သည်။ အဆင့်မြင့်ပြိုင်ပွဲများတွင် 'တစ်ချီတည်းအမှတ်ရာချီထိုးနိုင်မှု' အကြိမ်(၃၀၀) ရရှိခဲ့၏။ ပထမဆုံး ဘယ်လက်သုံးကစားသူတစ်ဦးဖြစ်ကာ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် အမှတ်အများဆုံး(၁၄၇) ထိုးခြင်းကို ဒုတိယမြောက် မှတ်တမ်းတင်ခံရသူဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Jimmy White။ WPBSA (2015)။
ဤ အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |